Cobra Column

လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။ KNLA-ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြဝတီမြို့၊ မေတ္တာလင်းမြိုင်နှင့် လက်ခတ်တောင်အကြားတွင် လက်ခတ်တောင်စခန်းကုန်းအား စစ်ကောင်စီတပ်မှ ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ KNLA−ပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ် တပ်စွဲထားသည့် လက်ခတ်တောင် စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အကျအဆုံးများပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထွက်ပြေးခဲ့သည့်အတွက် အရေးယူခံနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ လပ်ခတ်တောက် စခန်းကုန် ပြန်လည်ရရှိရေးအတွက် တပ်မ(၄၄) မှူးမှ တိုက်ရိုက် ညွန်ကြားပြီး ခမရ(၂) နှင့် ခမရ(၁၁၈) စုပေါင်းထုတ်နုတ်အင်အား (၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်နေကြောင်း KNLA− ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောထံမှ…
Read More