Tag: ဗျိုင်းဖြူကျေးရွာ

  • စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အရပ်သားများကို စစ်ကောင်စီတပ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

    စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အရပ်သားများကို စစ်ကောင်စီတပ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

    RNA_ဇွန်(၃)၊၂၀၂၄ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ အရပ်သားများကို စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးပြီီး (၅၀) ကျော် သတ်ဖြတ်ခဲ့သည့်အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ပြင်းထန်စွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
     
    စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစ အဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်များနှင့် အခြားသောတပ်ရင်းမှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များအပါအဝင် အင်အား (၁၇၀) ကျော်စစ်ကြောင်းက ၂၀၂၄ ခုနှစ် မေလ (၂၉) ရက်နေ့တွင် ဗျိုင်းဖြူကျေးရွာအား ပိတ်ဆို့ပြီး ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား အမျိုးသမီး တစ်ယောက်မကျန် တစ်ရွာလုံးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ချည်နှောင်ကာ နေပူလှန်းခြင်း၊ အစာရေစာမပေါ်ဘဲ ထားခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ ပြုလုပ်ကာ အမျိုးသမီးတချို့အား မုဒိမ်ကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း တို့ကို ပြုလုပ်ခဲ့သည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က ဇွန်လ (၂) ရက်နေ့တွင်် ထုတ်ပြန်ထားသည်။

    (more…)