Tag: ALP

  • စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

    စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

    RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။

    အာရက္ခတပ်တော် – AA သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီက စက်တင်ဘာလ (၉) ရက်နေ့ ည (၉) နာရီ (၃၀) မိနစ်ခန့်က လေကြောင်းမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ၂ ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် အာရက္ခတပ်တော်မှ ခေတ္တဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံးပန်းများထဲမှ (၅၀) ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

    သေဆုံးခဲ့သည့် စစ်သုံးပန်းများမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသူများ၊ ARSA ၊ RSO မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ သတင်းပေးများ၊ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင် (၅၀) ကျော် သေဆုံးကာ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူများလည်းရှိကြောင်း AA ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အရပ်သားများကို စစ်ကောင်စီတပ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

    စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အရပ်သားများကို စစ်ကောင်စီတပ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

    RNA_ဇွန်(၃)၊၂၀၂၄ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ အရပ်သားများကို စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးပြီီး (၅၀) ကျော် သတ်ဖြတ်ခဲ့သည့်အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ပြင်းထန်စွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
     
    စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစ အဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်များနှင့် အခြားသောတပ်ရင်းမှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များအပါအဝင် အင်အား (၁၇၀) ကျော်စစ်ကြောင်းက ၂၀၂၄ ခုနှစ် မေလ (၂၉) ရက်နေ့တွင် ဗျိုင်းဖြူကျေးရွာအား ပိတ်ဆို့ပြီး ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား အမျိုးသမီး တစ်ယောက်မကျန် တစ်ရွာလုံးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ချည်နှောင်ကာ နေပူလှန်းခြင်း၊ အစာရေစာမပေါ်ဘဲ ထားခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ ပြုလုပ်ကာ အမျိုးသမီးတချို့အား မုဒိမ်ကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း တို့ကို ပြုလုပ်ခဲ့သည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က ဇွန်လ (၂) ရက်နေ့တွင်် ထုတ်ပြန်ထားသည်။

    (more…)

  • ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းပေမဲ့ ရောင်းမကောင်းတဲ့ စစ်တပ်

    ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းပေမဲ့ ရောင်းမကောင်းတဲ့ စစ်တပ်

    “NMSP ကကော ဘာလို့ NCA နဲ့ ပတ်သက်လို့ ဘာအသံမှ ထွက်မလာတာလည်း ဆိုတာက တော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့ကိစ္စ ဖြစ်နေပါကော။ NMSP ဘက်ကနေကော နယ်မြေလှုပ်ရှားမှုခြင်းဆက်စပ်နေတဲ့ KNU လိုမျိုး NCA ပျက်ပြယ်ပြီဆိုတဲ့ သဘောမျိုး ရှိနေတာလား”

    လှဆောင်

    NCA စထိုးကတည်းက မင်းအောင်လှိုင်နဲ့ တန်းတူရည်တူဆက်ဆံခံခဲ့ရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေခင်မျာ အခုတော့ ချောင်လေးတွေမှာကုပ်လို့။

    မင်းအောင်လှိုင်ဆိုတာ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ခန်းမစင်မြင့်နဲ့အနီးဆုံးမှာ နေရာယူပြီး တစ်ယောက်ထဲ ဆန့်ဆန့်ကြီးနဲ့ ထိုင်လို့။ ဒါနဲ့များ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကိုသွားမယ်တဲ့၊ တန်းတူရည်တူရှိတဲ့ နိုင်ငံကြီးကို တည်ဆောက်မယ်တဲ့ ပြောမှပြောထွက်တဲ့ ပါးစပ် ရွှေကိုချထားရဦးမယ်။

    သူ့နောက်မှာတော့ မင်းအောင်လှိုင်ဆီက ဘာတွေမျှော်လင့်နေလဲမသိတဲ့ NCA လက်မှတ်ရေးထိုးခဲ့တဲ့သူတွေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေထိုင်လို့။ ပြီးတော့ မင်းအောင်လှိုင်လုပ်တဲ့ တစ်ကွက်ရှိသေးတယ်။ သူ့ကိုများ NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေက လာရောက်ဂါဝရပြု တွေ့ဆုံတာတဲ့။ သူ့ပါးစပ်ဆိုင်းနဲ့ သူတော့ ဟုတ်နေတာပဲ။ NCA ၈ နှစ်ပြည့်ပွဲ သွားတက်တဲ့ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တွေကလည်း အဲဒါကိုတောင် မနာကြဘူးထင်ပါရဲ့။

    နှစ်ပတ်လည်ပွဲမှာ မင်းအောင်လှိုင်ပြောသွားတာတွေကလည်း အနှစ်သာရမရှိ ပေါ့ပျက်ပျက်နဲ့ လက်တွေနဲ့ အပြောက မိုးနဲ့မြေလို ကင်းကွာ၊ NCA မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း လက်မှတ်လာထိုးကြပါ။ ထိုးပြီးတဲ့အဖွဲ့တွေကလည်း စာချုပ်တွေက လိုက်နာကြပါတဲ့။ သူခိုးက လူပြန်ဟစ်ရတယ်ရှိသေး။ မလိုက်နာတာ ဘယ်သူလဲဆိုတာ တစ်နိုင်လုံးအသိ၊ တစ်ကမ္ဘာလုံးအသိ။ သူ့စကားနဲ့သူပြောရရင် ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ဥပမာလိုကိုဖြစ်လို့။

    (more…)

  • စစ်ဦးစီးချုပ်ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် (၃) ဦးကို AA လုပ်ကြံသတ်ဖြတ်ဟု ALP ထုတ်ပြန်

    စစ်ဦးစီးချုပ်ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် (၃) ဦးကို AA လုပ်ကြံသတ်ဖြတ်ဟု ALP ထုတ်ပြန်

    RNA_ဇန်နဝါရီ (၅)၊၂၀၂၃ ခုနှစ်။
     
    ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် – Arakan Liberation Army ( ALP) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)မှ အကြမ်းဖက် လုပ်ကြံခဲ့သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ က ယနေ့ ထုတ်ပြန်ထားသည်။
     
    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဇန်နဝါရီလ (၄) ရက်နေ့က ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ ကားဖြင့်သွားလာနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြင့် ကွယ်လွန်သွားခဲ့သည်။

    (more…)

  • ဒေါ်စောမြရာဇာလင်းက မိမိကိုယ်ကိုယ်ဒုတိယဥက္ကဋ္ဌဟုဆိုကာ စစ်ကောင်စီ၏ အခမ်းအနားနှင့် ဆွေးနွေးပွဲတွင်ဝင်ထိုင်ခြင်းဖြစ်သည်ဟု ALP ထုတ်ပြန် 

    ဒေါ်စောမြရာဇာလင်းက မိမိကိုယ်ကိုယ်ဒုတိယဥက္ကဋ္ဌဟုဆိုကာ စစ်ကောင်စီ၏ အခမ်းအနားနှင့် ဆွေးနွေးပွဲတွင်ဝင်ထိုင်ခြင်းဖြစ်သည်ဟု ALP ထုတ်ပြန် 

    RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထာဝရငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ဒုတိယဥက္ကဋ္ဌ(၃)ဟောင်း စောမြရာဇာလင်းသည် ကိုယ်စားလှယ်များဟုအမည်တပ်ပြီး သူ၏ဝန်ထမ်းနှစ်ဦးနှင့်အတူ အခမ်းအနားတက်ခြင်း၊ ဆွေးနွေးပွဲတွင်ဝင်ထိုင်ခြင်း၊ မိမိကိုယ်ကိုယ် ဒုတိယဥက္ကဋ္ဌဟု မီဒီယာများတွင် လိမ်လည်ဖော်ပြခိုင်းခြင်းများသည် ပါတီနှင့် သက်ဆိုင်မှုလုံးဝမရှိကြောင်းနှင့် ပါတီအပေါ် မည်သည့်ကိုယ်စားပြုမှုမျှ မရှိပါကြောင်း သိစေအပ်ပါသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    ဒေါ်စောမြရာဇာလင်း သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီက ကျင်းပသည့် (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်း အနားသို့ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်ကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ( NSPNC) တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း များတွေ့ဆုံပွဲကိုလည်း တက်ရောက်ခဲ့သည်။ (more…)