စစ်အာဏာရှင် တော်လှန်ရေး

စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

RNA_ဧပြီ(၂)၊၂၀၂၄ခုနှစ်။  အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်တွင်း ရောက်လာသူများအနေဖြင့် ရဲဘော်ဖြစ်လာသည့်အတွက် တိုက်ပွဲဝင်ရတော့မည်ဖြစ်ပြီး အာဏာရှင်စနစ်ကို မနိုင်မချင်းတိုက်ခိုက်ကြမည်ဟု Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ရဲဘော်များကို အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောကြားထားသည်။  စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်မှုမထမ်းလိုသည့် လူငယ်တချို့သည် နီးစပ်ရာ PDF တပ်ဖွဲ့များကို ဆက်သွယ်ကာ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ကြရန် လုပ်ဆောင်နေကြပြီး၊ Myingyan Black Tiger (MBT) တပ်ဖွဲ့ ရောက်ရှိလာသည့် လူငယ်များပါဝင်သည့် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၉) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းပွဲအခမ်းအနားအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်ဟု မတ်လ ၂၉ ရက်နေ့က ကြေညာထားသည်။ #RedNewsAgency
Read More
အရှိန်ပြင်းပြင်း စစ်ဆင်ရေးများနဲ့ နွေဦးတော်လှန်ရေး

အရှိန်ပြင်းပြင်း စစ်ဆင်ရေးများနဲ့ နွေဦးတော်လှန်ရေး

"ကနောင်စစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ ဒုတိယမြို့တော် လို့ သတ်မှတ်ထားတဲ့ မန္တလေးမြို့ကို ပထမဦးဆုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်။ ၂ နှစ်ကျော်ကာလအတွင်းမှာပင် ယခုလို စစ်ကောင်စီ ရဲ့အားကောင်းလှတဲ့ မြို့တော်ကြီးတခုကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တာကိုကြည့်ရင် နွေဦးတော်လှန်ရေးဟာ ဘယ်လောက်အားကောင်းနေလဲဆိုတာ" ချမ်းမင်း တော်လှန်ရေးကာလ ၃ နှစ်နီးပါးရှိလာတောမဲ့ ဒီကနေ့ နွေဦးတော်လှန်ရေးဟာ အခြေအနေ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံအနှံ့က ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အင်အားအရေအတွက်၊ စွမ်းဆောင်ရည်ပြည့်ဝတဲ့ လက်နက်အမျိုးအစား ပိုင်ဆိုင်လာမှုရာခိုင်နှုန်းတွေနဲ့ နယ်မြေစိုးမိုးလာနိုင်မှုတွေဟာအရင်နှစ်ပိုင်းတွေကထက် သိသိသာသာ တိုးတက်လာနေတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ဒီကနေ့အထိ တော်လှန်ရေးဘက်တော်သားတွေနဲ့အတူ ရှိနေသေးတာ အားလုံးအသိဖြစ်ပါတယ်။ ပြည်သူ့ထောက်ခံမှုကြောင့်သာ ဒီကနေ့ ဒီအချိန်ထိ တော်လှန်ရေးက တောင့်ခံနေတာဖြစ်ပါတယ်။ တော်လှန်ရေးကာလအစောပိုင်းက…
Read More
ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ 

ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ 

"စနစ်တကျစုဖွဲ့မှုအားကောင်းတဲ့ လက်နက်ကိုင်စစ်တပ်ဆိုတာ စာအုပ်ထဲမှာသာရှိပြီးတော့ တကယ့်ပြည်သူရဲ့ အငြိုးကို ခံနိုင်စွမ်းမရှိခဲ့ပါဘူး။ တူမီးကစလို့ လက်လုပ်ပစ္စည်းတွေနဲ့ စတင်တော်လှန်ချိန်ကတည်း အလဲလဲအကွဲကွဲနဲ့ ခံနေရတဲ့ စစ်တပ်ဟာ နည်းပညာတိုးတက်လာတဲ့ အချိန် ဝေဟင်က Drop Bomb တွေရဲ့ ရန်ဟာ အဓိကရင်ဆိုင်ရမယ့် ပြဿနာဖြစ်လာပါတယ်" ကိုတင်ဖေ အမျိုးသားညီညွတ်ရေးအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှေနေလှေအောင်း မြင်းဇောင်းမကျန် ခုခံတော်လှန်ကြဖို့ ခုခံစစ်အဖြစ် ကြေညာခဲ့တာဟ၂၀၂၃ခု နှစ် စက်တင်ဘာလ ၇ ရက် ဒီကနေ့ဟာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ စစ်ရေးဖော်ဆောင်မှု အသွင်ကူးပြောင်းပုံအဆင့်ဆင့်ကို မြင်တွေ့ခဲ့ရပါတယ်။ အကြမ်းမဖက် ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို လမ်းမအလယ်မှာပဲ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဦးနှောက်တွေပွင့်ထွက်နေတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ရုပ်အလောင်းတွေဟာ…
Read More
စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။ (more…)
Read More
တော်လှန်ရေးအင်အားစုများ စည်းလုံးမှုအားနည်းလာပြီး နယ်မြေခွဲခြားမှုများရှိလာပြီဟု ဗိုလ်မိုက်ခဲပြော

တော်လှန်ရေးအင်အားစုများ စည်းလုံးမှုအားနည်းလာပြီး နယ်မြေခွဲခြားမှုများရှိလာပြီဟု ဗိုလ်မိုက်ခဲပြော

RNA_ဩဂုတ်(၂၇)၊၂၀၂၃ ခုနှစ်။   ဘုံရန်သူကို မနိုင်သေးခင် စည်းလုံးမှုပျက်လို့မဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို ခုခံစစ်စတင်စဉ် တူမီးကာလပျော်စရာကောင်းခဲ့ပေမဲ့ ယခုအချိန်တွင် စည်းလုံးမှုပိုင်းဆိုင်ရာ အားနည်းလာပြီး သူ့နယ်မြေ ငါ့နယ်မြေ ခွဲခြားလာမှုများ ရှိနေသည့်အတွက် ပူးပေါင်းပြီးလုပ်ဆောင်ကြရန် Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ မြင်းခြံမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်အနေဖြင့် ပွင့်လင်းရာသီရောက်လာပါက အင်အားသုံးဖြိုခွင်းမည့် သတင်းများထွက်ပေါ်နေသည့်အတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ကြရန်အတွက် မဟာမိတ်အင်အားစုဖွဲ့စည်းရန် လုပ်ဆောင်နေသည်ဟု စသဖြင့် ဒေသတွင်း အခြေအနေများကို ပြောကြားထားသည်။   #RedNewsAgency
Read More
တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံများနှင့် ဩဂုတ်လ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသည့် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၁)တပ်ရင်း - ကျောက်လုံးကြီး တပ်မဟာ) မှ တပ်ခွဲမှူးနိုင်ဝင်းဈာပန ယနေ့ ပြုလုပ်ခဲ့ ပြည်သူ အများအပြားနှင့် PDF များပို့ဆောင်ခဲ့သည်။ "စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2023ခုနှစ် ဩဂုတ်လ 10ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်" ဟု ကျောက်လုံးကြီး KLG တပ်မဟာ၏ အမိန့်ပြန်တမ်းတွင် ဖော်ပြထားသည်။…
Read More
မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

RNA_ဇူလိုင်(၃၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံများနှင့် မြိုင် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး တော်လှန်ရေးအရှိန်မြင့်လာကြောင်း သိရသည်။   ဇူလိုင် ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ပျူရွာ၊ ကြားဖြတ် တိုက်ခိုက်မှုမျိုးစုံရှိခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး၊ ပျူ ၃ ဦး၊ ရဲ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ပျူရွာများအတွင်းနှင့် ရဲစခန်းများအတွင်း Drone ဗုံးသီးများ၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများအတွင်း ထိခိုက်ပျက်စီးမှုများကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။…
Read More
အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

"အခုဆိုရင် ကင်းစခန်းငယ်လေးတွေမှာ ရဲ‌နဲ့ အရပ်ဝတ် လက်နက်ကိုင်တွေကို ပိုသုံးလာတာတွေ့ရမှာပါ။ ပျူစောထီးအမည်ခံလည်းမမဟုတ် ပြည်သူ့စစ်လဲအမည်မခံတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေအဖြစ် အသုံးချခံနေကြရတာ Non-CDM တွေဖြစ်တယ်" နောင်ရိုး အခုရက်ပိုင်း ကြားနေရတဲ့ သတင်းတွေအရ စစ်ကောင်စီက ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာ စစ်သင်တန်းနဲ့ ပစ်ခတ်‌မှုသင်တန်းစဉ်တွေကို အဓိက ထား သင်ကြားလာပြီး လိုအပ်လာရင် စစ်ကောင်စီလက်အောက်က ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမယ်ဆိုတဲ့ အကြောင်းပါ။ စစ်ကောင်စီအနေနဲ့ ဝန်ထမ်းတွေ၊တက္ကသိုလ်‌ ကျောင်းသား‌တွေကိုသေနတ်ပစ်သင်ပေးတာက မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရင် NLD အစိုးလက်ထပ်ကတည်းက စစ်တပ်က တိုင်းပြည်ရဲ့ အရံအင်အားဖြစ်တဲ့ ရဲ၊မီးသတ်၊ ကြက်ခြေနီ အပါအဝင်၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေကို စစ်ရေးပြနဲ့ သေနတ်ပစ်ခတ်တာကို သင်ကြားလေ့ရှိပါတယ်။ ဒါပေမယ့်အရင်ကတော့ အဖြစ်သဘောမျိုးပဲ…
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်တည်း ယနေ့ နံနက် ၇ နာရီက (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

"ကျူးဘားနိုင်ငံ တော်လှန်ရေးတွင်လည်း ပျူစောထီးကဲ့သို့ သတင်းပေးဒလန်များကို ခရီးလမ်းတလျှောက် အရေးယူ ရှင်းလင်းပြီးမှသာ ပြည်သူ့ရဲဘော်များက နယ်မြေစိုးမိုးမှု အပြည့်အဝ ရယူနိုင်ခဲ့" မေဇော် စစ်ကိုင်းတိုင်းသည် ဒေသခံလူထု၏ လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းရာ နယ်မြေဖြစ်သဖြင့် စစ်ကောင်စီတပ်၏ အထူးမျက်စိကျရာဒေသဖြစ်သည်။နေ့စဉ်နီးပါး ဆိုသလိုပင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် နေထိုင်သူ ပြည်သူများမှာ အသက်လုကာ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရသည်။ ယခင်ကဆိုလျှင် တရွာပြေးလျှင် နောက်တရွာက ကူညီ ခေါ်ယူကျွေးမွေးထားနိုင်သည့် အခြေအနေ၊ သို့သော် ယခုအခါ ရွာအားလုံးနီးပါး စစ်ကောင်စီ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များ လက်ချက်ကြောင့် ပြာပုံနီးနီး ဖြစ်ခဲ့ရပြီ ။ ယခုအခါလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းမှ ချမ်းသာကြီးနှင့် မြကန်ကျေးရွာ အနီးတဝိုက်…
Read More