Tag: ကာကွယ်ရေးဦးစီးချုပ်ဟောင်း

  • NLD နာယက ဦးတင်ဦး ဈာပန မြင်ကွင်း

    NLD နာယက ဦးတင်ဦး ဈာပန မြင်ကွင်း

    RNA_ဇွန်(၅)၊၂၀၂၄ ခုနှစ်။
     
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ နာယက၊ ကာကွယ်ရေးဦးစီးချုပ် (ဟောင်း) သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ယနေ့ (ဇွန်လ ၅ ရက်) ပြုလုပ်ခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=PCN6QI5Jj_U[/embedyt]
    Red News Agency

  • တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက ဦးတင်ဦး ကွယ်လွန်

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက ဦးတင်ဦး ကွယ်လွန်

    RNA_ဇွန်(၁)၊၂၀၂၄ ခုနှစ်။
     
    မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး (အသက် ၉၈ နှစ်)သည် ယနေ့ (ဇွန်လ ၁ ရက်) နံနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
     
    ဦးတင်ဦးသည် ၁၉၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၆ ရက်က မြန်မာ့တပ်မတော်ကို စတင် ဝင်ရောက်ခဲ့ပြီးနောက် ၁၉၇၄ ခုနှစ် မတ်လ ၈ ရက်မှစတင်ကာ ကာကွယ်ရေးဦးစီချုပ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၇၆ ခုနှစ် မတ်လ ၆ ရက်နေ့တွင် အနားယူခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် NLD စတင်တည်ထောင်ချိန်တွင်ပါဝင်ခဲ့ကြီး ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ပြီးနောက် ပါတီ နာယကအဖြစ် ကွယ်လွန်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
     
    #RedNewsAgency