ရိုဟင်ဂျာ

🔴 [UPDATE] ရိုဟင်ဂျာ နေရပ်ပြန်ပို့ရေး ဆွေးနွေးရန် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ် ဖိတ်ခေါ်

🔴 [UPDATE] ရိုဟင်ဂျာ နေရပ်ပြန်ပို့ရေး ဆွေးနွေးရန် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ် ဖိတ်ခေါ်

မင်္ဂလာ မနက်ခင်းပါ။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ ဒရုန်းနှင့် စစ်ဘက်ဆိုင်ရာ ခေတ်မီနည်းပညာစွမ်းရည်များကို အလေးထားမြှင့်တင်ကြရန် NUG ယာယီသမ္မတ ပြောကြားလိုက်တဲ့သတင်း၊ ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ထိုင်းဝန်ကြီးချုပ် ရင့်ရင့်သီးသီး သတိပေးပြောကြားလိုက်တဲ့သတင်း၊ ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု၏ သင်္ဘောအစီး (၂၀) ခန့် ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ KIA ပြောကြားလိုက်တဲ့သတင်းနဲ့ နေရပ်ပြန်ပို့ရေးကိစ္စ ဆွေးနွေးရန် မလေးရှားဝန်ကြီးချုပ် ဖိတ်ခေါ်လိုက်တယ်ဆိုတဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/Z9QIKotRJvQ?si=_dvrAkuMSmWvMZha Red Nes Agency, Red News, RNA
Read More
စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားသို့ သွားရောက်ဖွယ်ရှိ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားသို့ သွားရောက်ဖွယ်ရှိ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။ ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဖိတ်ခေါ်ကြောင်း စက်တင်ဘာ (၁၆) ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ထောင်နှင့်ချီသော ရိုဟင်ဂျာမွတ်စလင်များကို တရားဝင်နေရပ်ပြန်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန်အတွက် မလေးရှားနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ် လာရောက်ရန် မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်အား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ စစ်တပ် စိတ်ကြိုက်ပြင်ဆင်ထားသည့် ၂၀၂၅ ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အုပ်စုအစိုးရကို အာဆီယံက အသိအမှတ်မပြုသေးသော်လည်း နေရပ်စွန့်ခွာသူများအရေးနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း အန်ဝါအီဘရာဟင်က ဆိုသည်။ “ကျွန်တော်တို့အနေနဲ့ အာဆီယံမူဝါဒအတိုင်း မြန်မာနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ဒုက္ခသည်အရေးကိစ္စ ဘယ်သူနဲ့…
Read More
ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောမြို့ ရိုဟင်ဂျာများနှင့်တွေ့ဆုံ

ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောမြို့ ရိုဟင်ဂျာများနှင့်တွေ့ဆုံ

RNA_စက်တင်ဘာ(၁၆)၊၂၀၂၅ခုနှစ်။ အာရက္ခပြည်၊ မောင်တော့မြို့ရှိ ရိုဟင်ဂျာများနှင့် အာရက္ခတပ်တော် - AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံကာ စက်တင်ဘာ (၁၂) ရက်နေ့က ၁၃ နှစ်ကြာ ပိတ်ထားခဲ့သော မောင်တောဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု Arankan Princess Media က သတင်းထုတ်ထားသည်။ (more…)
Read More
ယနေ့အတွက် သတင်း

ယနေ့အတွက် သတင်း

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီတပ်ဂိတ်စခန်း (၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း၊ စစ်ကောင်စီတပ်က ကျေးရွာသားတွေကို လူသားဒိုင်းလုပ်တဲ့သတင်း၊ ရိုဟင်ဂျာတွေကို စစ်တွေပို့လိုက်တဲ့ သတင်း၊ လူကုန်ကူးခံရသူတွေ ထပ်ပြီးလွတ်လာဖို့ ရှိသတင်းများကို တက်ဆက်ပေးထားခြင်းဖြစ်သည်။ #RedNewsAgency #REDNEWS #RNA
Read More
ပြေးပေါက်ပိတ်သွားသော စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် 

ပြေးပေါက်ပိတ်သွားသော စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် 

"မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့ အဆင့်အမြင့်ဆုံး အကြီးအကဲ အာဏာရှင်စစ်ခေါင်းဆောင်တွေကို ဖမ်းရဲရင် ပြန်ဖမ်းနိုင်ခွင့်ရထားတဲ့ ဌာနတစ်ခုဖြစ်လာနိုင်ပြီး အာဏာသိမ်း စစ်ကောင်စီအနေနဲ့ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးကနေ Universal Jurisdiction အရ ဖမ်းဝရမ်းအထုတ်ခံရပြီး အရေးယူခံဖို့ ဆုံးဖြတ်တဲ့ အဆင့်ကိုရောက်ရှိလာတဲ့ ပထမဦးဆုံး မြန်မာနိုင်ငံရဲ့ ရာဇဝတ်သား အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်ရောက်ရှိသွားခဲ့ပါပြီ" ကေဂျီ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ကျူးလွန်ခဲ့မှုမှာ အဓိက တာဝန်ရှိသူနေရာကပါဝင်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုချုပ်စိုးဝင်း အပါအဝင် စစ်တပ်က ၂၂ ဦးနဲ့  အရပ်သား ၃ ဦး စုစုပေါင်း ၂၅ ဦးကို အာဂျင်တီးနားနိုင်ငံ ဘူရီနို့စ်အေးရီး (Buenos Aires) မြို့ အပြည်ပြည်ဆိုင်ရာ…
Read More
CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီ၏ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်း (ကလေးထောင်) တွင် အစ္စလာမ်ဘာသာဝင် ( မွတ်ဆလင် ရိုဟင်ဂျာလူမျိုး) မိန်းကလေးငယ်များကို CCTV ပိတ်ပြီး အဝတ်အစားချွတ်ကာ ညှင်းပန်းနှိမ်စက်မှုများ ပြုလုပ်နေသည်ဟု လွတ်မြောက်လာသူ မအိစန္ဒာကျော်က ပြောပြထားသည်။ [embedyt] https://www.youtube.com/watch?v=H0YXmcUJ_tg[/embedyt] တွံတေးမြို့နယ်၊ ငယ်ထိန်းသိမ်းရေးစခန်းတွင် ပုဒ်မ ၅၀ (ဈ)ဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းထိ နေထိုင်ခဲ့ရပြီးနောက် ဩဂုတ်လ အတွင်းက လွတ်မြောက်လာသူ မအိစန္ဒာကျော်က အစ္စလာမ် ဘာသာဝင် အမျိုးသမီးငယ်များနှင့် ပတ်သက်ပြီး ကြုတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြထားခြင်းဖြစ်သည်။ Red News Agency
Read More
ကယ်တင်ရှင် ဖြစ်ချင်နေသေးတဲ့ ချောင်ထဲက မြေခွေးမိုက်

ကယ်တင်ရှင် ဖြစ်ချင်နေသေးတဲ့ ချောင်ထဲက မြေခွေးမိုက်

"ရခိုင်ပြည်နယ်ရဲ့အတိတ်သမိုင်းမှာ ရိုဟင်ဂျာလူမျိုးနဲ့ ရခိုင်လူမျိုးတို့ ငြိမ်းချမ်းတဲ့လမ်းကြောင်း တခုပေါ် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သက်သေတွေပဲ။ သို့ပေမယ့် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တဲ့ အာဏာရှင်နေဝင်း လက်ထက်မှာတော့ သွေးခွဲအုပ်ချုပ်ဖို့ နည်းလမ်းတွေ ဖန်တီးခဲ့တယ်။ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကိုတွေ ခိုးဝင်လူမျိုးတွေလိုပုံဖော်ခဲ့သလို၊ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးတော့မလိုနဲ့ ရိုဟင်ဂျာတွေကို နှိပ်စက် အနိုင်ကျင့်ခဲ့တယ်။ ရိုဟင်ဂျာ ရွာတွေမှာ တိရိစ္ဆာန်သန်းခေါင်းစာရင်းအထိ ကောက်ယူခဲ့တယ်" ရန်နိုင် - Wiper  စစ်ခေါင်းဆောင်တွေထဲမှာ လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မျိုးဆက်က အညံ့ဆုံးမျိုးဆက်ဖြစ်ပြီး လက်ရှိအရေးအခင်းကို စစ်တပ်သုံးနိုင်သမျှနည်းလမ်းအစုံ သုံးပြီးပြီ ရှုံးနေဆဲပဲ။ တော်လှန်ရေးသမားအချင်းချင်း သွေးခွဲနည်း၊ ဗမာတော်လှန်ရေးသမားနဲ့ လူမျိုးစုတော်လှန်ရေးသမားသွေးခွဲနည်း၊ နိုင်ငံတကာ အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို တည်ပေးခြင်း၊ နိုင်ငံခြား အကူအညီရှာဖွေတဲ့နည်း စတဲ့နည်းတွေ…
Read More
အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။ တိုက်ပွဲအတွင်းမှ ဒေသခံပြည်သူများ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးနှင့် တိုက်ပွဲအတွင်း ကြားညပ်မသွားစေရေးအတွက် အာရက္ခတပ်တော် - AAအလုံးစုံထိန်းချုပ်ထားသောနယ်မြေအတွင်း စစ်ဘေးရှောင် ရောက်လာသူ (၅) သိန်းကျော်ရှိရာတွင် မူဆလင် (၈၀) ရာခိုင်နှုန်းနှင့် ရခိုင်နှင့် အခြားလူမျိုရစုမှာ (၂၀) ရာခိုင်နှုန်းရှိကြောင်း AAက ယနေ့ ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား ဆေးဝါးအပါအဝင် အခြေခံ အစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မိုးတွင်းကာလအတွက် အမိုးအကာ အိမ်သာများ အရေးတကြီး လိုအပ်လာမည်ဖြစ်သည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO…
Read More
လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

"မြေပြန့်မြန်မာ ဖိနှိပ်ခံလူတန်းစားတွေအပါအဝင် လူမျိုးစုအားလုံးက အာရက္ခတပ်တော်ကို ထောက်ခံဖို့ တိုက်တွန်းချင်တာပါ။ ရိုဟင်ဂျာလူမျိုးတွေလည်း အာရက္ခတပ်တော်ကို ထောက်ခံပံ့ပိုးဖို့လိုပါတယ်။ ဒီတော်လှန်ရေးကာလမှာ အာရကန်ဘက်ကဝင်ကူပြီး တိုက်ပေးတဲ့ ရိုဟင်ဂျာတွေရှိရင် နောင်ဖြစ်လာမယ့် နိုင်ငံသစ်မှာ လူနည်းစုအခွင့်အရေး အပြည့်အဝရရှိဖို့ တောင်းဆိုရတာ ခက်ခဲမယ်မထင်ဘူး" အာရကန်လူမျိုးတွေ တော်လှန်ရေးလုပ်ရတဲ့အကြောင်းအရင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နိုင်ငံတနိုင်ငံ ထူထောင်နိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ နှစ်ပေါင်းများစွာ သူတပါးလက်အောက်ခံဘဝနဲ့ နေထိုင်လာခဲ့ရတာကို အာရကန်လူမျိုးတွေက စိတ်ပိုင်းဆိုင်ရာအရ နာကြည်းခါးသီးနေခဲ့တာပါ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် အာရက္ခတပ်တော် ( ULA / AA) ကို အားကောင်းအောင် တည်ဆောက်ပြီး အာရက္ခပြည် လုံးဝလွတ်မြောက်ရေးကို ဦးတည်တိုက်ပွဲဝင်နေပါတယ်။ ဒီအခြေအနေတွေကို ကျနော် နားလည်ထားသလို သုံးသပ်ရရင် လက်ရှိ ပြည်သူအားလုံး မုန်းတီးနေတဲ့…
Read More
လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

"အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့" "ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး စစ်ကောင်စီအနေဖြင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလာနိုင်တာကြောင့် မိမိတို့အနေဖြင့်အထူးဂရုပြူနေရတယ်" ဆိုတဲ့ အာရက္ခတပ်တော် -AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောကြားထားတဲ့ video file လေးတစ်ခုကို မနေ့က တွေ့မိလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ခြောက်လအတွင်းမှာကို မြို့နယ် ၁၀ ခုလောက်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။   အာရက္ခတပ်တော် အနေဖြင့် စစ်ဦးဘီလူးဆိုတဲ့ခေါင်းစဥ်အတိုင်း…
Read More