Tag: စစ်ကျွန်ပညာရေး

  • ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…

    ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…

    “စစ်မီးပူနေတဲ့ မြို့ပေါ်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ ဆိုတာ မိဘတွေအတွက် စွန့်စားလွန်းရာကျသလို စစ်ပွဲတိုက်ရိုက်မဖြစ်ပွားနေတဲ့ မြို့တွေပေါ်ကို ကျောင်းပြောင်းဖို့ကိုလည်း ခွင့်ပြုမပေးတာကြောင့် ကျောင်းသားမိဘတွေအတွက် ရွေးချယ်ရခက်နေတယ်။ နယ်မြေအတွင်းမှာ စစ်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတာကို ဖုံးကွယ်ချင်ယုံနဲ့ အဖြူအစိမ်း ကျောင်းသားငယ်တွေကို စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းတွေမှာ လူစုလူဝေးဖန်တီးချင်တာပဲ ဖြစ်တယ်”

    ရန်နိုင်  Wiper 

    မိုးဦးရာသီနဲ့အပြိုင် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ တင့်တယ်နေပုံက မြန်မာနိုင်ငံအတွက် မရိုးနိုင်တဲ့အလှအပ တခုပဲ။ သားသမီးတွေကို ရင်အုပ်မကွာ ထားတတ်တဲ့ မိဘတွေအတွက် ကိုယ့်ရဲ့ရင်သွေးလေးတွေကို ပညာတတ်ဖို့ဆိုတဲ့စိတ်နဲ့ စာသင်ကျောင်းဆိုတဲ့နေရာကို မပို့ချင်ပေမယ့်လည်း ပို့ကြရတယ်။ စိတ်မချတတ်တဲ့ မိဘတွေက မူလတန်းအရွယ် ကလေးမဟုတ်ပဲ အထက်တန်းကျောင်းသားကြီးတွေဖြစ်နေရင်လဲ ကျောင်းပေါက်ဝထိ လိုက်ပို့ပြီး ဆရာ၊ ဆရာမလက်ထဲ အပ်လိုက်ရမှာ စိတ်ချတတ်ကြတယ်။

    နိုင်ငံကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်မကောင်းရင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေလဲ အန္တရာယ်တွေ ဝိုင်းနေတတ်တယ်။ အာဏာနဲ့လက်နက်ကို အားကိုးတတ်တဲ့ အုပ်ချုပ်သူ လူတန်းစားတရပ်ကြောင့် ပညာရေးနယ်မြေ၊ ဘာသာရေးနယ်မြေ၊ ကျန်းမာရေးနယ်မြေရယ်လို့ သတ်မှတ်ချက်မရှိပဲ အချိန်မရွေး လူသတ်လက်နက်တွေအသုံးပြုတဲ့နယ်မြေဖြစ်လာနိုင်တယ်။ ပညာသင်ကြားနေတဲ့ ကလေးငယ်ဖြစ်ဖြစ်၊ ကလေးမိဘပဲ ဖြစ်ဖြစ် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်တဲ့ စစ်ပွဲရဲ့ ကြမ်းတမ်းမှုကို ကြုံကြရမှာ စိတ်ပူမိတယ်။ 

    ဓာတ်ပုံ – စစ်ကောင်စီဝန်ခံထားသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအပြီး မြင်ကွင်း။

    ကျောင်းတတ်ရမယ့် အချိန်ရောက်လာပေမယ့်လည်း တနိုင်ငံလုံးစစ်ပွဲရဲ့အငွေ့အသက်တွေ လွှမ်းမိုးနေသလို ငြိမ်းချမ်းဖို့ဆိုတဲ့အနာဂတ်ကလည်း အလှမ်းဝေးနေဆဲပဲ။ မငြိမ်းချမ်းတဲ့ နိုင်ငံအတွင်းမှာ ပြည်သူလူထု အားလုံးလည်း လူမှုဒုက္ခတွေကို ဆိုးဆိုးဝါးဝါးကြုံနေကြရတယ်။ စစ်ပွဲတွေ ထူပြောနေတဲ့ တနိုင်ငံလုံးမှာ ကျောင်းသားအရွယ် ကလေးငယ်တွေလဲ စစ်ရှောင်ဘဝနဲ့ပြေးနေရသူတွေလည်း ပေါများနေဆဲပဲ။ စစ်ပွဲတွေ ဘာလို့များနေလဲ၊ စစ်ရှောင်တွေကို ဘယ်လိုဖြေရှင်းမလဲ မစဉ်းစားတတ်တဲ့ အာဏာရှင်အုပ်ချုပ်သူတွေက ကျောင်းသားတွေများရင် ပညာတတ်တွေများမယ်လို့ သတ်မှတ်ခဲ့တယ်။ တနှစ်တစ်တန်းအောင်ရင် လူသားရင်းမြစ်တွေ ဖွံ့ဖြိုးလာမယ်လို့ သတ်မှတ်ခဲ့တယ်။

    (more…)

  • ပညာရေး ဝန်ကြီးဌာနကို မကွေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ ဆန္ဒပြ

    ပညာရေး ဝန်ကြီးဌာနကို မကွေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ ဆန္ဒပြ

    ပညာရေးဝန်ကြီးဌာနကနေ အခြေခံပညာအဆင့် စာမေးပွဲကာလ ပြင်ဆင်မှုများနဲ့ ပတ်သက်ပြီး ဒီကနေ့ မကွေးပညာရေးကောလိပ်ကနေ မကွေးတိုင်းပညာရေးမှူးရုံးရှေ့ထိ ကျောင်းသူကျောင်းသား ဆရာ ဆရာမများက ဆန္ဒပြခဲ့ကြပါတယ်။

    ပညာရေး စနစ်အပြောင်းအလဲ လုပ်မယ့်ကိစ္စကို အောက်ခြေအဆင့်ထိဆင်းပြီး လေ့လာမှုများမလုပ်ခဲ့ဘဲ ဝန်ကြီးဌာနက လုပ်ချင်တိုင်း လုပ်နေတဲ့ ကိစ္စကို ပြင်ဆင်ပေးဖို့၊ ဆရာ ဆရာမမလုံလောက်မှု စတဲ့ အခက်အခဲတွေ ၊ ပညာရေးဝန်ကြီးဌာန အာဏာရှင်ဆန်ဆန်း လုပ်နေတဲံ့ ကိစ္စတွေအတွက် ဒီကနေ့ ဆန္ဒပြကြတာလို့ သိရပါတယ်။ [embedyt] https://www.youtube.com/watch?v=-LPVRwaLvbw[/embedyt]ရိုက်ကူး – ဒီလှိုင်း Red News Agency