31
May
"စစ်မီးပူနေတဲ့ မြို့ပေါ်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ ဆိုတာ မိဘတွေအတွက် စွန့်စားလွန်းရာကျသလို စစ်ပွဲတိုက်ရိုက်မဖြစ်ပွားနေတဲ့ မြို့တွေပေါ်ကို ကျောင်းပြောင်းဖို့ကိုလည်း ခွင့်ပြုမပေးတာကြောင့် ကျောင်းသားမိဘတွေအတွက် ရွေးချယ်ရခက်နေတယ်။ နယ်မြေအတွင်းမှာ စစ်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတာကို ဖုံးကွယ်ချင်ယုံနဲ့ အဖြူအစိမ်း ကျောင်းသားငယ်တွေကို စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းတွေမှာ လူစုလူဝေးဖန်တီးချင်တာပဲ ဖြစ်တယ်" ရန်နိုင် - Wiper မိုးဦးရာသီနဲ့အပြိုင် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ တင့်တယ်နေပုံက မြန်မာနိုင်ငံအတွက် မရိုးနိုင်တဲ့အလှအပ တခုပဲ။ သားသမီးတွေကို ရင်အုပ်မကွာ ထားတတ်တဲ့ မိဘတွေအတွက် ကိုယ့်ရဲ့ရင်သွေးလေးတွေကို ပညာတတ်ဖို့ဆိုတဲ့စိတ်နဲ့ စာသင်ကျောင်းဆိုတဲ့နေရာကို မပို့ချင်ပေမယ့်လည်း ပို့ကြရတယ်။ စိတ်မချတတ်တဲ့ မိဘတွေက မူလတန်းအရွယ် ကလေးမဟုတ်ပဲ အထက်တန်းကျောင်းသားကြီးတွေဖြစ်နေရင်လဲ ကျောင်းပေါက်ဝထိ…