“မိုးတွင်းကာလအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ကူမပေးနိုင်သည့်ကာလဖြစ်သည့်အတွက် ထိုးစစ်အတွက် ပြင်ဆင်ထားသည့် တော်လှန်ရေးတပ်များရှိနေသည့်အတွက် မိုးကုန်လို့ ဆောင်းအကူး စစ်ကောင်စီ ဒီထက်ရူးဖို့သာရှိတော့”
Tag: CNA
-

စစ်ကောင်စီခံရခက်တော့မဲ့ မိုးတွင်းထိုးစစ်
အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ဘက်ပေါင်းစုံမှ မြို့သိမ်းတိုက်ပွဲတွေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ KIA/PDF၊ CNA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်နှင့် ရခိုင်ပြည်နယ်တွင်လည်း AA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်များ၊ အလယ်ပိုင်းတိုင်း စစ်ဒေသမှာ အညာမြေရဲ့ တော်လှန်ရေးအင်အားစုတွေအပြင် မန္တလေး PDFရဲ့ ထိုးစစ်၊KNDF/KNU/PDF တို့ရဲ့ ထိုးစစ်တွေ အရှိန်ကောင်းကောင်းနှင့် ဖော်ဆောင်နေသည်ကို အားလုံး သိကြပြီဖြစ်လိမ့်မည်။တောင်ပိုင်းတိုင်းစစ်ဒေသ၏ တိုးတက်လာသည့် စစ်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုများ၏ ချိတ်ဆက်မှု အားကောင်းလာပြီး ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်လာနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ကို ဗျူဟာကျကျ ချေမှုန်းတိုက်ခိုက်နေသည် ။အကြမ်းဖက်စစ်ကောင်စီ၏ မြဝတီကို စစ်ကူအတွက် ဧပြီ ၇ ရက်ကတည်းက စေလွှတ်ခဲ့သည့် အင်အား တစ်ထောင်ကျော်ပါသည့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး အောင်ဇေယျစစ်ကြောင်းဟာ သေဆုံး၊ ဒဏ်ရာရသူများပြီး ဒေါနတောင်မှ ပိတ်မိနေတာ နှစ်လ နီးပါး ရှိပြီ ဖြစ်သည်။အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့ တားဆီး တိုက်ခိုက်ရာတွင် KNLA/KNDO တို့နှင့်အတူပူးတွဲတိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲဘော် များအပြင် နယ်မြေကျွမ်းကျင်မှုရှိသော KNU ၏ နယ်မြေခံ တပ်ရင်းများကိုပါအင်းအားတိုး အသုံးပြု တိုက်ခိုက်လျက်ရှိသည်။ ဖာပွန်မြိုနယ်က KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ၊ တနင်္သာရီတိုင်းက တော်လှန်ရေးတပ်များ၏ စခန်းသိမ်းတိုက်ပွဲများ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် စစ်ကောင်စီ၏ အထိုင်တပ်စခန်းသိမ်း တိုက်ပွဲတွေကို ဗျူဟာကျကျ တိုက်ပွဲဖော်ဆောင်နေသည်။ -

တိုက်ပွဲ ၄ ရက်အတွင်း ရေဇွာမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့
RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ ခုနှစ်။
ချင်းပြည်နယ်၊ ရေဇွာမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ နိုင်ဝင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
မြို့သိမ်းတိုက်ပွဲကို ZZLMS Operation ဟု အမည်ပေးထားကြောင်း၊ ZZLMS ညီနောင်များနှင့်အတူ ချင်းအမျိုးသားတပ်ဦး CNA၊ CDF-MATUP တို့မှ ပါဝင်ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းများ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ဟု Chinland Defense Force-Zotung Cdf-Zotung က ထုတ်ပြန်ထားသည်။
#RedNewsAgency
-

ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး
RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီးမစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။မေလ ၂၉ ရက်နေ့တွင် သီးမစ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း CDF -ဟားခါးမှ ရဲဘော် ၈ ဦး၊ CDF -ဇိုးဖိုင်မှ ရဲဘော် ၁ ဦးနှင့် ချင်းအမျိုးသားတပ်ဦး(CNA) မှ ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့ရပြီး၊ CDF -ခွန်ကျုံး၊ CDF -ဇိုးဖိုင်၊ CDF-ဟာခါး နှင့် CNAတို့မှ ရဲဘော်များ ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။ -

အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)နှင့် ချင်းအမျိုးသားတပ်မတော်တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇) လက်အောက်ခံတပ်ရင်း (၇၀၃) နှင့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်( CNF/CNA)တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
“ထိုသဘောတူစာချုပ်အရ အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃)သည် တော်လှန်ရေးကို အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေး သတင်းထုတ်ပြန်အပ်ပါသည်” ဟု တပ်ရင်း (၇၀၃)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ
RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။ချင်းပြည်နယ်၊ ထန်တလန်မြို့၊စစ်ကောင်စီတပ် အထိုင်ချနေသည့် တပ်ကုန်းသို့ ဆင်းသက်လာသည့် စစ်ကောင်စီတပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် Drone ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။CNA နှင့် CDF-Thantlang တို့ပူးပေါင်းပြီး ထန်တလန် တပ်ကုန်းသို့ဆင်းသက်လာသည့် စစ်ကောင်စီတပ် Mi-17 ထောက်ပို့ ရဟာတ်ယာဉ်ကို မတ်လ (၃) ရက်နေ့ ညနေ (၃) နာရီ (၃၀) မိနစ်ခန့်က Drone ဖြင့်တိုက်ခိုက်ခဲ့ကြသည်ဟု Chinland Information Center မှ ယနေ့ ထုတ်ပြန်ထားသည်။[embedyt] https://www.youtube.com/watch?v=0cjFASSoGnI[/embedyt]#RedNewsAgency -

ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး
RNA_ဖေဖော်ဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။
ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် မတူပီမြို့နယ်တွင်းရှိ ဇိုတုန်ဒေသ၊CNA တပ်မဟာ (၄) နယ်မြေ စသည်တို့တွင် (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ (၄၅) ထက်မနည်း သေဆုံးကာ (၆) ဦးအရှင်ဖမ်းခံရပြီး လက်နက် (၅၀)ကျော်သိမ်းဆည်းရမိသည်ဟု ချင်းအမျိုးသားတပ်ဦး -CNF ကထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ တိုက်ပွဲများအတွင်း CNA၊ CDF ပူးပေါင်းတပ်မှ ရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာဇိုတုန်နယ်တွင် CNA၊ CDF-Matupi၊ CDF – Zotung၊ CDF – Mara ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် (၆) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀) ဝန်းကျင်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။








