အာရက္ခတပ်တော်

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

RNA_ဇန်နဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းခုကိုလည်း အာရက္ခတပ်တော်အနေဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဧရာဝတီတိုင်းအစပ်၊ မကွေးတိုင်းအစပ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။ ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြေင်း၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းအား (၅) ရက်ခန့်အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ (၂၆) ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း AA ကထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း (၂၈) ဦးသေဆုံး

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း (၂၈) ဦးသေဆုံး

RNA_ဇန်နဝါရီ(၁၉)၊၂၀၂၅ ခုနှစ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဇန်နဝါရီလ (၁၈) ရက်နေ့ (၄) နာရီ (၄၅) မိနစ်မှစတင်ကာ ဗုံး (၃) ကြိမ်ကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိိုက်ခံရမှုအတွင်း ကလေးငယ်များပါ မီးလောင်သေဆုံး

ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိိုက်ခံရမှုအတွင်း ကလေးငယ်များပါ မီးလောင်သေဆုံး

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ကလေးငယ်များအပါအဝင် မီးလောင်သေဆုံးခဲ့ရသည့်ပြည်သူ အနည်းဆုံး (၂၆) ဦးရှိကြောင်း သိရသည်။ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်းခဲ့ရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၄ ခုနှစ်။ အာရက္ခတပ်တော် (AA) အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံး သိမ်းပိုက်ရရှိလိုက်သော ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီလက်အောက်ခံ (၇၀၀) ခန့်သေဆုံးနိုင်သည်ဟု AA ကထုတ်ပြန်လိုက်သည်။ ဂွမြို့သိမ်းတိုက်ပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့်…
Read More
စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ခုနှစ်။ စစ်ရှုံးစစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော် (AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများနှင့် အမိန့်ပေး ညွှန်ကြားသူများကို ဖမ်းဆီးရမိပါက ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။ (more…)
Read More
အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ အာရက္ခတပ်တော် (AA) အနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ပြီး အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီးနောက် ဂွမြို့ကိုလည်း သုံးပုံနှစ်ပုံခန့် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ အမ်းမြို့ နပခ ကို ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့မှုအတွင်း နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အရှင်လက်ရဖမ်းဆီးရမိခဲ့သည်ဟု AAကထုတ်ပြန်ထားသည်။ (more…)
Read More
နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှ စစ်ကောင်စီလက်အောက်ခံများ ဒီဇင်ဘာ (၁၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြားမှ အာရက္ခတပ်တော် (AA) ထံ ပြေးပြေးလွှားလွှား အလင်းဝင်ခဲ့ကြသည်။ (more…)
Read More
စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီလက်အောက်ခံ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အာရက္ခတပ်တော် (AA) မှ အသေဖမ်းဆီးရမိကြောင်း သိရသည်။ နခခ-၅ မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော တပ်မမှူးတစ်ဦးဖြစ်သည့် တမခ-၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ဒီဇင်ဘာ (၁၇) ရက်နေ့ မွန့်တည့် (၁၂) နာရီခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနိး ပုစွန်ကန်တဲအတွင်း၌ အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ (more…)
Read More
အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား အာရက္ခတပ်တော်-AA မှ သိမ်းပိုက်မှုမြင်ကွင်း ထုတ်ပြန်မှု ရုပ်သံမှ စစ်ကောင်စီလက်အောက်ခံများ သေဆုံးသည့် မြင်ကွင်းများကိုချန်ပြီး ထုတ်နုတ်ထားသည့် ရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။  (more…)
Read More
ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်တခုလုံးတွင် စစ်ကောင်စီသည် ကွဲထွက်သွားပြီဖြစ်သည့်အတွက် မကြာမီ ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် ဂုဏ်ယူစွာ ရှု့မြင်ကြရတော့မည်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် ကဗျာဆရာ မောင်ဖြိုးဝေက ပြောကြားထားသည်။ "မန်းတောင်ရိပ်ခိုအောင်ပွဲကြို" ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် လေ့ကျင့်ရေးဌာန ဌာနကြီးမှုးတာဝန်ထမ်းဆောင်နေသော မောင်ဖြိုးဝေသည် ယခုရုပ်သံကို ကဗျာဆရာတဦးအနေဖြင့်သာ ပြောကြားထားခြင်းဖြစ်ကြောင်း၊ "မန်းတောင်ရိပ်ခိုအောင်ပွဲကြို" ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။ #RedNewsAgency #REDNEWS #RNA #AhNyar
Read More