Spring Revolution

ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

RNA_မေ(၅)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF သည် အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်အံတုပြီး နိုင်ပွဲတွေဆက် အောင်ပွဲတွေ ခံနေပြီဖြစ်သည့်အတွက် များမကြာမီကာလအတွင်း ပြည်တော်ဝင် စစ်ချီပြီး အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါစို့ဟု ယနေ့ ကျရောက်သည့် PDF (၂) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - People Defense Force- PDF ဖွဲ့စည်းထူးထောင်ခြင်းသည် ယနေ့ (၂) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကပါဝင်နေသည်ဟု စသဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။…
Read More
ရေစကြိုမြို့ပေါ် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ပစ်ခတ်

ရေစကြိုမြို့ပေါ် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ပစ်ခတ်

RNA_မေ(၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်အောက်ခံများကို မေလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင်က Myingyan Black Tiger (MBT) ရဲဘော် (၂) ဦး သွားရောက်ကာ ပစ်ခတ်ခဲ့သည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ် မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက် 

စစ်ကောင်စီတပ် မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက် 

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား ယနေ့ နံနက် (၄) နာရီ (၃၀) မိနစ်ခန့်က စတင်တိုက်ခိုက်ကာ နံနက် (၅) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။ မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ကြားတွင်တည်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၅) ဦးသေဆုံးကာ (၁၀) ဦးထွက်ပြေးသွားကြောင်း၊ ပစ္စတို MA 5 (၁)လက်၊ K3 79 (၁)လက်၊…
Read More
စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေသည့် စခန်းသိမ်းတိုက်ပွဲတွင် Royal Peacock Column ပါဝင်ခဲ့ 

စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေသည့် စခန်းသိမ်းတိုက်ပွဲတွင် Royal Peacock Column ပါဝင်ခဲ့ 

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။ KNU တပ်မဟာ(၃) နယ်‌မြေ မူး(မုန်း)မြို့နယ်ရှိ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေဆုံးသည့် သိမ်းတိုက်ပွဲတွင် KNLA နှင့်အတူ Royal Peacock Column ပူးပေါင်းစစ်ကြောင်း ပါဝင်တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။ KNU တပ်မဟာ(၃) နယ်‌မြေအတွင်း မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းတိုကို အပြီးတိုင် မချေမှုန်းနိုင်သော်လည်း လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်းတို့ကို ဖျက်ဆီးနိုင်သည်အထိ ချေမှုန်းခဲ့ကြောင်း သိရသည်။ (more…)
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ကျည်အနည်းငယ်သာ သိမ်းဆည်းရမိ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ကျည်အနည်းငယ်သာ သိမ်းဆည်းရမိ

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- မိုင်းလုံ ဆက်သွယ်ရေးလမ်းမပေါ်ရှိ (၁၈) မိုင် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် လက်နက်ကြီးကျည်အနည်းငယ်သာ သိမ်းဆည်းရမိကြောင်း သိရသည်။ မိုးကုတ်- မိုင်းလုံ ဆက်သွယ်ရေးလမ်းမပေါ်ရှိ (၁၈) မိုင်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် တမ်မ (၈၈) လက်အောက်ခံများကို KIA၊ K- PDF (Kachin - Region )၊ PDF (NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F -ရှမ်းမြောက်ဒေသ)အပါအဝင် မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း…
Read More
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ

RNA_မတ်(၂၈)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစု - People's Revolution Alliance (PRA Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက ဌာနချုပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ PRA-Magway တည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်း အနားတွင် ဒေသတွင်း ညီနောင်တပ်ဖွဲ့များပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြင့် ချီတက်အလေးပြုခဲ့ပြီး၊ ဒေသအသီးသီးမှ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပေးပို့လာသောဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။ (more…)
Read More
လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ဘက်အလင်းဝင်ရောက်လာမည်ဆိုပါက ဆုကြေးငွေ ကျပ်သိန်း (၁၀၀) ပေးအပ်မည်ဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ထုတ်ပြန်ထားသည်။ "CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်း ဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း (၅၀) အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည် ဖြစ်သည်" ဟု ကြေညာထားသည်။ (more…)
Read More
တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။   “ ဒီတော်လှန်ရေးမှာ အရေးကြီးဆုံးက ပြတ်သားမှုပါ၊ ဘတ်ပေါင်းစုံက ပြတ်သားကြရတော့မှာပါ၊ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ဆင်နွှဲခဲ့ကြတဲ့ ပြည်သူ့အရေးတော်ပုံတွေ ပြည်သူ့တော်လှန်ရေးတွေ ဒီနေ့အထိမပြီးနိုင်တာ ဆက်ပြီးတော့ တော်လှန်နေရတာတွေဟာ ပြတ်သားမှု အားနည်းခဲ့လို့ပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က GSCBမှ ပြုလုပ်သည့် ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။   #RedNewsAgency
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

တောင်ငူခရိုင် PDF နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး   RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄) နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်လက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံးကြောင်း ယနေ့ ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ်အင်အား (၁၀၀) ဝန်းကျင်ရှိ တပ်ဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်နေ့က နဂျပ်တောင်ဖက်သို့ ချဉ်းကပ်လာစဉ် တောင်ငူခရိုင် PDF တပ်ခွဲ(၄) တပ်စု(၂) က…
Read More
ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More