အကြမ်းဖက်စစ်ကောင်စီ

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

RNA_စက်တင်ဘာ ၁၉၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာလ (၁၁) ရက်နေ့ညက ပြန်ရောက်လာပြီးနောက် လူမြင်ကွင်းမှ ပျောက်နေသည်ကို တွေ့ရသည်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရုပ်သံများနှင့် သတင်းစာများတွင် မင်းအောင်လှိုင်နှင့်ပက်သက်ပြီး သ တင်းဖော်​ပြခြင်း မရှိသည်ကိုတွေ့ရသည်။ ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ နှင့် ငြိမ်းချမ်းရေး တွေ့ဆုံနွေးမှုဟု ဆိုကာ ဟန်ပြလုပ်ဆောင်နေသည်။ ထို လက်နက် ကိုင် ၁၀ တွင်လည်း တိုက်ပွဲများ ဆင်နွှဲနေကြသည့်အဖွဲ့ အများစုပါနေသည်။ (more…)
Read More
ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာမှာ စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ နံနက် (၈) နာရီဝန်းကျင်က ရွာမှထွက်ခါနီး ပြည်သူ (၂) ဦးကိုသတ်ကာ လူနေအိမ် ၃၂ လုံး ၊နွားစာတိုက် ၈ လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃ ထောင်နီးပါး စသည်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယောကာကွယ်ရေးတပ် - YDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ Red News Agency
Read More
အာဏာသိမ်း စစ်တပ်လက်အောက်မှ ရုန်းထွက်လာသည့် တပ်ရင်းမှူးအဆင့်အပါအဝင် (၃၅၀၀) ကျော်ရှိ

အာဏာသိမ်း စစ်တပ်လက်အောက်မှ ရုန်းထွက်လာသည့် တပ်ရင်းမှူးအဆင့်အပါအဝင် (၃၅၀၀) ကျော်ရှိ

RNA_ဖေဖော်ဝါရီ ၂၆၊၂၀၂၂ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းအဖွဲ့လက်အောက် စစ်တပ်မှာ မနေလိုသည့်အတွက် ဆန့်ကျင်ကာ ပြည်သူ့ဘက်ကူးပြောင်းလာသူ တပ်ရင်းမှူးအဆင့် ဒုဗိုလ်မှူးကြီး (၂) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၅၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ " တပ်ရဲ CDM တွေ အင်အားဟာ ကိန်းဂဏန်းတစ်ခုထိထပ်တိုးလာပါပြီ၊ အထူးသဖြင့်တော်လှန်ရေးအင်အားစုတွေဆီ ဝင်ရောက်ကြတာ များပါတယ်၊ စစ်တပ်ဘက်ကတော့ နည်းနည်းလေးပဲလို့ ငြင်းနေပေမယ့် ကျနော်တို့ပြည်သူ့ရင်ခွင်အဖွဲ့က တပ်ရဲ CDM code ထုတ်ပေးမှုဟာ ၃၅၀၀ ကျော် သို့ရောက်ရှိလာပါပြီ၊ ၃၅၀၀ ဟာ တရားဝင်တဲ့စာရင်းတစ်ခု ဖြစ်ပြီး ဆက်သွယ်မှုအခက်အခဲ နေရာအခက်အခဲတွေကြောင့် ကျနော်တို့ဆီ စာရင်းမပေးသွင်းနိုင်တာ အင်အားတော်တော်များများ ကျန်နေပါသေးတယ်" ဟု ဗိုလ်ကြီးလင်းထက်အောင်ထံမှ သိရသည်။ တိုက်ပွဲပြင်းထန်နေသည့်…
Read More