စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူ (၅၀၀၀) ဝန်းကျင်ရှိပြီး ပေါ်တာဆွဲခံရသူ ၂၂၀ ဝန်းကျင်ရှိ

RNA_ဧပြီ(၁၈)၊၂၀၂၄ ခုနှစ်။ 

အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ် လူရွယ်များကိုဦးတည်ပစ်မှတ်ထားပြီး ပထမအကြိမ် စစ်မှုထမ်းစုဆောင်းခံရသူ (၅၀၀၀) ဝန်းကျင်ခန့်ရှိပြီး တပ်သားစစ်စုစောင်းမှု ခေါင်းစဉ်အောက်က ပေါ်တာဆွဲခံရသူ ၂၂၀ အနည်းဆုံးရှိသည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ Burma Affairs & Conflict Study က စစ်ကောင်စီ၏ စစ်မူထမ်းစနစ် အကောင်အထည်ဖော်နေမှုအခြေနေများ အစီအရင်ခံစာတွင် ဖော်ပြထားသည်။ 

ယနေ့ အချိန်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းရရှိထားသည့် ပြည်သူ (၅၀၀၀) ခန့်ကို စခတ၁ ဖောင်းကြီး (လှည်းကူး)၊ စခတ၂ သပိတ်ကျင်း၊ စခတ၆ ရွှေမြင်တင် (ပုသိမ်)၊ စခတ၇ တောင်တွင်းကြီး၊ စခတ၈ ရွှေဘို၊ တတက၁ ချင်းကုန်း (တိုက်ကြီး)၊ တတက၂ ဥတ္တရသီရီ၊ တတက၃ ကျိုင်းတုံ၊ တတက၄ သံဖြူဇရပ်၊ တတက၅ ကွင်းကောက်( အင်္ဂပူ)၊ တတက၆ အုပ်တွင်း၊ တတက၁၂ ပလောက်၊ တတက၁၃ တွင်းငယ် (သပိတ်ကျင်း) ရကသ၁ ဗထူး၊ တကန ဟိုပုံး သင်တန်းကျောင်းများတွင် သင်ကြားမှုများပြုလုပ်နေကြောင်း သိရသည်။ 

စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ကြေညာခဲ့ပြီး နောက်တရက်မှစတင်ကာ နိုင်ငံအနှံ့တွင် စစ်ကောင်စီလက်အောက်ခံများက လူငယ်အများပြားကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်မှုများ၊ စစ်သားစုဆောင်းရေးတပ်များကို မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ကချင်၊ မွန်၊ ရခိုင်၊ မကွေး၊ ဧရာဝတီ တိုင်းမှ လူငယ် ၂၀၀ ထက်မနည်းကို အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများပြုလုပ်ခဲ့သည်ဟု BACS ၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။ 

BACS ကပြုလုပ်ထားသော စစ်ကောင်စီ၏စစ်မှုထမ်းစနစ် အကောင်အထည်ဖော်မှု အခြေအနေများ အစီအရင်ခံစာကို အဓမ္မစစ်သားစုဆောင်းမှုနှင့်ပတ်သက်ပြီး ကြုံတွေ့ရသည့် အခြေအနေများကို ပြည်သူ ၂၅၀၀ ကျော်တွင် ပြည့်စုံစွာ ဖြေကြားသူ ၈၀၀ ကျော်ရှိကြောင်း၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ မြို့နယ်ပေါင်း ၁၇၄ မြို့နယ်၊ သတင်းမီဒီယာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးနယ်မြေ ၄၉၈ နယ်မြေမှ အချက်အလက် စသည်တို့ကို အခြေခံ ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။ 

မြောက်ပိုင်းညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် အင်အားမှာ ခဏအတွင်း ပြိုဆင်းလာခြင်းကြောင့် စစ်အင်အားပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် အဓမ္မဖမ်းဆီး ပေါ်တာဆွဲခြင်း၊ ပြည်သူ့စစ်စုဆောင်းခြင်းများ တိုးမြှင့်လုပ်ဆောင်လာသည့်အပြင် ခေတ်အဆက်ဆက် ကျင့်သုံးခြင်းမရှိသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး နိုင်ငံတဝန်းမြို့နယ်ပေါင်း ၁၇၄ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာပေါင်း ၄၉၈ ခုကို စာရင်းရယူပြီး မဲနှိုက်ရွေးချယ်ခြင်း၊ လူစားထိုးခြင်းစသည့် နည်းပေါင်းစုံဖြင့် လူငယ် (၅၀၀၀) ကျော်ကို အဓမ္မစစ်သင်တန်းပေးမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ 

စစ်မှုထမ်းဥပဒေအရဟုဆိုတာ အဓမ္မစုဆောင်းခံရသူများကို စစ်သင်တန်းပေးနေသည့် ကျောင်းများသည် စစ်ကောင်စီတပ်စိုးမိုးရာနေများဖြစ်ကြောင်း၊ အဓိက ပို့ဆောင်ခဲ့သည့် သင်တန်းကျောင်းများမှာ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ) များနှင့် တပ်မတော်တန်းမြင့်သင်တန်းကျောင်း (တတက) များဖြစ်ကြောင်း၊ အခြားသင်တန်းကျောင်းများမှာ အမှတ် ၁ အရာခံအကြီးသင်တန်းကျောင်း (ဗထူး) နှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (တကနဟိုပုံး) ကျောင်းများလည်း ပါရှိကြောင်း သိရသည်။ 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအဓမ္မပြဋ္ဌာန်းအတည်ပြုပြီးနောက် လူငယ်အများအပြားသည် စစ်မှုထမ်းဖောင်ဆောင်မှုအပေါ်  မြို့နယ်ပေါင်း ၂၀ က ရပ်ကွက် ကျေးရွာ ၂၀၀ မှ ပြည်သူများ၏ တုံ့ပြန်မှုများမှာ နေရပ်စွန့်ခွါတိမ်းရှောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုမပြုခြင်း၊ ပူးပေါင်းဆောင်ရွက်မှုမပြုသည့်အထဲတွင် အုပ်ချုပ်ရေးရေးမှူးများ နုတ်ထွက်ခြင်းများလည်းရှိကြောင်း၊ PDF အဖြစ်ဝင်ရောက်ခြင်းများလည်းရှိကြောင်း၊ စစ်မှုထမ်းရမည်ဟုဆိုသည့်အတွက် မိမိကိုယ်ကို သက်သေသူ ၆ ဦးအထိရှိကြောင်း BACS ၏အစီအရင်ခံစာတွင် ဖော်ပြထားသည်။ 

စစ်မှုထမ်းဥပဒေမှ ရှောင်ထွက်သူများ နေရပ်စွန့်ခွါသူများထဲတွင် ပြည်သူ့ရင်ခွင်ကို ချိတ်ဆက်သူ ၁၃၀၀၀၊ တော်လှန်ရေးတပ်သားအဖြစ် ဝင်ရောက်သူ ၂၀၀၀၊ ခခိုလှုံရာနေရာများသို့ သွားရောက်သူ ၁၅၀၀၊ ကိုရီးယားစားမေးပွဲဝင်ဖြေသူ ၆၄၀၀၀၊ ထိုင်းဗီဇာလျှောက်ထားသူ ၂၀၀၀၀၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ ၁၀၀၀ ရှိကြောင်း၊ ယခုဖော်ပြပါစာရင်းများသည် ရရှိထားသည့် သတင်းအချက်အလက်ကို အခြေခံတွက်ထားသည့်အတွက် မြေပြင်တွင် ယခုထက် ပိုများပြားနိုင်သည်ဟု အစီအရင်ခံစာတွင် ဖော်ပြထားသည်။ 

BACS ၏ စစ်မူထမ်းစနစ် အကောင်အထည်ဖော်နေမှုအခြေနေများ အစီအရင်ခံစာ ရယူလိုပါက

Red News Agency

By Editor