Min Aung Hlaing

🔴 [EXCLUSIVE] TIME မဂ္ဂဇင်းမှာ အရှက်တကွဲဖြစ်ခဲ့ရတဲ့ မင်းအောင်လှိုင် | TIME Magazine

🔴 [EXCLUSIVE] TIME မဂ္ဂဇင်းမှာ အရှက်တကွဲဖြစ်ခဲ့ရတဲ့ မင်းအောင်လှိုင် | TIME Magazine

Red News Agency သတင်းဌာနကနေ အခုတင်ဆက်ပေးမှာကတော့ "မှန်ကြိုက်တဲ့ မင်းအောင်လှိုင်ရဲ့ အရှက်တကွဲ" ဖြစ်ရပ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတရူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့နဲ့ ကမ္ဘာကျော်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဩဇာကြီးမားတဲ့ TIME မဂ္ဂဇင်းကို တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မျှော်လင့်ထားသလို ဖြစ်မလာဘဲ အရှက်တကွဲ အကျိုးနည်းခဲ့ရတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ https://youtu.be/Ewm4B6vT0J8?si=zIDILtqeuF4WtxFE 🔴 TIME မဂ္ဂဇင်း ဆောင်းပါး အနှစ်ချုပ် - 📌 တွေ့ဆုံမှုမတိုင်မီ ပြင်ဆင်မှုနှင့် ဟန်ဆောင်မှုများ နေပြည်တော်ရှိ အင်တာဗျူးလုပ်မည့် အခန်းတွင်းသို့ မင်းအောင်လှိုင် မရောက်မီ ကနုတ်ဘောင်များတပ်ဆင်ထားသည့် မှန်တစ်ချပ်…
Read More
နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃

နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃

"နိုင်ငံတစ်နိုင်ငံမှာ အာဏာတည်ရှိရာဟာ ပြည်သူသာဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း လက်နက်အားကိုး ဘယ်လိုပဲ အနိုင်ကျင့်နေပေမယ့် ပြည်သူလက်မခံတဲ့ အခြေအနေကြုံလာတဲ့အချိန်မှာ အရှုံးနဲ့သာရင်ဆိုင်ရမှာ" ******************** မောင်ဝိ ဒီကနေ့အချိန်မှာတော့ စစ်ကောင်စီချုပ်ငြိမ်းဖို့ မကြာတော့ဘူးလို့ ပြောရနိုင်တဲ့အခြေအနေဖြစ်နေပြီ။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရေချိန်ဟာ တနှစ်ထက်တနှစ်ပိုမိုမြင့်တက်လာတာကြောင့်ပဲ ဖြစ်တယ်။ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေး ၃ နှစ်အတွင်း စစ်ရေး နိုင်ငံရေးနဲ့ နိုင်ငံတကာ အရေးတွေအပါအဝင် စစ်ကောင်စီဘက်မှာ ပြိုကျနေပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရတဲ့ နှစ်လို့ ပြောရပါတယ်။ အသိသာဆုံးနဲ့ အထင်ရှားဆုံး နားလည်အောင် ပြောရမယ်ဆိုရင်၊ ၂၀၂၂ ခုနှစ်မှာ စစ်တပ်ထောက်ခံသူတွေဘက်က “ဘယ်တပ်ရင်းတွေ သိမ်းပြီးပြီလဲ" ဆိုတဲ့ မေးခွန်းထုတ်မှုမျိုးနဲ့ တော်လှန်ရေးကို…
Read More
ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းပေမဲ့ ရောင်းမကောင်းတဲ့ စစ်တပ်

ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းပေမဲ့ ရောင်းမကောင်းတဲ့ စစ်တပ်

"NMSP ကကော ဘာလို့ NCA နဲ့ ပတ်သက်လို့ ဘာအသံမှ ထွက်မလာတာလည်း ဆိုတာက တော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့ကိစ္စ ဖြစ်နေပါကော။ NMSP ဘက်ကနေကော နယ်မြေလှုပ်ရှားမှုခြင်းဆက်စပ်နေတဲ့ KNU လိုမျိုး NCA ပျက်ပြယ်ပြီဆိုတဲ့ သဘောမျိုး ရှိနေတာလား" လှဆောင် NCA စထိုးကတည်းက မင်းအောင်လှိုင်နဲ့ တန်းတူရည်တူဆက်ဆံခံခဲ့ရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေခင်မျာ အခုတော့ ချောင်လေးတွေမှာကုပ်လို့။ မင်းအောင်လှိုင်ဆိုတာ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ခန်းမစင်မြင့်နဲ့အနီးဆုံးမှာ နေရာယူပြီး တစ်ယောက်ထဲ ဆန့်ဆန့်ကြီးနဲ့ ထိုင်လို့။ ဒါနဲ့များ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကိုသွားမယ်တဲ့၊ တန်းတူရည်တူရှိတဲ့ နိုင်ငံကြီးကို တည်ဆောက်မယ်တဲ့ ပြောမှပြောထွက်တဲ့ ပါးစပ် ရွှေကိုချထားရဦးမယ်။ သူ့နောက်မှာတော့ မင်းအောင်လှိုင်ဆီက…
Read More
မင်းအောင်လှိုင်အကြံ ဒါအကုန်ပဲလား 

မင်းအောင်လှိုင်အကြံ ဒါအကုန်ပဲလား 

မလုပ်ရဲတာ ဘာမှမရှိတဲ့ ” မအလ တစ်သိုက်သည် Silent Strike အသံတိတ်ကိုမူ ကြောက်ဒူးတုန်၏။ လက်နက်ကြီးတကားကား ကိုင်ထားကြသူများ Silent Strike ကို အသေကြောက်၏။ Silent Strike မအောင်မြင်အောင် အကြံအမျိုးမျိုးထုတ်၏ အကြမ်းဖက်မင်းအောင်လှိုင်အဖွဲ့၏ အာဏာလု စစ်ကောင်စီ သက်တမ်းဟာ ယနေ့ ပြည့်ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကြမ်းဖက် အုပ်စုက လူထုရွေးချယ်တင်မြောက်ထားသော သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များ အစိုးရအဖွဲ့ဝင်များ၊ NLD အစိုးရလက်ထက်ကတည်းက မအလ အုပ်စုတစ်သိုက် အမုန်းအာဃာတ အငြိုးထားသူအားလုံးကို မတရားဖမ်းဆီးခဲ့သည်။ထိုသို့ ဖမ်းဆီးခဲ့ရာတွင်လည်း ပြည်သူ ကျွေးသည့်…
Read More
မင်းအောင်လှိုင် လုံခြုံရေးလုပ်ခဲ့ပြီး ရှေ့တန်းထွက်ရသည့် တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

မင်းအောင်လှိုင် လုံခြုံရေးလုပ်ခဲ့ပြီး ရှေ့တန်းထွက်ရသည့် တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။   မင်းအောင်လှိုင်မိသားစုလုံခြုံရေးနှင့်ကိုယ်ရံတော်လုပ်ခဲ့သူ တပ်ရင်းမှူးအဆင့်နှင့်ရှေ့တန်းထွက်ရစဉ် ယမန်နေ့က KIA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။   စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မြောက်ဘက် တောထဲတွင် နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည်ပိုင်းမှညနေပိုင်းအထိ ၃ ကြိမ် ဖြစ်ပွားသည့် စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ နှစ်ပွင့်ဗိုလ်နှင့်အခြားအဆင့်ပါ ၂၀ ဝန်းကျင်သေဆုံးပြီး၊ KIA ရဲဘော်တဦး ကျဆုံးခဲ့ရသည်ဟု Indaw Revolution-IR က ထုတ်ပြန်ထားသည်။ (more…)
Read More
ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာမှာ စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ နံနက် (၈) နာရီဝန်းကျင်က ရွာမှထွက်ခါနီး ပြည်သူ (၂) ဦးကိုသတ်ကာ လူနေအိမ် ၃၂ လုံး ၊နွားစာတိုက် ၈ လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃ ထောင်နီးပါး စသည်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယောကာကွယ်ရေးတပ် - YDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ [embedyt] https://www.youtube.com/watch?v=Vpa_CnlDIc0[/embedyt] Red News Agency
Read More