အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

RNA_စက်တင်ဘာ ၁၉၊ ၂၀၂၂ ခုနှစ်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာလ (၁၁) ရက်နေ့ညက ပြန်ရောက်လာပြီးနောက် လူမြင်ကွင်းမှ ပျောက်နေသည်ကို တွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရုပ်သံများနှင့် သတင်းစာများတွင် မင်းအောင်လှိုင်နှင့်ပက်သက်ပြီး သ တင်းဖော်​ပြခြင်း မရှိသည်ကိုတွေ့ရသည်။

ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ နှင့် ငြိမ်းချမ်းရေး တွေ့ဆုံနွေးမှုဟု ဆိုကာ ဟန်ပြလုပ်ဆောင်နေသည်။ ထို လက်နက် ကိုင် ၁၀ တွင်လည်း တိုက်ပွဲများ ဆင်နွှဲနေကြသည့်အဖွဲ့ အများစုပါနေသည်။

“ပုံမှန်အစည်းအဝေး လုပ်တယ်။ စကားပြောတယ်ဆိုတာမျိုး မတွေ့ရဘူး။ သတင်းစာတွေထဲမှာလည်း သူ့အကြောင်း သတင်းမတွေ့မိဘူး” ဟု မင်းအောင်လှိုင်နှင့်ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေသူတစ်ဦးက ​ပြောသည်။

ယခင်ကဆိုလျှင် လက်နက်ကိုင်အဖွဲ့များနှင့် အာဏာ သိမ်းအကြမ်းဖက်ခေါင်းဆောင်က ကိုယ်တိုင်တွေ့ဆုံခဲ့သည်။ သို့သော်လည်း ယခုမူ စက်တင်ဘာ ၁၅ရက်မှ ၁၇ ရက်နေ့အထိ နေပြည်တော်သို့ လာပြီးဆွေးနွေးသည့် DKBA ၊ KNU KNLA( PC) တို့ကို တွေ့ဆုံခဲ့ခြင်းမရှိ၊ ဟန်ပြ ဖွဲ့ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့်သာ တွေ့ဆုံခဲ့သည်ကိုတွေ့ရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုလ ၄ မှ စတင်ကာ ရုရှားသို့ သွားရောက်ခဲ့ပြီး ရုရှား သမ္မတ ပူတင်နှင့်လည်း တွေ့ဆုံစကားပြောခဲ့ပြီး၊ အဆိုပါ တွေ့ဆုံမှုသည် နှစ်နိုင်ငံ G TO G အစိုးရအချင်းချင်း တွေ့ဆုံခြင်းမျိုး မဟုတ်သလို သမ္မတ ပူတင်နှင့်တွေ့ဆုံရာတွင်လည်း သိမ်ငယ်စိတ်ဖြင့် တွေ့ဆုံခဲ့ရသည့် အနေအထားသာဖြစ်ကြောင်း ထောက်ပြဝေဖန်ကြသည်။

Red News Agency

By Editor