အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F

စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲဆိုတာ လေပေါ်မှာ တိုက်အိမ်ဆောက်သလိုဖြစ်နေ

စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲဆိုတာ လေပေါ်မှာ တိုက်အိမ်ဆောက်သလိုဖြစ်နေ

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၄ခုနှစ်။   စစ်ကောင်စီသည် နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေပြီး ကျဆုံးဖို့တခုသာရှိိတော့သည်ဟု ပြောထားသည့်အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးလည်း "ရွေးကောက်ပွဲတခု တရားဝင်ဖြစ်လာဖို့ဆိုတာ ဒါ ..စိတ်ကူးယဉ်အိပ်မက်တခုဖြစ်တယ် ပြောရရင်လေပေါ်မှာ တိုက်အိမ်ဆောက်သလိုပဲလေနော် လုံးဝဖြစ်လာမှာမဟုတ်ဘူး" ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF မှ တပ်မှူးကိုအောင်စံရှားက ပြောကြားထားသည်။ #RedNewsAgency
Read More
စစ်တောင်းမြစ်၏ အရှေ့ခြမ်း အနောက်ခြမ််းအားလုံးမှာ တော်လှန်ရေးတပ်ဖွဲ့တွေရောက်နေပြီ

စစ်တောင်းမြစ်၏ အရှေ့ခြမ်း အနောက်ခြမ််းအားလုံးမှာ တော်လှန်ရေးတပ်ဖွဲ့တွေရောက်နေပြီ

RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၄ ခုနှစ်။   တောင်ပိုင်းတိုင်းစစ်ဒေသ အပါအဝင် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအခြေအနေများ၊ နယ်မြေစိုးမိုးမှုအခြေအနေများနှင့် ပတ်သက်သောအကြောင်းအရာများ၊ မြို့ပြစစ်ဆင်ရေးတွင်လည်း "ရွှေလက်ပိုင်ရှင်" စသည့် စစ်ဆင်ရေးများစွာ ဖော်ဆောင်ထားနိုင်သည့် NUG/MOD PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force - S.O.F)၏ တပ်မှူး ကိုအောင်စံရှားကို ပြည်သူများ သိချင်နေသည့် မြေပြင်တော်လှန်ရေးအခြေအနေများနှစ်ပတ်သက်ပြီး Red News Agency က ဆက်သွယ်မေးမြန်းထားသည်။ #RedNewsAgency
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ၂ နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် မြို့တွင်း စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခဲ့

အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ၂ နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် မြို့တွင်း စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခဲ့

RNA_ဇူလိုင်(၂၁)၊၂၀၂၃ ခုနှစ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ရဲဘော်များသည် ၂ နှစ်အတွင်း ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများ၊ စခန်းသိမ်းတိုက်ပွဲများကို ဆင်နွှဲခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်နေ့သည် တပ်ဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းများနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည်။ ၂ နှစ်အတွင်း ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများတွင် ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာအပါအဝင် ၅၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၉၁ ဦးသေဆုံးခဲ့ကြောင်း၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စခန်းသိမ်းတိုက်ပွဲ ၄ ကြိမ်၊ စစ်ကြောင်းထိတွေ့တိုက်ပွဲ ၃၅ ကြိမ်၊ ဒရုန်းနှင့်လက်နက်ကြီးတိုက်ပွဲ ၁၆ ကြိမ် ပြုလုပ်ခဲ့ရာတွင်…
Read More
ထိုးစစ်ဆင်သည့်ကာလဖြစ်ပြီး (၂) နှစ်အတွင်း ထင်မှတ်မထားလောက်အောင် တော်လှန်ရေးအောင်မြင်နေ

ထိုးစစ်ဆင်သည့်ကာလဖြစ်ပြီး (၂) နှစ်အတွင်း ထင်မှတ်မထားလောက်အောင် တော်လှန်ရေးအောင်မြင်နေ

RNA_ဇွန်(၁၄)၊၂၀၂၃ ခုနှစ်။ လက်နက်ကိုင်ခုခံစစ်တွင် ယခုကာလသည် ထိုးစစ်ဆင်သည့် ကာလာဖြစ်ပြီး နွေဦးတော်လှန်ရေး (၂) နှစ်အတွင်း အထင်မှတ်ထားလောက်အောင် အောင်မြင်နေသည်ဟု Red News Agency နှင့် အင်တာဗျူးတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံ တပ်မှူးအောင်စံရှားက ပြောကြားထားသည်။ “ဒီကာလကတော့ ထိုးစစ်ဆင်တဲ့ကာလပေါ့ ဒီ ၂ နှစ်တွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေ နောက်ဦးဆောင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ တခုချင်း တခုချင်းကို အကောင် အထည်ဖော်နေကြတာပေါ့နော် ဒါပေမဲ့ ကျွန်တော်တို့ မှန်းသလောက်မရောက်ပေမဲ့လည်း ကျွန်တော်တို့ မထင်မှတ်ထားလောက်အောင် တော်လှန်ရေးက အောင်မြင်နေတယ်ပေါ့နော်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံ တပ်မှူးအောင်စံရှားက ပြောသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F သည် တောင်ပိုင်းတိုင်းစစ်ဒေသတွင်…
Read More
မြို့ပြစစ်ဆင်ရေး နှစ်ထောင်ကျော်တွင် ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံး

မြို့ပြစစ်ဆင်ရေး နှစ်ထောင်ကျော်တွင် ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံး

RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်းအတွင်း ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာကာလအတွင်း စစ်ဆင်ရေး နှစ်ထောင်ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် အခြားသော တော်လှန်ရေး အင်အားစုများမှ မြို့ပြစစ်ဆင်ရေးများဆင်နွှဲခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် တော်လှန်ရေးရဲဘော် (၈၀) ကျော်ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ (၁,၀၀၀) ကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင်…
Read More
S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force - S.O.F) ၏ အထူးလေ့ကျင့်ရေးမှတ်တမ်း အပိုင်း (၁) ရုပ်သံကို ပြည်သူများထံ တင်ပြထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ အမျိုးသမီးရဲမေများ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေ

အထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ အမျိုးသမီးရဲမေများ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေ

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အတွင်းရှိ အမျိုးသမီးရဲမေများသည် စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။   “S.O.F အမျိုးသမီးရဲမေအားလုံးသည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၏ မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးအစီအစဥ်များအား ကိုယ်တိုင်ပါဝင်၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ S.O.F အမျိုးသမီးရဲမေအားလုံးသည် တပ်ဖွဲ့၏ ဦးဆောင်မှု၊ စစ်ရေး၊ ထောက်/ပို့၊ ထောက်လှမ်းရေး ဂဏ္ဍအသီးသီးတွင် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိကြသည်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ထံမှ ပြောကြားထားသည်။ (more…)
Read More