မြိုင်

မြိုင် – ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းကို PDF များတိုက်ခိုက် စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိ

မြိုင် – ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းကို PDF များတိုက်ခိုက် စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိ

RNA_ဇူလိုင်(၁၁)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မြိုင် - ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းချနေထိုင်သော စီမံကိန်းရုံးကို PDF တပ်ဖွဲ့များက ဇူလိုင် ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်မှုအောင်မြင်ခဲ့ပြီး စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိသည်ဟု တမာမြေပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးကို ဇူလိုင် ၉ ရက်နေ့က ဒေသခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တစ်နေ့ကုန်နီးပါး (နံနက် ၄ နာရီကျော်မှ ည ၇ နာရီ) တိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများကို သိမ်းပိုက်ရရှိထားကြောင်း၊ စစ်ကောင်စီတပ်သားများလည်းသေဆုံးမှုရှိသည့်ပြင် တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
ပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော် J7 ၏ဈာပနအခမ်းအနား ကျင်းပ

ပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော် J7 ၏ဈာပနအခမ်းအနား ကျင်းပ

RNA_ဒီဇင်ဘာ(၂၅)၊၂၀၂၄ခုနှစ်။ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲဘော် ရတီအောင် (ခ) ရဲဘော် J7 သည် သရက်ကွပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့်အတွက် ဈာပနအခမ်းအနား ကျင်းပခဲ့သည်ဟု ပခုက္ကူခရိုင် တပ်ရင်း ၇ - Myaing's Hero Generationsက ထုတ်ပြန်ထားသည်။ (more…)
Read More
လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော်များအတွက် တစ်နှစ်ပြည့်အခမ်းအနားပြုလုပ်

လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော်များအတွက် တစ်နှစ်ပြည့်အခမ်းအနားပြုလုပ်

RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော် (၃) ဦး၏ တစ်နှစ်ပြည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ လင်းကတောနယ်မြေရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ တိုက်ခိုက်စဉ် ဒီဇင်ဘာ ၆ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ််ခဲ့ရာ ဒီဇင်ဘာ (၇) ရက်နေ့တွင် မြိုင်မြို့နယ် ပ.က.ဖ မှ ရဲဘော် (၅) ဦး၊ ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော် (၃) ဦး ကျဆုံးခဲ့ရခြင်းဖြစ်သည်။ (more…)
Read More
စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

RNA_ဧပြီ(၂)၊၂၀၂၄ခုနှစ်။  အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်တွင်း ရောက်လာသူများအနေဖြင့် ရဲဘော်ဖြစ်လာသည့်အတွက် တိုက်ပွဲဝင်ရတော့မည်ဖြစ်ပြီး အာဏာရှင်စနစ်ကို မနိုင်မချင်းတိုက်ခိုက်ကြမည်ဟု Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ရဲဘော်များကို အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောကြားထားသည်။  စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်မှုမထမ်းလိုသည့် လူငယ်တချို့သည် နီးစပ်ရာ PDF တပ်ဖွဲ့များကို ဆက်သွယ်ကာ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ကြရန် လုပ်ဆောင်နေကြပြီး၊ Myingyan Black Tiger (MBT) တပ်ဖွဲ့ ရောက်ရှိလာသည့် လူငယ်များပါဝင်သည့် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၉) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းပွဲအခမ်းအနားအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်ဟု မတ်လ ၂၉ ရက်နေ့က ကြေညာထားသည်။ #RedNewsAgency
Read More
ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် Myingyan Black Tiger (MBT) အမှတ် (၂) စခန်းမှ ရဲဘော်တဦးဒဏ်ရာရရှိကာ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရပြီးနောက် နေ့တွင်းချင်း ပြန်လည်ကယ်ထုတ်နိုင်ရေးအတွက် MBT တပ်ဖွဲ့ရဲဘော်များအင်အားအများအပြားဖြင့် မြို့တွင်းဝင်ကာ စစ်ကောင်စီတပ်စခန်းချထားသည့် ရုံးပေါင်းစုံတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အင်အားအများအပြားဖြင့် MBT ရဲဘော်များ မြို့ပေါ်တက်လာသည့်အတွက် စစ်ကောင်စီတပ်မှ ဒဏ်ရာရ ရဲဘော်ဆေးကုနေသည့်ဆေးရုံတွင် အင်အားပြည့်တင်းထားသည့်အတွက် ရုံးပေါင်းစုံစခန်းကိုသာ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရဲဘော်အား မကယ်နိုင်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများရှိကြောင်း MBTက ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး   RNA_ဧပြီ(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်သုံးစီးဖြင့် ပစ်ခတ်ခတ်ဝင်ရောက်စီးနင်းပြီး ဆရာဝန်တဦးနှင့် ဆရာမတဦးကို လေယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံပြည်သူ (၁၄) ဦးကို မြေမြင်စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။   မကျည်းကန်ကျေးရွာကို ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းမှပစ်ခတ်ဝင်စီးပြီး အသက် (၁၅) နှစ်အရွယ် မောင်ဖြိုးထက်မောင်ကို သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေစဉ် မန်ကျည်းကန်ဆေးရုံအတွင်းရှိ ဆေးခန်းအဆောင်တစ်ခု၊ နေအိမ် ၃လုံး၊ ဆိုင်ကယ်အစီး၅၀ ခန့်တို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊…
Read More
ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်စစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း Southern YSO PDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဝင်ရောက်လာသည့် စစ်ကြောင်းကို Southern YSO PDF အပါအဝင် ရေစကြိုမြို့နယ်တွင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ မြိုင်မြို့နယ်မှ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ #RedNewsAgency
Read More
တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက် 

တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက် 

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက် RNA_နိုဝင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ် တပ်မ (၁၀၁) မှပြန်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများကို ဒေသခံပြည်သု့ကာကွယ်ရေးတပ်ဖွဲ့များက တွင်းမပျူစောထီးရွာနှင့် သရက်ကန်ပျူစောထီးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) တပ်ခွဲ -၁ နှင့် တပ်ခွဲ-၂( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း၍ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ (more…)
Read More
ကျေးရွာများတော်လှန်ရေးတပ်ဦးနှင့်အတူ ပြည်သူများ ဆန္ဒပြ

ကျေးရွာများတော်လှန်ရေးတပ်ဦးနှင့်အတူ ပြည်သူများ ဆန္ဒပြ

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF)မှ ပြည်သူ့ရဲဘော်များ ပူးပေါင်းပါဝင်ဝန်းရံပေးမှုဖြင့် မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဗိုလ်ချုပ်အောင်ဆန်း ၏ (၁၀၇)နှစ်ပြည့်မွေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ "အောင်ဆန်းသွေးဟေ့ရဲရဲနီတယ် နောက်မတွန့်ဘူးအဆုံးထိတိုက်မယ်" ဟု ဘန်နာများကိုင်ဆောင်ပြီး ကြွေးကြော် သံများ၊ ကာကွယ်ရေးခေါင်းဆောင်များနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခဲ့ကြကြောင်း သိရသည်။ Photo: BEGSC-MYAING Red News Agency
Read More
မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

RNA_ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းအား မြိုင် PDF၊ ရေစကြို PDF၊ ဆားလင်းကြီး PDF၊ ရွှေဓားဗိုလ်တပ်ဖွဲ့တို့ ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ညနေ့ ( ၂) နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ( ၃) မြို့နယ် ပူးပေါင်း၍( ၁) နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီီး G-3 ( ၅ ) လက် နှင့် ကျည် (၄၀၀) ၊ အူစီ (၃…
Read More