မြောင်မြို့နယ်

တိုက်ပွဲအတွင်း PDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရပြီး ဖမ်းဆီးခံရသည့် ရဲဘော် (၁) ဦးလည်း ကျဆုံးခဲ့ရ

တိုက်ပွဲအတွင်း PDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရပြီး ဖမ်းဆီးခံရသည့် ရဲဘော် (၁) ဦးလည်း ကျဆုံးခဲ့ရ

RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာသို့ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄) မှ စခန်းမှူး ဗိုလ်စာကလေး (ခ) ဆရာသက်ခိုင်အား ဖမ်းဆီးသွားသည့်အတွက် ကယ်ထုတ်ရန် တိုက်ပွဲဖြစ်ပွားချိန် PDF ရဲဘော် (၃) ဦးကျဆုံးကာ ဖမ်းဆီးခံလိုက်ရသည့် ရဲဘော် သက်ခိုင်ပါ ကျဆုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံလိုက်ရသည့် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄) မှ စခန်းမှူး ဗိုလ်စာကလေး (ခ) ဆရာသက်ခိုင် အားကယ်ထုတ်သည့် တိုက်ပွဲအတွင်း ဆရာသက်ခိုင်၏ သားကြီးဖြစ်သူ PDF ရဲဘော်ပါ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဈာပန

သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဈာပန

RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာအနီး၊ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် (၁)၊ တပ်ခွဲ (၃) စခန်းအား စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံစဉ် လက်နက်အင်အားမမျှသည့်အတွက် စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကျဆုံးခဲ့ရပြီး ဈာပနအခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။ " CDSOM လို့ပေါ်ပေါက်ပြီး မြောင်နယ်ရဲ့တော်လှန်ရေးအစကတည်းက ကျဆုံးချိန်ထိ လက်တွဲညီညီ သစ္စာရှိရှိနဲ့ တပည့်ပေါင်းများစွာမွေးထုတ်ပေးပြီး ခေါင်းဆောင်ကောင်းပီသစွာ ရွတ်ရွတ်ချွံချွံတိုက်ပွဲတွေဝင်ခဲ့တဲ့မင်း။ အဖွဲ့ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ ပိုင်ဆိုင်မှုတွေရောင်းချပေါင်နှံပီး တော်လှန်ရေးအပေါ် အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့မင်း။ ငါယုံကြည် ငါအားကိုးရတဲ့မင်း ငါ့အနားကထွက်ခွားသွာခဲ့ပြီ။ ငါကိုယ်တိုင်လဲ လဲကျချင်နေပီ ဒါပေမယ့် အားတင်းပီး မင်းတို့ရဲ့ဆန္ဒတွေပြီးမြောက်သည်ထိ…
Read More
မဲစာရင်းကောက်သော ထွေအုပ်ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံရ

မဲစာရင်းကောက်သော ထွေအုပ်ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံရ

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြိုါနယ်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်း (၃)ဦးနှင့် အမျိုးသားဝန်ထမ်း(၁)ဦးတို့ကို စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ယမန်နေ့ (ဇန်ဝါရီလ (၁၄) ရက်)က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ " စစ်ကောင်စီကျင်းပပြုလုပ်မည့် အတုအယောင်ရွေး ကောက်ပွဲအတွက် မဲစာရင်းကိစ္စဖြင့်လာရောက်ရာ စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အပြစ် ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်" ဟု NUG ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်း…
Read More
စစ်ကြောင်းထိုးပြီး မြောင်မြို့နယ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

စစ်ကြောင်းထိုးပြီး မြောင်မြို့နယ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

RNA_ဒီဇင်ဘာ(၇)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာသူရွာသားများမရှိသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။ " မနက် ၇ နာရီခွဲလောက်တွင် အကြမ်းဖက်စစ်ခွေးများသည် ရွှေဘုံသာကျေးရွာသို့ဝင်ရောက်ပြီး။ ၈နာရီခွဲတွင် ရွှေဘုံသာကျေးရွာအား မီးရှို့နေသည်။ လက်ရှိခွေးများသည် ထိုရွာထဲတွင်ရှိနေပြီး ပြည်သူများသည် မနေ့ညကထည်းက စစ်ရှောင်ပြေးနေကြရသည်" ဟု မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ-CDSOM  က ယမန်နေ့က အသိပေးထားသည်။ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများထွက်ပြေးနေကြရကြောင်း၊ ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်က ရွှေဘုံသာကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကြောင်းထွက်သွားသည်နှင့် ရွာသူရွာသားများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ (more…)
Read More
အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် မြောင်ဗိုလ်တောက် ထွန်းအဖွဲ့ ( MyaungBoTaukTun(MBTT) Special Force မှ အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီး၏ စျာပနအခမ်းအနားကို ယမန်နေ့ (စက်တင် ဘာ၂၄ ရက်) က ပြုလုပ်ခဲ့ရာ အခက်အခဲများကြားမှ တော်လှန်ရေး အင်အားစုများတက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။ (more…)
Read More