စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

RNA_ဧပြီ()၊၂၀၂၄ခုနှစ်။ 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်တွင်း ရောက်လာသူများအနေဖြင့် ရဲဘော်ဖြစ်လာသည့်အတွက် တိုက်ပွဲဝင်ရတော့မည်ဖြစ်ပြီး အာဏာရှင်စနစ်ကို မနိုင်မချင်းတိုက်ခိုက်ကြမည်ဟု Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ရဲဘော်များကို အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောကြားထားသည်။ 

စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်မှုမထမ်းလိုသည့် လူငယ်တချို့သည် နီးစပ်ရာ PDF တပ်ဖွဲ့များကို ဆက်သွယ်ကာ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ကြရန် လုပ်ဆောင်နေကြပြီး၊ Myingyan Black Tiger (MBT) တပ်ဖွဲ့ ရောက်ရှိလာသည့် လူငယ်များပါဝင်သည့် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းပွဲအခမ်းအနားအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်ဟု မတ်လ ၂၉ ရက်နေ့က ကြေညာထားသည်။

#RedNewsAgency

By Editor