Tag: လျှပ်စစ်မီးလင်းရေး

  • ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပျက်နေသည့်အတွက် ပြည်သူများ အခက်တွေ့နေ

    ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပျက်နေသည့်အတွက် ပြည်သူများ အခက်တွေ့နေ

    RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ် မတ်လအကုန်နှင့် ဧပြီအစမှာပင် ရန်ကုန်မြို့၌ လျှပ်စစ် ဓာတ်အား ဆိုးဆိုးရွားရွားပျက်တောက်နေသည့်အတွက် ရေရှားပါးမှုများပါ ဖြစ်ပွားနေကြောင်း သိရသည်။

    စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနမှ ရန်ကုန်မြို့အတွင်းတွင် လျှပ်စစ်မီးလာချိန် မမှန်သည့်အပြင် ပေးချင်သလိုပေး ဖြတ်ချင်သလို ဖြတ်နေကြောင်း၊ နေ့တစ်ဝက်ခန့် မီးပျက်ခြင်း၊ နာရီပိုင်းနှင့် မိနစ်ခန့်ပိုင်းသာ လာပြီး မီးပြန်ပျက်သွားခြင်းများ ကြုံတွေ့နေကြရသည်။

    “နေ့ပျက် ညပျက် သန်ခေါင်းကျော်ပျက် အလုပ်ချိန်ပျက် အလုပ်ပြန်ချိန်လည်းပျက် မင်းအောင်လှိုင် နောက်လိုက် အီးပီစီကသူတွေ ပြည်သူကို စေတနာမရှိတာ ပေါ်လွင်နေတယ်။ တမင်လုပ်နေတာ ပျက်လိုက်လာလိုက်နဲ့‌လေ အခြေအနေမကောင်းရင်  မီးပါလောင်တတ်တယ်။ ဒါပြည်သူကို ဒုက္ခ ရောက်အောင် သောက်ကျင့်ယုတ်နေတာလို့ပဲ ထင်တယ်” ဟု အလုံမြို့နယ် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

    ရန်ကုန်မြို့နေ ပြည်သူများသည် ‌မီပုံမှန်မလာသည့် အတွက် ရေတင်မရ ၊ အချိန်မီအခါမီ ချက်ပြုတ်စားသောက်မရ၊ ဒုက္ခ ရောက်နေကြရကြောင်း၊ စားသောက် ဆိုင်များနှင့် လျှပ်စစ်မီးဖြင့် အလုပ် လုပ်ကိုင်နေရသည့် လုပ်ငန်းများ အနေဖြင့် မီးစက်ဖြင့် အလုပ်လုပ်ကိုင်နေရသည့်အတွက် စရိတ်အကုန်ကျများကာ လုပ်ငန်းအတွက် ထိခိုက်မှုများရှိကြောင်း၊ ဆိုင်များ ပုံမှန်အချိန်ထက်စောကာ ၁ နာရီ ၂ နာရီထက် စောကာ ပိတ်သိမ်းနေကြရကြောင်း သိရသည်။

    ရန်ကုန်မြို့တွင်  ရေမရ၊မီးမရ နွေရာသီကာလ လျှပ်စစ်မီး  ဆိုးဆိုးဝါးဝါး ပျက်နေပါက နေ့ဆိုလျှင် မီးစက်သံညံနေပြီး ညဆိုလျှင် တစ်မြို့လုံး အမှောင်ထုလွှမ်းနေခြင်းဖြစ်သည်။

    #RedNewsAgency

  • အာဏာသိမ်း မင်းအောင်လှိုင်လက်ထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်၍ အလှည့်ကျမီးဖြတ်နေ

    အာဏာသိမ်း မင်းအောင်လှိုင်လက်ထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်၍ အလှည့်ကျမီးဖြတ်နေ

    RNA_ဒီဇင်ဘာ ၈၊ ၂၀၂၂ ခုနှစ် ။
     
    ရွေးကောက်ခံပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်သည့်အတွက်  အလှည့်ကျ မီးဖြတ် မီးပေး လုပ်နေရကြောင်း သိရသည်။
     
    ရွေးကောက်ပွဲမှတဆင့် အစိုးရဖြစ်လာသည့် NLD လက်ထက်တွင် နွေရာသီလောက်သာ မီးပျက်မှုများရှိပြီး၊ တိုင်းနှင့်ပြည်နယ်အနှံ့တွင် လျှပ်စစ်မီးရရှိရေးကြိုးပမ်းခဲ့သော်လည်း မင်းအောင်လှိုင်လက်ထက် ကျေးလက်မီးလင်းရေးမှာ မျှော်လင့်ချက်မရှိတော့သည့်အပြင် မီးရရှိသည့်ကျေးရွာများတွင်ပင် မီးမရရှိတော့ကြောင်း သိရသည်။

    (more…)