Red News Agency

လောင်းလုံ ဒေသခံများ ရေဘေးနှင့် မြေပြိုမှုများ ကြုံနေရချိန် စစ်အုပ်စုက စစ်ကြောင်းထိုး

လောင်းလုံ ဒေသခံများ ရေဘေးနှင့် မြေပြိုမှုများ ကြုံနေရချိန် စစ်အုပ်စုက စစ်ကြောင်းထိုး

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၌ ဒေသခံပြည်သူများ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့နေရချိန် စစ်အုပ်စုက ကူညီကယ်ဆယ်ရေးအကြောင်းပြကာ စစ်ကြောင်းထိုးမှုများရှိနေကြောင်း ထားဝယ်အမျိုးသား အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက Red News Agency ကို ပြောသည်။ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့၌ ရေကြီးရေလျှံမှုနှင့် တောင်ပြို/မြေပြိုမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့နေရခြင်းဖြစ်ပြီး ကျေးရွာပေါင်း (၆၀) ကျော်မှ နေအိမ် (၅၀) ကျော်နှင့် လမ်းတံတား အဆောက်အအုံများ (၁၀) ခုထက်မနည်း ထိခိုက်ပျက်စီးမှုရှိနေကြောင်း သိရသည်။ ထို့ပြင် လောင်းလုံမြို့နယ် ကရင်ကြီးရွာ၌လည်း စက်တင်ဘာ (၂၆) ရက်နှင့် ယနေ့ (စက်တင်ဘာ ၂၈…
Read More
ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ (၃၃) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၃၆) ဦးအထိ မြင့်တက်လာ

ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ (၃၃) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၃၆) ဦးအထိ မြင့်တက်လာ

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ (၃၃) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၃၆) ဦးအထိ မြင့်တက်လာကြောင်း အာရက္ခတပ်တော် (AA) က ထပ်မံထုတ်ပြန်လာသည်။ ယနေ့ (စက်တင်ဘာ ၂၈ ရက်) နေ့လည် (၁၂) နာရီဝန်းကျင်က ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားသည့် ကစ္ဆပနဒီတံတားအနီးရှိ အိန္ဒိယဈေးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အများပြည်သူသွားလာရာ ဈေးဝန်းကျင်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ (၇၀) အထိရှိနေကြောင်း ရခိုင်ဒေသတွင်း သတင်းများ၌လည်း ဖော်ပြထားပြီး ကစ္ဆပနဒီတံတားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ယခု ကျောက်တော်မြို့ အိန္ဒိယဈေး…
Read More
အနီရောင်အဆင့် အားကောင်းသည့်မုန်တိုင်းငယ် ရန်ကုန်ကို ဖြတ်မည်ဟု မိုးဇလ ထုတ်ပြန်

အနီရောင်အဆင့် အားကောင်းသည့်မုန်တိုင်းငယ် ရန်ကုန်ကို ဖြတ်မည်ဟု မိုးဇလ ထုတ်ပြန်

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ မွန်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းသည့် မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲလာပြီး ရန်ကုန်တိုင်းကို ဖြတ်သန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ယနေ့ (စက်တင်ဘာ ၂၈ ရက်) နေ့လည် ၃ နာရီတွင် ထုတ်ပြန်ထားသည်။ အနီရောင်အဆင့် သတ်မှတ်ထားသည့် မုန်တိုင်းငယ်သည် နောက်ထပ် (၁၂) နာရီအတွင်း ပိုမိုအားကောင်းလာမည်ဖြစ်ပြီး လက်ရှိအခြေအနေ၌ မုတ္တမကွေ့အနီးမှတဆင့် ရန်ကုန်တိုင်း သုံးခွမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ (၃၅) မိုင်အထိရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ ယင်းနောက် နောက်ထပ် (၃၆) နာရီအတွင်း မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့ကို ဦးတည်ကာ…
Read More
ထားဝယ် ရေကြီး၊ တောင်ပြိုမှုအတွင်း သေဆုံးသူ (၁၃) ဦးအထိရှိလာပြီး (၃၀) ကျော် ပျောက်ဆုံးနေ

ထားဝယ် ရေကြီး၊ တောင်ပြိုမှုအတွင်း သေဆုံးသူ (၁၃) ဦးအထိရှိလာပြီး (၃၀) ကျော် ပျောက်ဆုံးနေ

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် တောင်ပြိုမှုများကြောင့် ဒေသတွင်းပြည်သူ (၁၃) ဦးအထိရှိလာပြီး (၃၀) ကျော် ပျောက်ဆုံးနေကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) က ယနေ့ (စက်တင်ဘာ ၂၈ ရက်) ထုတ်ပြန်ထားသည်။ ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများကြောင့် လောင်းလုံမြို့နယ်မှ ဒေသခံပြည်သူ (၁၀) ဦး၊ ထားဝယ်မြို့နယ်တွင် (၁၀) ဦး၊ သရက်ချောင်းမြို့နယ်တွင် (၁) ဦးတို့ သေဆုံးခဲ့ကြောင်း၊ ကျေးရွာပေါင်း (၆၀) ကျော် ရေနစ်မြုပ်မှုများရှိနေကြောင်း သိနေရသည်။ ယင်းဖြစ်စဉ်များအတွင်း ပျောက်ဆုံးနေသူ ၉၃၀) ကျော်ရှိနေပြီး နေအိမ် (၅၀) ထက်မနည်း ထိခိုက်ပျက်စီးကာ လမ်းတံတား (၁၀) ခုထက်မနည်း…
Read More
စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် (၁၀)ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရ

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် (၁၀)ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် (၁၀) ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းပြန်ကြားရေးက စက်တင်ဘာ (၂၇) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ AA တပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း၊ သံတွဲ၊ ရသေ့တောင်၊ ဝီရဌာနီ (ပေါက်တော)၊ ဂွ၊ ကျောက်တော်၊ အဉ္ဇနပူရ (မင်းပြား) တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့မှ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ ထိခိုက်သေဆုံးခဲ့ခြင်း…
Read More
ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ကရင်နီပြည်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်သည် စက်တင်ဘာ (၂၇) ရက် ညနေ (၆) နာရီ (၄၅) မိနစ်၌ ကွယ်လွန်သွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ထားသည်။ KNPP အမြဲတမ်းပါတီဗဟိုကော်မတီဝင်လည်းဖြစ်သည့် အသက် (၇၆) နှစ်အရွယ် ဗိုလ်မှူးကြီး ဘုန်းနိုင်သည် ကျန်းမာရေးချို့ယွင်းမှုကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ရဲဘော် နနဲပလိုးက Red News Agency ကို ပြောသည်။ ဗိုလ်မှူးကြီးဘုန်းနိုင်၏ နာရေးအခမ်းအနားကို စက်တင်ဘာ (၃၀) ရက်တွင် ကရင်နီပြည်နယ်စပ်တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း KNPP က အသိပေးထားသည်။ ပြီးခဲ့သည့် ဩဂုတ် (၃၀) ရက်ကလည်း…
Read More
အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုအပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ပြော

အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုအပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ပြော

RNA_စက်တင်ဘာ(၂၆)၊၂၀၂၆ခုနှစ် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးတိုင်းစစ်ဌာနနယ်မြေကို စစ်အုပ်စုက ဗုံးကြဲတိုက်ခဲ့မှုအတွင်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သော်လည်း ၎င်းတို့အပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားက ပြောကြားခဲ့ကြောင်း သိရသည်။ စက်တင်ဘာ (၂၅) ရက်က ပြုလုပ်ခဲ့သည့် အထူးတိုင်းစစ်ဌာန၏ “ဝိုင်းချစ်မယ့် တိုင်းစစ်” ကမ်ပိန်း၌ ရဲဘော် အောင်စံရှား၏ စာဖြင့် ရေးသားပေးပို့မှုကို အထူးတိုင်းစစ်ဌာန စစ်ရေးအရာရှိ ရဲဘော်တိုးကြီးကတဆင့် ကမ်ပိန်း၌ ပြောကြာခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ကို မစိုးရိမ်ကြပါနဲ့။ အဓိကလိုအပ်နေတဲ့အရာတွေအတွက်ပဲ အင်အားဖြည့်ပေးကြပါ။ ကိုယ်တတ်နိုင်တဲ့ဘက်က၊ ကိုယ်ရောက်နေတဲ့နေရာကနေ တစ်ယောက်တစ်လှည့် ဝိုင်းဝန်းပေးကြရင်း အားတစ်ခုဖြစ်ပေးကြပါ။ တစ်ယောက်ထဲ သန်မာဖို့မဟုတ်ဘူး။ အားလုံးအတူတူ သန်မာကြမယ်။ အတူတူရှိမယ်။ အတူတူရပ်တည်မယ်။ အတူတူ သန်မာကြမယ်”ဟု…
Read More
စစ်အုပ်စုအလိုရှိနေသည့် မူးယစ်တရားခံကို ဗီယက်နမ်က လွှဲပြောင်းပေး

စစ်အုပ်စုအလိုရှိနေသည့် မူးယစ်တရားခံကို ဗီယက်နမ်က လွှဲပြောင်းပေး

RNA_စက်တင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။ စစ်အုပ်စု အလိုရှိနေသည့် မူးယစ်ဆေးဝါးဖြန့်ချိရာ၌ အဓိကတရားခံတစ်ဦးဖြစ်သူကို ဗီယက်နမ်အစိုးရက ဖမ်းဆီးပြီးနောက် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC Myanmar) ထံ စက်တင်ဘာ (၂၄) ရက်က လွှဲပြောင်းပေးခဲ့ကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် (၂၀) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး မက်သာဖက်တမင်း (၈၁၀) ကီလိုဂရမ် ဖြန့်ချိရောင်းချမှု၌ အဓိကတာဝန်ရှိသည့် မှော်ဘီမြို့နယ်နေ ဝေထွန်းဆိုသူကို စစ်အုပ်စုက ဖမ်းဆီးရန် လုပ်ဆောင်ရန် မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သို့ အဆင့်ဆင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ ယင်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့မှုအပေါ် မြန်မာတာဝန်ရှိသူများက မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်အစိုးရ…
Read More
ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်း ဗုံးကြဲခံရမှုအတွင်း ခရီးသွားပြည်သူ (၅) ဦး သေဆုံး

ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်း ဗုံးကြဲခံရမှုအတွင်း ခရီးသွားပြည်သူ (၅) ဦး သေဆုံး

RNA_စက်တင်ဘာ(၂၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းတစ်နေရာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူ (၅) ဦး သေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (စက်တင်ဘာ ၂၅ ရက်) ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၃) ရက် နံနက် (၁၁) နာရီဝန်းကျင်နှင့် ညနေ (၄) နာရီခွဲဝန်းကျင်တို့၌ အင်းတော်မြို့နယ် နောင်မိုးရွာနှင့် စက်တောကုန်းရွာကြား ကားလမ်းပိုင်းကို စစ်အုပ်စုက ဗုံးအလုံးရေ (၄၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာသည် စစ်ရေးနှင့်သက်ဆိုင်သည့်နေရာမဟုတ်ဘဲ အများပြည်သူ ကုန်ကူးသန်းသွားလာရာနေရာဖြစ်ပြီး မိုးရာသီကာလ လမ်းပိုင်းမြေကျွံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်နေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…
Read More
ကောလင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၂) ဦး သေဆုံး၊ (၈) ဦး ထိခိုက်ဒဏ်ရာရ

ကောလင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၂) ဦး သေဆုံး၊ (၈) ဦး ထိခိုက်ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် အမှတ် (၁) တပ်ရင်းက စက်တင်ဘာ (၂၄) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၄) ရက် ညနေ (၅) နာရီ (၁၅) မိနစ်ဝန်းကျင်က ကုက္ကိုကုန်းရွာရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ပြီး ဗုံး (၂) လုံးနှင့် ရော့ကတ် (၄) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကုက္ကိုကုန်းရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့်…
Read More