19
Oct
RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ် မန္တလေးတိုင်း မိုးကုတ်မြို့၌ လုံခြုံရေးတာဝန်ယူခဲ့သည့် လီဆူလက်နက်ကိုင်တပ်ဖွဲ့ဝင်များ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်မှုသည် တပ်ဖွ့ဝင်တိုင်း လိုက်နာရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA) က ယနေ့ (အောက်တိုဘာ ၁၉ ရက်) ထုတ်ပြန်လာသည်။ ဦးဂူဆီ ဦးဆောင်သည့် လီဆူတပ်ဖွဲ့ဝင် (၅၀) ကျော်သည် လက်နက်ခဲယမ်း (၅၀) ဝန်းကျင်နှင့်အတူ အောက်တိုဘာ (၁၃) ရက်က မြန်မာစစ်ကောင်စီ (စစ်အုပ်စု) ထံ ဘက်ပြောင်းဝင်ရောက်သွားခြင်းကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အဖွဲ့အစည်းနှင့် ကင်းကွာသွားပြီးဖြစ်ကြောင်း အသိပေးထားသည်။ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရာက်သွားသည့် လီဆူတပ်ဖွဲ့၏ လှုပ်ရှားမှုများကို PSLF/TNLA က အမြဲမပြတ် စောင့်ကြည့်သွားမည်ဟု ပြောကြားထားပြီး ပြည်သူများအပေါ် ဖိနှိပ်စော်ကားမှုများ…