“အာဏာသိမ်းလိုက် ရွေးကောက်ပွဲပြန်လုပ်လိုက် ပုံစံကိုပြန်သွားနေသည်မှာထင်ရှားနေသော်လည်း ပြည်သူများသည်စစ်တပ်အုပ်ချုပ်မှုအောက်မှာမနေနိုင်တော့သည်ကို ရွေးကေက်ပွဲတွင်သက်သေပြပြီးဖြစ်သည်။ ပြည်သူကရွေးချယ်တင်မြှောက်သည့်နိုင်ငံရေးပါတီကိုအာဏာမအပ်နှံပါက မထင်မှတ်ထားတာတွေ ထိုင်းနိုင်ငံအတွင်းမှာပေါ်ပေါက်လာနိုင်ပါတယ်။ရွေ့လျားပြောင်းလဲလာသည့်အချိန်နှင့်အမျှလူထုသည်အရာရာကိုဖိနှိပ်မခံလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးအတွက်တွန်းလှန်တိုက်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေနိုင်ပါသည်”
အောင်ဇေ
ထိုင်းနိုင်ငံသည်မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံဖြစ်ပြီးမြန်မာ့ဒီမိုကရေစီအရေး၊ရွေ့ပြောင်းလုပ်သားများ၏အရေးစစ်ဘေးရှောင်နယ်စပ်ဖြတ်ကျော်သူများအရေးစသည့်ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့်မြန်မာနိုင်ငံသားများသည်ထိုင်းနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲအပေါ်မူတည်၍များစွာပြောင်းလဲအကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။ထိုင်းနိုင်ငံသည်စစ်တပ်အာဏာသိမ်းထားသည်မှာ၁၉၃၂ခုနှစ်မှ၂၀၁၄ခုနှစ်အထိစုစုပေါင်းအောင်မြင်သောအာဏာသိမ်းမှုနှင့်မအောင်မြင်သောအာဏာသိမ်းမှုအပါအဝင်စုစုပေါင်း၁၉ကြိမ်ထိရှိခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ၂၀၁၉ခုနှစ်တွင် ရွေးကောက်ပွဲတစ်ကြိမ်ပြုလုပ်ခဲ့ပြီ စစ်တပ်၏အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးပရာရွတ်က ဝန်ကြီးချုပ်ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့သသည်မှာ ယခုအချိန်ထိ ဖြစ်ပါသည်။ ယခုပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲတွင်းလည်း နိုင်ငံရေးပါတီ ၇၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသည် စစ်တပ်က အာဏာသိမ်းခြင်းကို လက်မခံနိုင်သည့် အတိုက်အခံပါတီများစွာရှိပါသည်။ ယခုလက်ရှိ ဝန်ကြီးချုပ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးပရာရွတ်သည် ၂၀၂၃ ခုနှစ်မေလတွင် လွတ်လပ်ပြီတရားမျှတသောဒီမိုကရေစီရွေကောက်ပွဲတွင် ၎င်း၏ ပါတီ ရှုံးနိမ့်ခဲ့မည်ဆိုပါလျှင် အိမ်ပြန်ပြီ နိုင်ငံရေးလောကမှ ထွက်ခွာသွားမည်ဟု မေလ ၁၁ ရက်နေ့က သတင်းမီဒီယာများနှင့်တွေ့ဆုံစဥ်ပြောကြားခဲ့သလို လက်ရှိ စစ်တပ်အကြီးအကဲကလည်း ထိုင်းစစ်တပ်က နောက်တကြိမ်အာဏာသိမ်းမှု ရှိလာမှမဟုတ်တော့ကြောင်း ထပ်မံပြောကြားခဲ့ပါသေးသည်။

၂၀၂၃ ခုနှစ် မေလ၁၄ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၇၀ ကျော်ဝင်ပြိုင်သည့်ထဲမှ အတိုက်ခံအင်အားကြီးသောပါတီ ၂ခုမှာ မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပထမမဲအများဆုံးရရှိသောပါတီသည် လူငယ်များဖြင့်ဖွဲ့စည်းထားသော Move Forward ပါတီဖြစ်ပြီး၊ ဒုတိယမဲအများဆုံးရရှိသောပါတီသည် ယခင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီးပါတီ ပွေ့ထိုင်းပါတီတို့ ဖြစ်ကြပါသည်။ ပထမ မဲအများဆုံးရရှိသော Move Forward ပါတီသည် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသောပါတီဖြစ်ပြီ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်ကအာဏာသိမ်းသည့်အချိန်တွင်လည်း ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့သလို မဲစောက်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ထိုင်းအစိုးရက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ထံ အပ်နှံသည့် အချိန်တွင်လည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ထို့အပြင် Move Forward ပါတီသည် ဇွန်လ ၁၁ ရက်နေ့ကလည်း ပါတီခေါင်းဆောင်က Twitter အကောင့်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက မတရားထောင်ဒဏ်ချမှတ်မှုများကို ကန့်ကွက်ကြောင်းနှင့် မြန်မာ့ဒီမိုအရေစီအရေးနှင့် ငြိမ်ချမ်းရေးဖြစ်စဥ်များအတွက် နိုင်ငံရေးအကျဥ်သားများအားလုံး လွတ်ပေးဖို့ကိုလည်း ရေးသားတောင်းဆိုခဲ့ပါသည်။ Move Forward ပါတီအနေဖြင့် မြန်မာ့အရေးကို အစဉ်တစိုက်စောင့်ကြည့်နေပြီး စစ်အာဏာရှင်များ၏ လူမဆန်သည့် လုပ်ရပ်များကို လက်မခံသည့် ထိုင်းနိုင်ငံအတွင်းမှ နိုင်ငံရေးပါတီတခုဖြစ်သည်။ တလျောက်လုံး စစ်တပ်အာဏာသိမ်းမှုကို လက်မခံခဲ့သလို အတိုက်အခံပါတီအဖြစ်လည်း ရပ်တည်ခဲ့သည့်ပါတီဖြစ်သည်။ ယခုလို ရွေးကောက်ပွဲအပြီးသည် ထိုင်းပြည်သူများက တိကျသည့် ဆုံးဖြတ်ချက်တခုကို ချမှတ်လိုက်ကြသည် အဲဒါကတော့ စစ်တပ်နှင့် ဆက်စပ်သည့် ပါတီကိုမရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။လူငယ်များတက်ကြွလှုပ်ရှားသူများလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးလိုလာသူများကိုသာမဲပေးခဲ့ကြခြင်းဖြစ်သည်။
(more…)