စစ်တပ်အာဏာသိမ်းပြီးနောက်

ပ.က.ဖခေါင်းဆောင် (၁) ဦးနှင့် ပြည်သူ (၁၇) ဦးသတ်ခံရမှု အပြစ်ပေးအရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 

ပ.က.ဖခေါင်းဆောင် (၁) ဦးနှင့် ပြည်သူ (၁၇) ဦးသတ်ခံရမှု အပြစ်ပေးအရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 

RNA_မတ်(၄)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် ထီးဆောင်းရွာ အခြေချ တပ်မ (၃၃) တပ်သားများသည် ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော်နှင့် ဒေသခံပြည်သူ (၁၇) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားသည့်အတွက် အပြစ်ပေးအရေးယူနိုင်ရေး NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။ ထီးဆောင်းရွာအခြေချ စစ်ကောင်စီတပ် တပ်မ (၃၃) တပ်သားများသည် မတ်လ (၂) ရက်နေ့က ပ.က.ဖ ခေါင်းဆောင်အား ဖမ်းဆီးသတ်ဖြတ်ပြီး တာတိုင်ရွာမှ တပ်ဆုတ်ချိန် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ (၁၇) ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
မဲစာရင်းကောက်သော ထွေအုပ်ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံရ

မဲစာရင်းကောက်သော ထွေအုပ်ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံရ

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြိုါနယ်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်း (၃)ဦးနှင့် အမျိုးသားဝန်ထမ်း(၁)ဦးတို့ကို စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ယမန်နေ့ (ဇန်ဝါရီလ (၁၄) ရက်)က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ " စစ်ကောင်စီကျင်းပပြုလုပ်မည့် အတုအယောင်ရွေး ကောက်ပွဲအတွက် မဲစာရင်းကိစ္စဖြင့်လာရောက်ရာ စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အပြစ် ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်" ဟု NUG ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်း…
Read More
အာဏာသိမ်း မင်းအောင်လှိုင်လက်ထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်၍ အလှည့်ကျမီးဖြတ်နေ

အာဏာသိမ်း မင်းအောင်လှိုင်လက်ထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်၍ အလှည့်ကျမီးဖြတ်နေ

RNA_ဒီဇင်ဘာ ၈၊ ၂၀၂၂ ခုနှစ် ။   ရွေးကောက်ခံပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်သည့်အတွက်  အလှည့်ကျ မီးဖြတ် မီးပေး လုပ်နေရကြောင်း သိရသည်။   ရွေးကောက်ပွဲမှတဆင့် အစိုးရဖြစ်လာသည့် NLD လက်ထက်တွင် နွေရာသီလောက်သာ မီးပျက်မှုများရှိပြီး၊ တိုင်းနှင့်ပြည်နယ်အနှံ့တွင် လျှပ်စစ်မီးရရှိရေးကြိုးပမ်းခဲ့သော်လည်း မင်းအောင်လှိုင်လက်ထက် ကျေးလက်မီးလင်းရေးမှာ မျှော်လင့်ချက်မရှိတော့သည့်အပြင် မီးရရှိသည့်ကျေးရွာများတွင်ပင် မီးမရရှိတော့ကြောင်း သိရသည်။ (more…)
Read More
ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

RNA_မတ်၂၂၊၂၀၂၂ခုနှစ်။ နိုင်ငံရေးမတည်ငြိမ်ဖြစ်နေသည့်ကာလ အများ ပြည်သူ စိတ်နှလုံးမသာမယာ ဖြစ်နေသည့် ယခုလိုကာလတွင်း လက်နက်နှင့် အုပ်ချုပ်နေရသည့် စစ် ကောင်စီက ရန်ကုန်တွင် သင်္ကြန်ကျင်းပရန် စီစဥ်နေသည်။ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပြီး စီးပွားရေးကျင်းနေချိန် ၊ပြည်သူ လူထု အလုပ်အကိုင်မဲ့ ဖြစ်နေချိန်တွင် စစ်ကောင်စီ အာဏာလုခဲ့သည့်အတွက် လူထုမှာ ကိုဗစ်ဘေးကော၊ ကိုစစ်ဘေးကော နေ့စဥ် ရင်ဆိုင်နေရပြီး နေ့စဥ် သောကရောက်နေကြရပြီး၊ မလုံခြုံမှုနှင့် စိုးရိမ်ထိန့်လန့်မှုများ နေ့စဥ် ကြုံတွေ့ခံရနေကြရသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက နဂိုပုံမှ​န်အခြေအနေ ပြန်ရောက်ပြီပြသရန်၊ အုပ်ချုပ်ရေး အာဏာသက်ရောက်ပြီဆိုသော အဖြစ်ကို ပြသရန် သင်္ကြန်ပွဲကျင်းပနိုင်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ (more…)
Read More
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့က မူးယစ်ဆေး အသုံးပြုသူများ

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့က မူးယစ်ဆေး အသုံးပြုသူများ

RNA-နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် တရားဥပဒေစိုးမှု နည်းလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ သဖန်းဆိပ်တွင် မူးယစ်ဆေးသုံးစွဲသူတွေဟာ ပေါ်ပေါ်ထင်ထင် အသုံးပြုနေကြသည်။ ကျောက်မဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲက ဖမ်းဆီးမှုရှိသော်လည်း ခဏတာသာဖြစ်ပြီး မူးယစ်သုံးစွဲသူတွေ အရောင်း အဝယ်ပြုလုပ်သူတွေဟာ ရှိနေတာဖြစ်ပါတယ်၊ ယခု Video ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ရိုက်ကူးထားသည်။ မူးယစ်ဆေး အရောင်း အဝယ်ပြုလုပ်သူတွေ ကျောက်မဲမြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေသည့်အတွက် လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနေသည့်အတွက် ဆေးစွဲသူများလာ‌ပြီး ဆေးဖြတ်ချင်သူနည်းပါးနေကြောင်း၊ မိမိဆန္ဒအရ မူးယစ်ဆေး ဖြတ်ချင်သူတွေအနေနှင့် ကျောက်မဲမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနတွင် အချိန်မရွေးလာရောက်နိုင်ကြောင်း ကျောက်မဲမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန…
Read More