BACS

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူ (၅၀၀၀) ဝန်းကျင်ရှိပြီး ပေါ်တာဆွဲခံရသူ ၂၂၀ ဝန်းကျင်ရှိ

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူ (၅၀၀၀) ဝန်းကျင်ရှိပြီး ပေါ်တာဆွဲခံရသူ ၂၂၀ ဝန်းကျင်ရှိ

RNA_ဧပြီ(၁၈)၊၂၀၂၄ ခုနှစ်။  အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ် လူရွယ်များကိုဦးတည်ပစ်မှတ်ထားပြီး ပထမအကြိမ် စစ်မှုထမ်းစုဆောင်းခံရသူ (၅၀၀၀) ဝန်းကျင်ခန့်ရှိပြီး တပ်သားစစ်စုစောင်းမှု ခေါင်းစဉ်အောက်က ပေါ်တာဆွဲခံရသူ ၂၂၀ အနည်းဆုံးရှိသည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ Burma Affairs & Conflict Study က စစ်ကောင်စီ၏ စစ်မူထမ်းစနစ် အကောင်အထည်ဖော်နေမှုအခြေနေများ အစီအရင်ခံစာတွင် ဖော်ပြထားသည်။  ယနေ့ အချိန်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းရရှိထားသည့် ပြည်သူ (၅၀၀၀) ခန့်ကို စခတ -၁ ဖောင်းကြီး (လှည်းကူး)၊ စခတ -၂ သပိတ်ကျင်း၊ စခတ - ၆ ရွှေမြင်တင် (ပုသိမ်)၊ စခတ -…
Read More
မြောက်ခင်ရန်းရွာ မီးရှို့သတ်ဖြတ်မှုကို စစ်ကောင်စီဖုံးကွယ်ရန် ကြိုးစားနေသည့်အတွက် သက်သေအထောက်အထားများကို BACS က ထုတ်ဖော်

မြောက်ခင်ရန်းရွာ မီးရှို့သတ်ဖြတ်မှုကို စစ်ကောင်စီဖုံးကွယ်ရန် ကြိုးစားနေသည့်အတွက် သက်သေအထောက်အထားများကို BACS က ထုတ်ဖော်

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၄ခုနှစ်။ YDF ရဲဘော်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့သော်လည်း စစ်ကောင်စီနှင့်အတူ လော်ဘီများက ဖုံးကွယ် (ငြင်းဆို) ရန်ကြိုးစားနေသည့်အတွက် ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ - BACS က အချက်အလက်များနှင့်တကွ ထုတ်ဖော်ထားသည်။ မကွေးတိုင်း၊ ဂန့်ဂေါနယ်၊ မြောက်ခင်ရန်းရွာ၊ ရွာမြောက်ဘက်အထွက်၊ ဆေးရုံရှေ့က ကုက္ကိုလ်ပင်မှာ YDF ရဲဘော် (၂) ဦးဖြစ်သည့် ရဲဘော် ဖိုးတေနှင့် ရဲဘော် သားထောင်တို့ (၂) ဦးကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (ပျူ) များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့က နှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မီးရှို့သတ်ဖြတ်သည့် ရုပ်သံကြည့်ရန်  >>>> နှလုံးရောဂါရှိသူများ၊ အသက်ငယ်သူများနှင့် ကျန်းမာရေးမကောင်းသူများ အရှင်လတ်လတ်မီးရှို့နေခြင်းဖြစ်သည့်…
Read More
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်

RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။  စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲများထက် အရပ်သားများကို ဦးတည်တိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးကို မဟန့်တားနိုင်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး - Burma Affairs & Conflict Study ( BACS) အဖွဲ့မှ ကိုမင်းထက်အောင်က ပြောကြားထားသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများ အစီရင်ခံစာကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး - Burma Affairs & Conflict Study ( BACS) က ယခုလအတွင်း ထုတ်ပြန်ထားသည်။
Read More
လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်အတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရ

လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်အတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရ

RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ ခုနှစ်။ မြေပြင်တိုက်ပွဲများအတွင်း ရှုံးနိမ့်နေသည့်အတွက် စစ်ကောင်စီ၏ လေတပ်မှ လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်ပြုလုပ်မှုအတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရပြီး အရပ်သား ၃၂၃ ထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။ မှတ်ချက် - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့်အလေ့အထများ အစီအရင်ခံစာ PDF ရယူရန်  ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး - Burma Affairs & Conflict Study ( BACS) အဖွဲ့က ပြုလုပ်ထားသည့် အစီအရင်ခံစာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို…
Read More
အိန္ဒိယအစိုးရ မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေ

အိန္ဒိယအစိုးရ မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။ သက်တန်းအရှည်ကြာဆုံး ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံဟု ပြောဆိုနေသည့် အိန္ဒိယနိုင်ငံအစိုးရသည် အာဏာသိမ်းမြန်မာစစ်ကောင်စီနှင့်ပူးပေါင်းနေခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့- Burma Affairs and Conflict Study ဦးဆောင်သူ မခရစ္စတင်းက ပြောသည်။ BACS နှင့် India for Myanmar တို့ ပူးပေါင်း၍ စစ်အာဏာသိမ်းပြီး လပေါင်း (၃၀) အတွင်း အိန္ဒိယနိုင်ငံ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ (၃၀) ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့သည်။ (more…)
Read More