Tag: Myingyan Black Tiger(MBT)

  • 5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်

    5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်

    RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုဒေသနှင့်မြင်းခြံဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ ရက်နေ့က ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း) နေရာတွင် 5.56mm ကျည်သုံး ကာဘိုင်သေနတ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=UHC6hWypa9U[/embedyt]

    #RedNewsAgency #REDNEWS #RNA #AhNyar

  • စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

    စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

    RNA_ဧပြီ()၊၂၀၂၄ခုနှစ်။ 

    အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်တွင်း ရောက်လာသူများအနေဖြင့် ရဲဘော်ဖြစ်လာသည့်အတွက် တိုက်ပွဲဝင်ရတော့မည်ဖြစ်ပြီး အာဏာရှင်စနစ်ကို မနိုင်မချင်းတိုက်ခိုက်ကြမည်ဟု Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ရဲဘော်များကို အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောကြားထားသည်။ 

    [embedyt] https://www.youtube.com/watch?v=XjKxp1k2OnM[/embedyt]

    စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်မှုမထမ်းလိုသည့် လူငယ်တချို့သည် နီးစပ်ရာ PDF တပ်ဖွဲ့များကို ဆက်သွယ်ကာ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ကြရန် လုပ်ဆောင်နေကြပြီး၊ Myingyan Black Tiger (MBT) တပ်ဖွဲ့ ရောက်ရှိလာသည့် လူငယ်များပါဝင်သည့် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းပွဲအခမ်းအနားအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်ဟု မတ်လ ၂၉ ရက်နေ့က ကြေညာထားသည်။

    #RedNewsAgency

  • စစ်ကောင်စီ စစ်ရှုံးသည့်ရသာကို ခံစားနေရပြီဟု ဗိုလ်မိုက်ခဲပြော

    စစ်ကောင်စီ စစ်ရှုံးသည့်ရသာကို ခံစားနေရပြီဟု ဗိုလ်မိုက်ခဲပြော

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၄ ခုနှစ်။

    “ကျွန်တော်အမြင်ပြောရမယ်ဆိုရင် စကစရဲ့ဘဝက ဆုပ်လဲစူး စားလဲရူးဆိုတဲ့ ဘဝရောက်နေပြီ။ သေချာတခုကတော့ ဒီကောင်စစ်ရှုံးနေပြီ စစ်ရှုံးတဲ့ အရသာကို သူတို့ခံစားဖူးပြီ စစ်ရှုံးတဲ့အရသာ သိပ်ကိုကြောက်စရာကောင်းပါတယ်” စသဖြင့် အညာရဲ့တော်လှန်ရေးအခြေအနေနှင့် လက်တလောအနေအထားများကို Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=8rwS5ebkSbM[/embedyt]

    Red News Agency

  • စုစုစည်းစည်း ပူးပေါင်းပြီး ရေစကြိုမြို့ပေါ်မှာ ဖော်ဆောင်နိုင်ခဲ့ဟု ဗိုလ်မိုက်ခဲပြော

    စုစုစည်းစည်း ပူးပေါင်းပြီး ရေစကြိုမြို့ပေါ်မှာ ဖော်ဆောင်နိုင်ခဲ့ဟု ဗိုလ်မိုက်ခဲပြော

    RNA_ဇန်နဝါရီ(၁၉)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့အတွင်း စစ်ကောင်စီတပ်သားများ စခန်းချထားသည့် စုပေါင်းရုံး (ထွေအုပ်ရုံး) နှင့် ငြိမ်းဇာနည် ( စစ်မှုထမ်းဟောင်းရုံး) တပ်စခန်းတို့ကို စုစုစည်းစည်းနှင့် ပူးပေါင်းတိုက်ခိုက်နိုင်ခဲ့သည်ဟု Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက Red News Agency ကိုပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=IVlFzqYQtS0[/embedyt]

    Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက် နံနက် ၆နာရီ ၁၀မိနစ်မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံများ တပ်စွဲထားသည့် ထွေအုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံးတို့ကို တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ကျဆုံး ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။

    ယင်းစစ်ဆင်ရေးအတွင်း NY Local PDF၊ Bright Stars Group (LPDF)၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကြားတပ်၊ ညောင်ဦးခရိုင် ရင်း- ၁၊TPGပြောက်ကြားတပ်ဖွဲ့၊ Popa Production & Guerilla Force (PPGF၊ သွေးသောက်တပ်ဖွဲ့စသည်တို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။

    Red News Agency

  • စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

    စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

    RAN_ဒီဇင်ဘာ(၂)၊၂၀၂၃ခုနှစ်။

    “လက်နက်ခဲယမ်းနည်းပါးနေတဲ့ မပြည့်စုံတဲ့လက်လုပ်တွေနဲ့ တိုက်နေရတဲ့အညာဒေသမှာလည်း ကျွန်တော်တို့ နိုင်တဲ့ဘက်က ကျွန်တော်တို့ လုပ်ဆောင်နိုင်တာထက်ပိုပြီး​တော့ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီစကစတပ်သားတွေကို အမြစ်ပြတ်တိုက်ထုတ်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခုခံစစ်ကနေတဆင့် တန်ပြန်တိုက်စစ် တန်ပြန်တိုက်စစ်ကနေတဆင့် ကျွန်တော်တို့ အခုဆိုရင် စခန်းသိမ်းတိုက်ပွဲတွေ ဒီကောင်တွေကို တန်ပြန်ထိုးစစ်မဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ ကျွန်တော်တို့ အညာမှာ မကြာခင် စတော့မှာ ဖြစ်ပါတယ်” ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=HVMrDNeCLLo[/embedyt]

    #RedNewsAgency

  • ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

    ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

    RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့၊ စစ်ကောင်စီလက်အောက်ခံ ငြိမ်းဇာနီတပ်စခန်း (စစ်မှုထမ်းဟောင်းရုံး) အား ဒေသခံ ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်တိုက်ခိုက်ရာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။

    “တိုက်ပွဲကြာချိန် ၂နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းနိုင်ရန် အလိုတွင် ရုံးပေါင်းစုံမှ စစ်ကူလာသော စစ်ကူများအား ကြားဖြတ်တိုက်ခိုက်မှုမှာ ရေရှည်တေဋင့်မခံနိုင်သောကြောင့် တိုက်ခိုက်မှုအပိုင်းမှ ရဲဘော်များအနေဖြင့် ရင်နာနာဖြင့်ပြန်လည်ဆုတ်ခွါပေးခဲ့ရသည်” ဟု Myingyan Black Tiger (MBT) က ထုတ်ပြန်ထားသည်။

    (more…)

  • မီးဘေးသင့် ရေလယ်ကျွန်းဒေသပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကူညီပေးနေ

    မီးဘေးသင့် ရေလယ်ကျွန်းဒေသပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကူညီပေးနေ

    RNA_ဇွန်(၂)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသရှိ​ ကျေးရွာများကို ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်သားများ အပါအဝင် စစ်ကောင်စီလက်အောက်ခံများက ပြီးခဲ့သည့် တစ်ပတ်အတွင်း မီးပတ်ရှို့ခဲ့သည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကူညီပေးနေကြရကြောင်း၊ စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူများအတွက် လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။
    Photo : MBT
     
    ရေလယ်ကျွန်းဒေသတွင်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ မေလ ၂၉ ရ ရက်နေ့အထိ ကျေးရွာ (၂၆) ရွာမီးရှို့ခံခဲ့ကြောင်း၊ ဒေသခံပြည်သူ ထောင်ချီပြီး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

    (more…)

  • ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

    ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

    RNA_မေ(၂၆)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင် ညှင်းပမ်းနှိပ်စပ်မှုများခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=zjB_L-p299w[/embedyt]

    Myingyan BLack Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင်သည် မေလ ၂၄ ရက်နေ့က ရေစကြိုမြို့ပေါ်တွင် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မေလ ၂၅ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများသည် ရဲဘော်တိုးနိုင်ကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ပြီး ချင်းတွင်းမြစ်အတွင်း မျောခဲ့သည့် အတွက် MBT ရဲဘော်များက ပြန်ဆယ်ကာ ယနေ့ ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

    ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

    RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် Myingyan Black Tiger (MBT) အမှတ် (၂) စခန်းမှ ရဲဘော်တဦးဒဏ်ရာရရှိကာ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရပြီးနောက် နေ့တွင်းချင်း ပြန်လည်ကယ်ထုတ်နိုင်ရေးအတွက် MBT တပ်ဖွဲ့ရဲဘော်များအင်အားအများအပြားဖြင့် မြို့တွင်းဝင်ကာ စစ်ကောင်စီတပ်စခန်းချထားသည့် ရုံးပေါင်းစုံတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=JlA-x0t3aI4[/embedyt]

    အင်အားအများအပြားဖြင့် MBT ရဲဘော်များ မြို့ပေါ်တက်လာသည့်အတွက် စစ်ကောင်စီတပ်မှ ဒဏ်ရာရ ရဲဘော်ဆေးကုနေသည့်ဆေးရုံတွင် အင်အားပြည့်တင်းထားသည့်အတွက် ရုံးပေါင်းစုံစခန်းကိုသာ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရဲဘော်အား မကယ်နိုင်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများရှိကြောင်း MBTက ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

    “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

    “ကျွန်တော်တို့ မိုက်ရူးရဲဆန်တယ် စွန့်စားတယ်၊ ကျွန်တော်တို့ သေရဲတယ်”
     
    RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။
    [embedyt] https://www.youtube.com/watch?v=yOLsBVpYpf8[/embedyt]
    စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပြီး ဌာနချုပ်စခန်းစွန့်ခွါခဲ့ရသလို၊ မြင်းခြံဌာနချုပ်စခန်းများလည်း စွန့်ခွါခဲ့ရပြီး ယနေ့အချိန်ထိ ရပ်တည်ကာ နယ်မြေသစ်ရှာဖွေကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်မှုအားကောင်းနေပြီး မဟာမိတ်များနှင့်အတူတကွ ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှုများပါရှိနေသည့် Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“ ဟု ပြောကြားထားပါသည်။
     
    #RedNewsAgency