မဲစာရင်းကောက်သော ထွေအုပ်ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံရ

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ မြောင်မြိုါနယ်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်း (၃)ဦးနှင့် အမျိုးသားဝန်ထမ်း(၁)ဦးတို့ကို စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ယမန်နေ့ (ဇန်ဝါရီလ (၁၄) ရက်)က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီကျင်းပပြုလုပ်မည့် အတုအယောင်ရွေး ကောက်ပွဲအတွက် မဲစာရင်းကိစ္စဖြင့်လာရောက်ရာ စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အပြစ် ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်” ဟု NUG ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီက ဒီမိုကရေစီဟန်ပြ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားပြီး ယခုရက်ပိုင်း အိမ်ထောင်စုစာရင်းနှင့်တိုက်ဆိုင်ပြီး စစ်ကောင်စီလက်အောက်ခံများက မဲစာရင်းကောက်ခံမှုများရှိကြောင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် အခြားမြို့နယ်တို့တွင် လုံခြုံရေးဖြင့် မဲစာရင်းကောက်ခံသည့် စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။

Red News Agency

By Editor