16
Apr
RNA_ဧပြီ(၁၆)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် CDF-KKG မှ Major Operation အဖြစ် ပြုလုပ်သည့် စစ်ရေးဖော်ဆောင်မှုများအတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ ABSDF အမှတ် (၃) စစ်ကြောင်းက ထုတ်ပြန်ထားသည်။ CDF-KKG Major Operation စတင်သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းရှီ ကမ်းပါးနီ စစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဖေဖော်ရီလ ၁၅ ရက်နေ့တွင်လည်း ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်အကြားရှိ မှန်တောရွာနှင့် အောင်သာယာ (အနောက်)ရွာရှိ စစ်ကောင်စီ ခြေကုတ်ယူထားသည့် စစ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၁…