Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

    စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

    RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။

    ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=VGp5DDo8MM0[/embedyt]

    စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။

    (more…)

  • လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

    လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

    RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ််။
     
    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို KNU/KNLA တပ်မဟာ (၆) ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ( စက်တင်ဘာလ ၁ ရက်) အထိ နယ်မြေထိန်းချုပ်ကာ စိုးမိုးထားသည်ဟု Cobra Column တပ်ခွဲ – ၃ က အသိပေးထားသည်။
    [embedyt] https://www.youtube.com/watch?v=jK43wqrQzmI[/embedyt]
    “မိဘပြည်သူများ ပို့သတဲ့မေတ္တာနဲ့ အားပေးဝန်းရံဖေးမကူညီမှု့များကြောင့် ကောင်ဘရာစစ်ကြောင်းစစ်သည်ရဲဘော်များ ဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးတာဝန်များကို ကျေပြွန်စွာထမ်းရွက်လျှက်ရှိနေကြပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်” ဟု Cobra Column တပ်ခွဲ – ၃ က ရုပ်သံနှင့်တကွ အသိပေးထားသည်။
     
    #RedNewsAgency

  • ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

    ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

    RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နှင့်ကံသာယာရွာအကြားတွင် ခင်ဦး ပလဖ ရဲဘော်များ၊စေတန်ဦးဆောင်သည့် MRDA ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ ခင်ဦးမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=Acnrq5AUcf0[/embedyt]

    #RedNewsAgency

  • စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

    စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

    RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၂)၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ခွဲ (၁) Infinite Revolution Force -I.R.F က AK 47 ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း သိရသည်။
     
    “ထုတ်လုပ်သည့်သေနတ်အမျိုးအစားကို AK47ဟု ခေါ်ဆို၍ ထုတ်လုပ်သည့်နေရာသည် စစ်ကိုင်းတိုင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ထုတ်လုပ်ထားသော AK47ကို “AK47 MADE IN SAGAING” (သို့မဟုတ်) “SAGAING MADE AK 47” ဟုခေါ်ဆိုသွားပါမည်” ဟု Infinite Revolution Force ကထုတ်ဖော်ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=1nu23bVkAYo[/embedyt]
     
    “AK 47 MADE IN SAGAING”(သို့အဟုတ်) “SAGAING MADE AK47” ကို တစ်ဆင့်ပြီးတစ်ဆင့် တိုက်ပွဲဝင်ချေမှုန်းရေး သေနတ်တစ်လက်ဖြစ်အောင် အရည်အသွေးမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ယခုအောင်မြင်ထားသည့် AK 47 သည် တစ်တောင့်ချင်း သို့မဟုတ် အတွဲလိုက် ပစ်ခတ်နိုင်ကြောင်း၊ အားနည်းချက်သည် နီကယ်သတ္တုရည်စိမ်ထားသည့် ပြောင်းအစစ်မဟုတ်သည့်အတွက် မကြာခဏ သန့်ရှင်းရေး လုပ်ပေးရသည်ဟု သိရသည်။
     
    #RedNewsAgency

  • စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

    စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

    RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားအုန်းဆီ ၅၀ သားကို ၂၀၀၀ ကျပ်နှင့်ရောင်းချနေသည့်အတွက် ယနေ့ နံနက်ပိုင်းက တန်းစီဝယ်ခဲ့ကြရကြောင်း သိရသည်။

    စားအုန်းဆီ တစ်ပိဿာကို ၁၁၀၀၀ ကျပ်အထိ စျေးတက်သွားခဲ့သည့်အတွက် ရန်ကုန်မြို့နယ်တော်တော်များများတွင် တစ်ပိဿာကို ၄၄၀၀ ကျပ်နှင့် ရောင်းချပေးနေသည့် သတင်းနှင့်အတူ တန်းစီဝယ်ယူနေကြကြောင်း၊ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားဆီ ၅၀ သား၊ ကျပ် ၂၂၀၀ဖြင့် နေရာ ၃ ခုလောက် ရောင်းချခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=GznMcuCZioA[/embedyt]

    “အခုက ဆီတစ်ဗူး ၅၀သားပေါ့၊ ၂၂၀၀ နဲ့ရောင်းပေးတာ။ အမှန်တော့ ဆီက ၅၀ သားမပြည့်ဘူး။ ၄၅ ကျပ်သားပဲရှိတယ်။ ဒါပေမယ့် အပြင်မှာ က ၁၁၀၀၀ စျေးရှိတယ်။ လက်လီဝယ်စားနေရတာက တစ်ဆယ်သားကို ၁၂၀၀ ဝယ်စားရတယ်” လို့ သံစျေးအနီးတဝိုက်မှာ ဆီ ၅၀ သားရရှိရေး ဒလမြို့က လာရောက်တန်းစီနေသည့် အမျိုးသမီးတဦးကပြောသည်။

    ဆီတန်းစီတိုးနေကြသူများသည် ရေသန့်ဗူး (ဝမ်းလီတာ)၊ ရေသန့်လက်ကိုင်ဆွဲဗူးများနှင့် ငွေ ၂၂၀၀ ကိုင်ပြီး နေပူထဲတွင် အချိန်အတော်ကြာ ရပ်ပြီး တန်းစီဝယ်ယူနေကြရကြောင်း၊ အချို့တန်းစီဝယ်ယူနေသူများတွင် ရင်ခွင်ပိုက်ကလေးငယ်များကို ပွေ့ချီကာ တန်းစီနေကြရကြောင်း၊ ကလေးငယ်တချို့ကိုလည်း ရေသန်းဗူးများဖြင့် လာရောက်တန်းစီနေကြကြောင်း တွေ့ရှိရသည်။

    (more…)

  • စားအုန်းဆီ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေ

    RNA_ဩဂုတ်(၃၀)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့မှာ စားအုန်းဆီတပိဿာ ကျပ် တသောင်းအထိ မြင့်တက်လာချိန်မှာ ဒညှင်းကုန်းစျေးမှာတော့ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေတာကြောင့် လူအများကြီးတန်းစီဝယ်ယူနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

    [embedyt] https://www.youtube.com/watch?v=kkWRFK_tjJo[/embedyt]

    ဒီနေ့ သြဂုတ်လ၃၀ရက်မှာ‌တော့ စားအုန်းဆီ တပိဿာ ၉၀၀၀၊၉၅၀၀ကျပ်နဲ့ ၁၀ ပိဿာစျေးနှုန်းကို ၈၅၀၀ကျပ်အထိ ပြန်ကျသွားတယ်လို့ Red News Agencyက စုံစမ်းသိရှိရပါတယ်။

    #RedNewsAgency

  • လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

    လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

    RNA_ဩဂုတ်(၂၉)၊၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း သိမ်းပိုက်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=AnlseoIZ8HY[/embedyt]
    Red News Agency

  • ဆန်တပြည် ၁၀၀ ကျပ်နှင့် အခြေခံလူတန်းစားများရဲ့ဒုက္ခ

    ဆန်တပြည် ၁၀၀ ကျပ်နှင့် အခြေခံလူတန်းစားများရဲ့ဒုက္ခ

    RNA_ဩဂုတ် (၂၈)၊ ၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ ဘဝမြင့်မှတ်တိုင်အနီးရှိ  Aladdin Men Fashion ဆိုင်က ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံး ၁၀၀ ကျပ်နှင့် ဩဂုတ်လ ၂၇ ရက်နေ့က ရောင်းချပေးခဲ့သည့်အတွက် ပြည်သူ တစ်သောင်းခန့် ဒုက္ခခံကာ တန်းစီဝယ်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=q-HMxTQjfnw[/embedyt]

    ရောင်းချမည့်အရေအတွက်က လူ ၅၀၀ ဖြစ်သည့်အတွက် ရန်ကုန်မြို့နယ်ပေါင်းစုံက အခြေခံလူတန်းစားများ နံနက်စောစော အိပ်ရေးပျက်၊ အချိန်ကုန်၊ ဒုက္ခခံလာရောက်ခဲ့ကြသော်လည်း မရရှိခဲ့သူများရှိကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်ဆီဆား အခြေခံ စားသောက်ကုန်စျေးနှုန်းမြင့်မားမှုကြောင့် ရန်ကုန်မြို့ အလုပ်သမား ဆင်းရဲသား အခြေခံလူတန်းစားများ အတော်ဒုက္ခရောက်နေကြရပြီဖြစ်ကြောင်း သိရသည်။

    Red News Agency

  • ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

    ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

    RNA_ဩဂုတ်(၂၈)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတော့မြောက်စုရွာအနောက်ဘက် ( ဒေသအခေါ် ကျွန်းနစ်ကုန်းနှင့် တမာချာက်ရိုးကြား) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းဆိုင်ရာအတွက် လုံခြုံရေးကင်းလှည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=1-_Ew1Tmyrs[/embedyt]
    ပေါက်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် လမ်းပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကင်းလှည့်နေသည့် ပေါက် ပကဖနှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင် ပကဖ ရင်း (၃) ခွဲ(၅) ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးကို မသိရသေးကြောင်း မြိုင် ပကဖမှ ယနေ့ ထုတ်ပြန်ထားသည်။
     
    #RedNewsAgency

  • တော်လှန်ရေးအင်အားစုများ စည်းလုံးမှုအားနည်းလာပြီး နယ်မြေခွဲခြားမှုများရှိလာပြီဟု ဗိုလ်မိုက်ခဲပြော

    တော်လှန်ရေးအင်အားစုများ စည်းလုံးမှုအားနည်းလာပြီး နယ်မြေခွဲခြားမှုများရှိလာပြီဟု ဗိုလ်မိုက်ခဲပြော

    RNA_ဩဂုတ်(၂၇)၊၂၀၂၃ ခုနှစ်။
     
    ဘုံရန်သူကို မနိုင်သေးခင် စည်းလုံးမှုပျက်လို့မဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို ခုခံစစ်စတင်စဉ် တူမီးကာလပျော်စရာကောင်းခဲ့ပေမဲ့ ယခုအချိန်တွင် စည်းလုံးမှုပိုင်းဆိုင်ရာ အားနည်းလာပြီး သူ့နယ်မြေ ငါ့နယ်မြေ ခွဲခြားလာမှုများ ရှိနေသည့်အတွက် ပူးပေါင်းပြီးလုပ်ဆောင်ကြရန် Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=hNdKpJA3Y5Q[/embedyt]
    မြင်းခြံမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်အနေဖြင့် ပွင့်လင်းရာသီရောက်လာပါက အင်အားသုံးဖြိုခွင်းမည့် သတင်းများထွက်ပေါ်နေသည့်အတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ကြရန်အတွက် မဟာမိတ်အင်အားစုဖွဲ့စည်းရန် လုပ်ဆောင်နေသည်ဟု စသဖြင့် ဒေသတွင်း အခြေအနေများကို ပြောကြားထားသည်။
     
    #RedNewsAgency