Tag: ABSDF Column – 3

  • အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

    အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

    RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။
    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများမှ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ယနေ့ အသိပေးထားသည်။

    (more…)

  • စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

    စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

    RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် စစ်ဆင်ရေးများအတွင်း စခန်းများသိမ်းနိုင်ခဲ့ပြီး မိခင်တပ်ရင်းထံ ဧပြီလ (၁၅) ရက်နေ့က ပြန်ရောက်လာသော ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များကို အောင်သပြေများဖြင့် ဒေသခံပြည်သူများက ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=ytkl091gvmI[/embedyt]

    (more…)

  • ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနား အညာဒေသမှာလည်း ပြုလုပ်

    ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနား အညာဒေသမှာလည်း ပြုလုပ်

    RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်အခမ်းအနားကို အညာဒေသတွင်ရှိသော ABSDF အမှတ် ၃ စစ်ကြောင်းတွင်လည်း ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • NUG နှင့် ABSDF တို့ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး နှင့် ဘဏ္ဍာရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်မည်

    NUG နှင့် ABSDF တို့ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး နှင့် ဘဏ္ဍာရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်မည်

    RNA_စက်တင်ဘာ(၁၃)၊၂၀၂၄ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေးနှင့် ဘဏ္ဍာရေးစသည့် ကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

    NUGနှင့် ABSDF တို့ နားလည်မှု စာချွန်လွှာ ချုပ်ဆိုပွဲကို စက်တင်ဘာ ၁၂ ရက်နေ့က ကျင်းပခဲ့ပြီး၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲ ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများ၊ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၁ ရဲဘော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ ရဲဘော် ရဲထွတ် (ခ) လှဌေး ဦးဆောင်သော ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

    (more…)

  • ပုလဲမြို့နယ် လက်တောင်းငယ်ရွာကို စစ််ကောင်စီတပ်မီးရှို့ဖျက်ဆီး

    ပုလဲမြို့နယ် လက်တောင်းငယ်ရွာကို စစ််ကောင်စီတပ်မီးရှို့ဖျက်ဆီး

    RNA_နိုဝင်ဘာ(၉)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိမ်ခြေ ၆၀ ကျော်ရှိ လက်တောင်းကယ်ရွာ တရွာလုံးနီးပါး ( ၁၅ အိမ်သာကျန်) ကို စစ်ကောင်စီတပ်စစ်ကြောင်းက နိုဝင်ဘာလ ၈ ရက်နေ့က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

    ယင်းမာပင်မြို့နယ်မှထွက်လာသော စစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးလိုက်ပါလာသည့် ရှေ့ပြေးပွိုင့်အား ABSDF အမှတ် ၁၄ တပ်ရင်းရဲဘော်များ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများကို ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=NsYbEqQIpZ8[/embedyt]

    စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုအတွင်း နွား ၃ ကောင်နှင့် ဆိတ်ခြံ တခြံလုံး သေဆုံးခဲ့ရပြီး အိမ်ခြေ ၅၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ ABSDF အမှတ် ၁၄ တပ်ရင်းရဲဘော်များနှင့်ပူးပေါင်းအဖွဲ့သည့် မီးသတ်ပေးမှုများလုပ်ခဲ့ကြောင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသည့်အတွက် ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

  • “သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

    “သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။
     
    စစ်ကောင်စီလက်အောက်ခံများသည် စခန်းအတွင်းမှနေ၍ “သတ္တိရှိရင်တက်ခဲ့လို့” အော်ပြောခဲ့ကြပြီးနောက် ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တိုက်ပွဲအတွေ့အကြုံများနှင့် ပတ်သက်ပြီး စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ABSDF Column-3 ရဲဘော်များက ပြောပြထားသည်။
    [embedyt] https://www.youtube.com/watch?v=NEHIw4vuthE[/embedyt]
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက််ခဲ့ကြခြင်းဖြစ်သည်။
     
    #RedNewsAgency

  • စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

    စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

    RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
     
    ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ တပွင့်ဗိုလ်အေးမင်းစိုးနှင့် တပ်သားတဦးတို့ ၎င်းတို့ အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း လေယာဉ်လေထဲ တက်နေပြီ၊ ၁၅ မိနစ်အတွင်း ရောက်မည်ဟု ပြောကြားခဲ့သော်လည်း စခန်းတခုလုံး အသိမ်းခံရသည့်အချိန်ထိ လေယာဉ်ပစ်ကူ မရခဲ့ကြကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=nBxYZCdHYrY[/embedyt]
     
    ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ  ၃ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဗိုလ်အေးမင်းစိုးအပါအဝင် (၆) ဦးသေဆုံးကြောင်း၊ (၁၁) ဦးလက်နက်ချ အညံ့ခံကာ ၄ ဦးထွက်ပြေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ စခန်းကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
     
    #RedNewsAgency

  • ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

    ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

    RNA_နိုဝင်ဘာ(၆)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းတွင်းမှ စစ်ကောင်စီလက်အောက်ခံများ မြေမြုပ်မိုင်းများထောင်ပြီး ထွက်ပြေးသွားသည့်အတွက် ယနေ့ နယ်မြေရှင်းလင်းစဉ် မိုင်းကျွမ်းကျင်သူ ABSDF Column – 3 ရဲဘော်များ ရှင်းလင်းခဲ့ရကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=9QkhwTNfQ3k[/embedyt]

    တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများမှ ဝင်ရောက်ရှင်းလင်းစဉ် ABSDF အမှတ်(၃) စစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကိုယ်တိုင် ဦးစီးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ ထောင်သွားသည့် မြေမြုပ်မိုင်း ၁၀ လုံးကျော် ရရှိကြောင်း ABSDF Column – 3 ပြန်ကြားရေးတာဝန်ခံ ထံမှ သိရသည်။

    #RedNewsAgency

  • စခန်းသိမ်းပြီး ပြန်လာသည့် ရဲဘော်များကို ပြည်သူများ အားရဝမ်းသာ အောင်သပြေနှင့် ကြိုဆို 

    စခန်းသိမ်းပြီး ပြန်လာသည့် ရဲဘော်များကို ပြည်သူများ အားရဝမ်းသာ အောင်သပြေနှင့် ကြိုဆို 

    RNA_နိုဝင်ဘာ(၅)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲပြီး ပြန်လာသည့် ဒေသတွင်းတော်လှန်ရေးရဲဘော်များကို ယနေ့တွင် ပြည်သူများက အားရဝမ်းသာ အောင်သပြေများဖြင့် ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။

    မင်းရွာရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဂန့်ဂေါခရိုင် အမှတ် (၁/၇/၁၁/၁၂/၁၄/၁၉) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF Column – 3 ၊ Hyper UAV Force၊ ရပ်ကျေး ပ.က.ဖ အဖွဲ့များက နိုဝင်ဘာလ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=uAvmTD9AmnI[/embedyt]

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆) ဦး သေဆုံး၊ စစ်သုံ့ပန်းအဖြစ် (၁၁) ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ သေနတ် (၁၇)လက် အပါအဝင် လက်နက်ကြီး၊ ကျည်ဆံများနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြသည်။

    #RedNewsAgency

  • မင်းရွာရဲကင်းစခန်းအား ဒေသခံပူးပေါင်းတပ်ဖွဲ့များ ရာနှုန်းပြည့် တိုက်ခိုက်သိမ်းပိုက်

    မင်းရွာရဲကင်းစခန်းအား ဒေသခံပူးပေါင်းတပ်ဖွဲ့များ ရာနှုန်းပြည့် တိုက်ခိုက်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၃)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းပြီး သွားရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။
     
    မင်းရွာ နယ်မြေခံရဲစခန်းအား ရာနှုန်းပြည့် သိမ်းနိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပွင့်ဗိုလ် အေးမင်းစိုးအပါအဝင် သေဆုံးမှုများရှိကြောင်း၊ စစ်သုံ့ပန်း အချို့လည်း ဖမ်းဆီးရမိကြောင်း၊ လက်နက်ငယ် ၃၀ ကျော်နှင့် လက်နက်ကြီးများလည်း သိမ်းဆည်းရမိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
    [embedyt] https://www.youtube.com/watch?v=09waXBODWwY[/embedyt]

    (more…)