Tag: ရဲစခန်းသိမ်းတိုက်ပွဲ
-

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ
RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ယနေ့ Royal Peacock Column – တော်၀င်ဒေါင်းစစ်ကြောင်းက ပြည်သူများကို အသိပေးထားသည်။ယင်းစခန်းသိမ်းတိုက်ပွဲကို KNLA၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်းစသည့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=KTCAH2BSZUA[/embedyt]ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2 ၁လက်၊ G3 2 လက်၊ ပြောင်းချော ၄လက်၊ BA 94 ၂ ခု၊ MA-13 ၁လက်၊ Tear Gas Gun ၂ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထပ် ၄ ခု၊ လက်တော့ ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂ခု၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနှင့် ၉လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြေင်း၊ စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိကြောင်း သိရသည်။#RedNewsAgency -

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂၂ ဦးသေဆုံးပြီး (၂၈) ဦးလက်နက်ချအညံ့ခံ
RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ဖက်ထေးကုန်းကျေးရွာ အနီးတို့တွင် နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦး၊ ဒုဗိုလ်တဦးအပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦးလက်နက်ချအညံ့ခံခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ထားသည်။

ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့်ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများ၊ လက်နက်ချအညံ့ခံသူများနှင့် လက်နက်မျိုးစုံ ၅၅ လက်သိမ်းဆည်းရမိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။
-

စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား
“စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ”
မောင်ဝိ
ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။
တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။
တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန် သိသာစေတဲ့ အရာတွေ ရှိပါတယ်။ မြန်မာတနိုင်ငံလုံးမှာ စစ်ကောင်စီအခြေစိုက်ထားတဲ့ လေတပ်တွေက ၁၅ တပ်နဲ့ အထက်မှာ ရှိပါတယ်။ အနီးစပ်ဆုံးဆိုရင် စစ်ကိုင်းတိုင်းထဲမှာကိုပဲ ဟုမ္မလင်း လေတပ်ဆိုတာရှိတယ်။
ဟုမ္မလင်းလေတပ်မှာဆိုရင် Bell-206 ရဟတ်ယာဥ် ၆ စီးလောက်ရှိတယ်။ ဒါကိုပဲ သူ့တပ်ဖွဲ့တွေ အကျအရှုံးများနေတဲ့အချိန် ပစ်ကူလာမပေးနိုင်တာပါ။ ဆက်ပြောရရင် မင်းရွာရဲစခန်းထက် ရှမ်းမြောက်က မြို့သိမ်းတိုက်ပွဲတွေ၊ စစ်တပ်စခန်းကုန်းတွေကို လေတပ်က ဦးစားပေးနေရတဲ့ အခြေအနေဖြစ်နေတယ်။ ပြောရရင် တနိုင်ငံလုံး စစ်မျက်နှာ များလာတဲ့အချိန် ဗျာများလာတဲ့ လေတပ်အခြေအနေပါ။
-

လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်
RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံနေရချိန် စစ်ကောင်စီလက်အောက်ခံငယ်သားက အကြိမ်ကြိမ် လေကြောင်းပစ်ကူတောင်းနေစဉ် Mi 35 တောင်မဟုတ် HK လာနေပြီဟု စစ်ကောင်စီတပ်အထက်လူကြီးများက လက်အောက်ခံငယ်သားကို ဖုန်းဖြင့် လိမ်ညာပြောကြားခဲ့သည်။[embedyt] https://www.youtube.com/watch?v=MSX0SsDqj5I[/embedyt]ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခံနေရချိန် စစ်ကောင်စီတပ်မှ ဖုန်းဖြင့် အချိန်ပြည့်ညွှန်ကြားခဲ့ကြောင်း၊ လေကြောင်းပစ်ကူတောင်းသော်လည်း စခန်းသိမ်းခံရသည်အထိ လေကြောင်းပစ်ကူ မလာခဲ့ကြောင်း၊တိုက်ပွဲကို ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။#RedNewsAgency -

“သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်
RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။စစ်ကောင်စီလက်အောက်ခံများသည် စခန်းအတွင်းမှနေ၍ “သတ္တိရှိရင်တက်ခဲ့လို့” အော်ပြောခဲ့ကြပြီးနောက် ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တိုက်ပွဲအတွေ့အကြုံများနှင့် ပတ်သက်ပြီး စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ABSDF Column-3 ရဲဘော်များက ပြောပြထားသည်။[embedyt] https://www.youtube.com/watch?v=NEHIw4vuthE[/embedyt]မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက််ခဲ့ကြခြင်းဖြစ်သည်။#RedNewsAgency