Tag: ပျူရွာ

  • ပျူရွာကို သိမ်းပိုက်စဉ် စစ်ကူလာသော စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် (၁၄) ဦးသေဆုံး

    ပျူရွာကို သိမ်းပိုက်စဉ် စစ်ကူလာသော စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် (၁၄) ဦးသေဆုံး

    RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူရွာရှိ စစ်ကောင်စီလက်အောက်ခံစခန်းတို့ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကူလာသော စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် အနည်းဆုံး (၁၄) ဦးသေဆုံးကာ ထိုပ်ခိုက်ဒဏ်ရာများဖြင့် ရှေ့ဆက်မတိုးနိုင်သည့်အတွက် မြိုင်မြို့ပေါ် ဆုတ်သွားကြောင်း မြိုင် ပ.က.ဖ ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ်ပျူရွာမှာခြေချပြီး အနီးအနားကျေးရွာများကို ဒရုန်းဗုံးကြဲ

    စစ်ကောင်စီတပ်ပျူရွာမှာခြေချပြီး အနီးအနားကျေးရွာများကို ဒရုန်းဗုံးကြဲ

    RNA_အောက်တိုဘာ(၉)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးတိမ်ပျူရွာနှင့်မူးခွပျူရွာတို့တွင် စစ်ကောင်စီလက်အောက်ခံများ အခြေချပြီး အနီးအနားကျေးရွာများဖြစ်သည့် ထန်းကုန်းကြီး၊ သာဂရ နှင့် မြောက်ရွာရှည်စသည့် ကျေးရွာများကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်နှင့်ပျူများက အောက်တိုဘာ ၆ ရက်နေ့က ထန်းကုန်းကြီးကျေးရွာ စာသင်ကျောင်း၊ အောက်တိုဘာ ၇ ရက်နေ့က သာဂရကျေးရွာ၊ အောက်တိုဘာ ၈ ရက်နေ့က မြောက်ရွာရှည် ကျေးရွာတို့ကို ဒရုန်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    (more…)

  • ပေါက်မြို့နယ်မှ ပျူရွာတချို့ ထမင်းနပ်မှန်အောင် မစားရသည့်အပြင် စစ်ကောင်စီတပ်သားများ၏ ဖိနှိပ်မှုများပါ ခံနေရ

    ပေါက်မြို့နယ်မှ ပျူရွာတချို့ ထမင်းနပ်မှန်အောင် မစားရသည့်အပြင် စစ်ကောင်စီတပ်သားများ၏ ဖိနှိပ်မှုများပါ ခံနေရ

    RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တရော်ကိုင်းနှင့် ဇီးပြား (ပျူ) ကျေးရွာတို့ကို တော်လှန်ရေး အင်အားစုများ ပိတ်ဆို့ထားသည်မှာ (၃) နှစ်ကျော်လာပြီး ယခုအချိန်တွင် ဆန်၊ ဆီ၊ ဆား ဝယ်ယူ၍မရတော့သည့်အပြင် စားတော်ပဲများနှင့် ရောကာချက်စားနေရပြီး ထမင်းကို နပ်မှန်အောင် မစားရသည့်အပြင် စစ်ကောင်စီတပ်သားများနှင့် လက်နက်ကိုင်ပျူများ၏ ဖိနှိမ်မှုမျိုးစုံ ခံနေကြရကြောင်း သိရသည်။

    (more…)

  • ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

    ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

    RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူရွာကို ဒေသခံတော်လှန်ရေး အင်အားစုများ () ရက်တာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။ 

    ဇီးပြားရွာတိုက်ပွဲကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ၊  YRF ( ပေါက်) Earthquake Defence Force၊ တောင်ညိုနဂါးတပ်ဖွဲ့၊ Royal 7တပ်ဖွဲ့တို့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=YZc0ViPB3Q4[/embedyt]

    နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဇီးပြားရွာ ရဲစခန်းနှင့်ဇီးပြား(ပျူ)ရွာ တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ဝင်စီးပြီး  ဇီးပြားရွာအတွင်းရှိ ဘန်ကာများ၊ ဘူတာရုံရှိ ဘန်ကာများအားလုံး သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းပြုနေသော အဆောက်အဦများကိုလည်း မီးရှို့ဖျက်စီးခဲ့သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

    မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

    RNA_ဇူလိုင်(၃၀)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံများနှင့် မြိုင် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး တော်လှန်ရေးအရှိန်မြင့်လာကြောင်း သိရသည်။
     
    ဇူလိုင် ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ပျူရွာ၊ ကြားဖြတ် တိုက်ခိုက်မှုမျိုးစုံရှိခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး၊ ပျူ ၃ ဦး၊ ရဲ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ပျူရွာများအတွင်းနှင့် ရဲစခန်းများအတွင်း Drone ဗုံးသီးများ၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများအတွင်း ထိခိုက်ပျက်စီးမှုများကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=BjLKd_SLt5s[/embedyt]
    ” တော်လှန်ရေးအရှိန်မြင့်တင်လာသည်နှင့်အမျှ စခ၊ ပခ များအနေဖြင့် မိမိတို့ နေရာများသည် လုံခြုံမှုကင်းမဲ့နေပြီ ဟုသော အတွေးရစေရန်  အခွင့်အရေးရသည်နှင့် အလစ် ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပါသည်။ မြို့နေမိဘပြည်သူများအနေဖြင့်လည်း စခ၊ ပခ များနှင့် နီးစပ်ရာနေရာများတွင် နေထိုင်ခြင်း၊ သွားလာခြင်း မပြုလုပ်ကြရန်နှင့် အကယ်၍ ပြည်သူများရှိခဲ့မည် ဆိုပါက အတတ်နိုင်ဆုံးပြည်သူများ ကိုထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု မြိုင် ပ.က.ဖ ထုတ်ပြန်ထားသည်။

    (more…)