Tag: Lion Battalion Commando

  • တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

    တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

    RNA_နိုဝင်ဘာ(၁၄)၊၂၀၂၃ ခုနှစ်။
     
    စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ တပ်မှ တပ်ရင်းမှူးသေပြီး တပ်ပျက်သွားသည့်အတွက် လက်နက်ချအညံ့ခံခဲ့သည့် ၂၃ ဦးကို အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း Lion Battalion commando စစ်ကြောင်းက ထုတ်ပြန်ထားသည့် ရုပ်သံတွင် တွေ့ရှိရသည်။
    [embedyt] https://www.youtube.com/watch?v=nYm5buzsPxA[/embedyt]
     
    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားကို အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံတပ်နှင့် Lion Battalion Commando၊ KNLA၊ KNDO၊ KTLA၊ PDF စသည့် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနှင့် အရာရှိ တဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း၊ ကျန်ရှိသည့် ၂၃ ဦး လက်နက်ချခဲ့ပြီး ထွက်ပြေးသူ တချို့လည်းရှိကြောင်း သိရသည်။
     
    #RedNewsAgency

  • ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

    ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

    RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စစ်ကောင်စီတပ်နှင့် BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကို မြို့သစ်ကို တော်လှန်ရေး အင်အားစုများ ယနေ့ဝင်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား ရဲဘော်စောသန့်အေဗယ် ကျဆုံးသည့်အထဲ ပါဝင်ခဲ့ကြောင်း သိရသည်။

    “ဒီနေ့ ရွှေကုက္ကို ဝင်တိုက်ကျတယ်၊ နှစ်ဖက်အကျအဆုံးရှိတယ်၊ စစ်ကောင်စီဘက်က အသေတော့ များတယ်၊ မနက်ပိုင်းမှာပဲ ရဲဘော်စောသန့်အေဗယ်တို့ရှေ့ လက်နက်ကြီးကျတာ အဲမှာတင် နှစ်ယောက် အနည်းဆုံးကျသွားတယ်လို့ သိရတယ်၊ ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်ပါ တော်တော်စိတ်မကောင်း ဖြစ်ရတယ်ဗျာ ” ဟု ရဲဘော်စောသန့်အေဗယ်၏ မိတ်ဆွေ ရဲဘော်တဦးက Red News Agency ကိုပြောသည်။

    (more…)

  • တိုက်ခိုက်ရေး အနီးကပ်ညွှန်ကြားနေသည့် ဗိုလ်အယ်စေးဝါး

    တိုက်ခိုက်ရေး အနီးကပ်ညွှန်ကြားနေသည့် ဗိုလ်အယ်စေးဝါး

    RNA_ဇန်နဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando – ဗျူဟာစစ်ကြောင်း ဗျူဟာမှူးဗိုလ်အယ်စေးဝါး ဦးဆောင်းသည့် ရဲဘော်များနှင့် မဟာမိတ်များစုပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်အထိုင်ချသည့် မြို့ပြများကိုပါဝင်ရောက်တိုက်ခိုက်နေသည်။

    [embedyt] https://www.youtube.com/watch?v=tYGBdI_8vsc[/embedyt]

    ယနေ့အချိန်ထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲတွင်ပါဝင်ပြီး တိုက်ခိုက်နေသည့် ဗိုလ်အယ်စေးဝါးဦးဆောင်ညွှန်ကြားနေသည့်ရုပ်သံကို Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

    Red News Agency

  • ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

    ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

    RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

    Lion Battalion Commando-ဗျူဟာစစ်ကြောင်းဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းပြီး မြို့ပြတိုက်ပွဲများကိုယခင်ကထက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=DqMncMPzPuA[/embedyt]

    ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံပြီးနောက် ” Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်း၍ မြို့ပြတိုက်ပွဲများကို ယခင်ကထက် အရှိန်မြှင့်တင်၍ တိုက်ပွဲဝင်သွားမှာဖြစ်ပါသည်။ ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်” ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။

    (more…)

  • မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

    မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသနှင့် ကော့ကရိတ်ဒေသတလျှောက် စစ်ကောင်စီတပ်နှင့် K.T.L.A (Lion Battalion Commando-ဗျူဟာစစ်ကြောင်း )၊ S.O.F၊ ပူးပေါင်းမဟာမိတ်အဖွဲ့များ (၆) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ စခန်း (၂) ခုကျပြီး (၉၀) ကျော်သေဆုံးခဲ့သည်ဟု K.T.L.A – Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    (more…)

  • Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

    Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

    Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် ကျဆုံး၊ တိုက်ပွဲမှာ တောင်စွန်း BGF စခန်း () ကိုသိမ်းပိုက်ထား

    RNA_ဇန်နဝါရီ၂၊၂၀၂၃ခုနှစ်။

    ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်း () ခုကို သိမ်းထားနိုင်ပြီး Lion Battalion Commandoဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် () အနဲ့နှင့်ပူးပေါင်းတပ်ဖွဲ့မှရဲဘော်တချို့ကျဆုံးခဲ့ရကြောင်းသိရသည်။

    (more…)