14
Nov
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ တပ်မှ တပ်ရင်းမှူးသေပြီး တပ်ပျက်သွားသည့်အတွက် လက်နက်ချအညံ့ခံခဲ့သည့် ၂၃ ဦးကို အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း Lion Battalion commando စစ်ကြောင်းက ထုတ်ပြန်ထားသည့် ရုပ်သံတွင် တွေ့ရှိရသည်။ [embedyt] https://www.youtube.com/watch?v=nYm5buzsPxA[/embedyt] မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားကို အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံတပ်နှင့် Lion Battalion Commando၊ KNLA၊ KNDO၊ KTLA၊ PDF စသည့် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနှင့်…