စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။
 
ကရင်နီပြည်တခုလုံးတွင် စစ်ကောင်စီယန္တရား အဓိကလည်ပတ်နိုင်သည့် တခုတည်းသော လွိုင်ကော်မြို့ဝန်းကျင်ကို ယနေ့ KNDF၊ KA နှင့် ပူးပေါင်းမဟာမိတ်များ စတင်ထိုးစစ်ဆင်ပြီဖြစ်ကြောင်း သိရသည်။
 
ကရင်နီပြည်ရှိ စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့တခုတည်းသာရှိပြီး ပြည်နယ်အတွင်းအခြားသော အထိုင်တပ်စခန်းအနည်းငယ်သာရှိတော့ကြောင်း၊ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း KNDF ဗဟို သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ပြီးခဲ့သည့်အပတ်ထဲက ပြောကြားထားသည်။
 
#RedNewsAgency
By Editor