Video

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။   ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ယနေ့ Royal Peacock Column - တော်၀င်ဒေါင်းစစ်ကြောင်းက ပြည်သူများကို အသိပေးထားသည်။   ယင်းစခန်းသိမ်းတိုက်ပွဲကို KNLA၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်းစသည့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=KTCAH2BSZUA[/embedyt] ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇…
Read More
မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

RNA_ဒီဇင်ဘာ(၈)၊၂၀၂၃ခုနှစ်။   မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုများနှင့် ဖက်ဒရယ်ကိစ္စအပါအဝင် စစ်ရေး နိုင်ငံရေး ထူးခြားလာသည့် အပြောင်းအလဲများနှင့် ပတ်သက်ပြီး မကွေးသား တော်လှန်ရေးသမား ကိုချစ်ဝင်းမောင်က ရှင်းပြထားသည်။ [embedyt] https://www.youtube.com/watch?v=uDsQwzbU_zw[/embedyt]   #RedNewsAgency
Read More
စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

RAN_ဒီဇင်ဘာ(၂)၊၂၀၂၃ခုနှစ်။ "လက်နက်ခဲယမ်းနည်းပါးနေတဲ့ မပြည့်စုံတဲ့လက်လုပ်တွေနဲ့ တိုက်နေရတဲ့အညာဒေသမှာလည်း ကျွန်တော်တို့ နိုင်တဲ့ဘက်က ကျွန်တော်တို့ လုပ်ဆောင်နိုင်တာထက်ပိုပြီး​တော့ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီစကစတပ်သားတွေကို အမြစ်ပြတ်တိုက်ထုတ်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခုခံစစ်ကနေတဆင့် တန်ပြန်တိုက်စစ် တန်ပြန်တိုက်စစ်ကနေတဆင့် ကျွန်တော်တို့ အခုဆိုရင် စခန်းသိမ်းတိုက်ပွဲတွေ ဒီကောင်တွေကို တန်ပြန်ထိုးစစ်မဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ ကျွန်တော်တို့ အညာမှာ မကြာခင် စတော့မှာ ဖြစ်ပါတယ်" ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=HVMrDNeCLLo[/embedyt] #RedNewsAgency
Read More
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်

RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။  စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲများထက် အရပ်သားများကို ဦးတည်တိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးကို မဟန့်တားနိုင်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး - Burma Affairs & Conflict Study ( BACS) အဖွဲ့မှ ကိုမင်းထက်အောင်က ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=xY6nI_3s5t0[/embedyt] ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများ အစီရင်ခံစာကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး - Burma Affairs & Conflict Study ( BACS) က ယခုလအတွင်း ထုတ်ပြန်ထားသည်။
Read More
ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ (၂၉)၊၂၀၂၃ခုနှစ်။   စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီတပ်လက်အောက်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း Homalin People's Defence Force - HPDF က ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။   ရွှေပြည်အေးမြို့အား စစ်ကိုင်းတိုင်းအထူးလှုပ်ရှားတပ်ရင်း (SR-4 ထုတ်နှုတ်)၊ တိုင်းရုံးအဖွဲဲ့ နှင့် ခန္တီးခရိုင် အမှတ် (၁၊၂) ဦးဆောင်ခဲ့ပြီး ဒေသတွင်း (ပ.က.ဖ)၊ (ပ.လ.ဖ) နှင့် Local Force ဖြစ်သော HPDF-124 မှ ရဲဘော် (၅) ယောက်၊ မိုးကြိုး မှ ရဲဘော်…
Read More
ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။ ပြည်သူချစ်သည့် PDF များအနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်သည့်အချိန်တွင် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေကြသည်ဟု Southern YSO PDF မှ ကိုအောင်မောင်းက ပြောသည်။ [embedyt] https://www.youtube.com/watch?v=AG_Fmg1Rbf4[/embedyt] မကွေးတိုင်း၊ ပခုက္ကူမြို့ နှင့် ရေစကြိုမြို့  ဆက်သွယ်ရေးလမ်းမ၌ရှိသော ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၁ ရက်နေ့က BNRA ဦးစီးပြီး Southern YSO PDF၊ Yesagyo Revolution Group (YRG) (ပခုက္ကူခရိုင် ရင်း ၂) စသည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အခြေအနေများကို ကိုအောင်မောင်းက ရှင်းလင်းပြောကြားထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
တပ်ရင်းအလိုက် အသေခံကာကွယ်ခဲ့သည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

တပ်ရင်းအလိုက် အသေခံကာကွယ်ခဲ့သည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၄)၊၂၀၂၃ခုနှစ်။   စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးပါအသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူနှင့်အတူ တပ်အရင်းအလိုက် အသေခံတိုက်ခိုက်ခိုင်းထားသည့် လားရှိုးမြို့နယ် စစ်ကောင်စီတပ်မိုင်းကျက် တပ်စခန်းကို TNLA တပ်ဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က သိမ်းပိုက်ပြီး ဝင်ရောက်လင်းရှင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=oBja574xcOQ[/embedyt]   ညီနောင်မဟာမိတ်များ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာ ၂၇ ရက်နေ့ကတည်းက တအာင်းတပ်မတော် PSLF/TNLA ဦးဆောင်ပြီး မိုင်းကျက်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းကျက်စစ်ကောင်စီတပ်စခန်းသည် စစ်ရေးအရ အလွန်အရေးပါသည့် နေရာဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ ၂လက်အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိကြောင်း သိရသည်။   #RedNewsAgency…
Read More
စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီအထူးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံများပေးပြီး၊ ပြည်သူလူထု၏ အသံကို ရဲရဲနားထောင်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်တခုကို လုပ်ဆောင်ရန်လိုအပ်နေပြီဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=4piLXCoGucw[/embedyt] ယနေ့ တိုက်ပွဲများသည် အဖြူအမဲကွဲသွားပြီဖြစ်သည့်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင်လက်အောက်မှ စစ်သည်တော်များကိုလည်း ပြည်သူ့ဘက်ရပ်တည်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပန်ကြားထားမှုအပါအဝင် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။ Red News Agency
Read More
စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

RNA_နိုဝင်ဘာ( ၁၈)၊၂၀၂၃ ခုနှစ်။ “စစ်ကောင်စီဟာ အင်မတန်မှဘဲ နိုင်ငံရေးအရကော စစ်ရေးအရကော ဆောက်တည်ရာမရတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ စစ်ကောင်စီက လုပ်ရိုးလုပ်စဉ်အတိုင်း မကြာခဏပဲ မဲပြာပုဆိုးကို ပြန်ဝတ်လေ့ရှိတဲ့ အလေ့အထအတိုင်းပဲ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေကို ပြန်လုပ်တော့မှာဖြစ်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=vIlN4hL4ZBA[/embedyt] KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ နိုင်ငံရေးနှင့် ပတ်သက်သည့် ဖြစ်လာနိုင်ခြေများ ပြောကြားထားမှုကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ KNLA သည် စစ်ရေးအရ အတွေ့အကြုံ အစဉ်အလာများရှိခဲ့ကြောင်း၊ စစ်ရေးအရ ယခုထက်ပို ပြင်းထန်သည့် ရိုက်ခတ်မှုမျိုး၊ ယခုထက်ပိုမိုပြင်းထည်သည့် ပြည်သူ လူထုနှင့်အတူ လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=rmqydPTcTPU[/embedyt] ယနေ့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြည်သူသို့ပြောကြားချက်များထဲမှ စစ်ရေးနှင့် ပတ်သက်သည့် ပြောကြားချက်ကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More