တိုက်ပွဲဖြစ်

အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း သိမ်းရန်ကျန်ရှိနေသော မြို့များကို အာရက္ခတပ်တော်မှ ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေသည်နှင့်တစ်ပြိုင်နက် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်နေသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း)နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) တို့အတွင်း စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။ လက်ရှိအချိန်တွင် အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တို့ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော နေရာ (၅) ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင်စစ်ကော်မရှင်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့သောနေရာများအား ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပြောကြားထားသည်။ (more…)
Read More
TNLA နှင့် SSA တို့ မိုးမိတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန်စွပ်စွဲ

TNLA နှင့် SSA တို့ မိုးမိတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန်စွပ်စွဲ

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာတောင်ဘက်တွင် တအာင်းတပ်မတော်-TNLA နှင့် ရှမ်းပြည်တပ်မတော် - SSA တို့ ဇွန်လ ၂၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်အပြန်အလှန်စွပ်စွဲ ထုတ်ပြန်ထားကြသည်။ မိုးဟောက်ကျေးရွာအနီး ပစ်ခတ်မှုဖြစ်စဉ်တွင် TNLA ကင်းလှည့်စဉ် SSA တပ်က (၂) ကြိမ်ခြုံခိုပစ်ခတ်သည်ဟု TNLA ကပြောကြားထားပြီး၊ SSA ဘက်ကလည်း TNLA မှစစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ခုခံကာကွယ်ခဲ့ရသည်ဟု ပြောကြားထားကြသည်။ (more…)
Read More
လက်နက်ခဲယမ်း သယ်ဆောင်လာသောယာဉ်တန်း တိုက်ခိုက်ခံရပြီီး ယာဉ် (၁) စီးမီးလောင် (၇) ဦးသေဆုံး

လက်နက်ခဲယမ်း သယ်ဆောင်လာသောယာဉ်တန်း တိုက်ခိုက်ခံရပြီီး ယာဉ် (၁) စီးမီးလောင် (၇) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ယာဉ်တန်း ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး ယာဉ် (၁) စီး မီးလောင်ပျက်စီးသွားသည့်အပြင် စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးသွားကြောင်း သိရသည်။ (more…)
Read More
ယနေ့အတွက် Red News Agencyမှ တင်ဆက်ထားသော သတင်းများ

ယနေ့အတွက် Red News Agencyမှ တင်ဆက်ထားသော သတင်းများ

RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၅ခုနှစ်။   ယနေ့ ပြောပြချင်သည့် သတင်းတွေကတော့ စစ်ကောင်စီဂိတ်စခန်းတခု တိုက်ခိုက်ခံခဲ့ရပြီး (၅) သေဆုံးခဲ့တဲ့သတင်း၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်ပြီး မီးရှို့နိုင်ခဲ့တဲ့သတင်း၊ NUG ပညာရေး ဒုဝန်ကြီး မြေပြင်ဆင်းပြီး ဒေသခံများနှင့် တွေ့ဆုံသည့်သတင်း၊ နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲသတင်းနှင့် မင်းတုန်းမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်သည့် သတင်းများဖြစ်ပါတယ်။ Red News Agency
Read More
(၂) ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦး ဖမ်းဆီးရမိ

(၂) ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦး ဖမ်းဆီးရမိ

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၅ ခုနှစ်။ အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ (၁၃) ရက်နှင့် (၁၄) ရက်နေ့တို့တွင် ငဖဲမြို့နယ် အတွင်းမှ ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များက ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၂) ဦး အရှင်ဖမ်းဆီးရမိကြောင်း သိရသည်။ (more…)
Read More
လွိုင်လင်းလေးမြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံး

လွိုင်လင်းလေးမြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံး

RNA_စက်တင်ဘာ(၁၆)၊၂၀၂၄ ခုနှစ်။ ကရင်နီ - ရှမ်းတောင်နယ်စပ်ရှိ လွိုင်လင်လေးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ကင်းစခန်းများ၊ ကျောင်းကုန်း၊ ကုန်းဆွတ်၊ အောင်ပလ၊ ကယန်းလေးတာဝါတိုင်ကုန်းစသည့်နေရာများကို KNDF နှင့်ပူးပေါင်း တပ်ဖွဲ့များ၏ (၄) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးပြီး (၃)ဦးအားအရှင်ဖမ်းဆီးရမိပြီး လက်နက်ကြီး/ငယ်အစုံ (၂၄)လက်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (more…)
Read More
SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

RNA_ဇူလိုင်(၅)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ သီပေါမြိုနယ်တွင် 1027 စစ်ဆင်ရေးအပိုင်း(၂)အတွင်း PSLF/TNLA က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဥ် သီပေါမြို့နယ် ရေပူရွာအနီးတွင် ယနေ့ နံနက်ပိုင်းက SSPP/SSA ရဲဘော်များ ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ မြိုနယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင် ကျဆုံးပြီး ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။ (more…)
Read More
ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ စစ်ကောင်စီလက်အောက်ခံ ငြိမ်းဇာနီတပ်စခန်း (စစ်မှုထမ်းဟောင်းရုံး) အား ဒေသခံ ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်တိုက်ခိုက်ရာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။ "တိုက်ပွဲကြာချိန် ၂နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းနိုင်ရန် အလိုတွင် ရုံးပေါင်းစုံမှ စစ်ကူလာသော စစ်ကူများအား ကြားဖြတ်တိုက်ခိုက်မှုမှာ ရေရှည်တေဋင့်မခံနိုင်သောကြောင့် တိုက်ခိုက်မှုအပိုင်းမှ ရဲဘော်များအနေဖြင့် ရင်နာနာဖြင့်ပြန်လည်ဆုတ်ခွါပေးခဲ့ရသည်” ဟု Myingyan Black Tiger (MBT) က ထုတ်ပြန်ထားသည်။ (more…)
Read More
ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KPDF တို့ ၂ နာရီခန့် တိုက်ပွဲဖြစ်

ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KPDF တို့ ၂ နာရီခန့် တိုက်ပွဲဖြစ်

RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ ဗျူဟာကုန်းမှ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်သားများနှင့် ဒေသတွင်း လှုပ်ရှားနေသည့် KPDF တို့ ဆိပ်မူ(အ.ထ.က)ကျောင်းအနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန်သည် ၂ နာရီကျော်ကြာမြင့်ကြာချိန်တွင်း စစ်ကောင်စီတပ်၏ ဆိပ်မူဗျူဟာကုန်းမှ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။ (more…)
Read More