Tag: တိုက်ပွဲပြင်းထန်

  • စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

    စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

    RNA_ဧပြီ(၂၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ်ကျေးရွာမှ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက အင်အား ၁၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ကျီးသိုက်ကျေးရွာဝန်းကျင်နှင့် မြောင်းခွကျေးရွာအနီးတို့တွင် နံနက် (၈) နာရီ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ် အသေအဆုံးများ အထိနာသည့်အတွက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်အထိ လာရောက်ပစ်ကူပေးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ -စလင်း (စလင်း-ပကဖ) ကအသိပေးထားသည်။

    (more…)

  • ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံး

    ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံး

    RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။

    ကရင်နီနှင့် ရှမ်းတောင်အစပ်တို့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

    ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်တွင် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းတပ်စွဲထားသော စခန်းကုန်းအား KNDF အပါအဝင် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှုတွင်လည်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးကြောင်း၊ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်ကျေးရွာအကြား ဇန်နဝါရီလ (၁၂) ရက်နေ့၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးကျော်သေဆုံးသည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

    (more…)

  • ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

    ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

    RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • စခန်းစီးနင်းတိုက်ခိုက်သော စစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့

    စခန်းစီးနင်းတိုက်ခိုက်သော စစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger (MBT) တပ်ဖွဲ့ စစ်ကြောင်း -၃ အခြေချ တပ်စခန်းများအား အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီလက်အောက်ခံများက ယနေ့ နံနက် ၅ နာရီခန့်က စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခဲ့ရန် ကြိုးပမ်းခဲ့သော်လည်း မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ် လေကြောင်းပစ်ကူပါ ယူခဲ့ရသည်ဟု သိရသည်။

    စစ်ကောင်စီတပ်စစ်ကြောင်းအား ခုခံတိုက်ခိုက်မှုကြောင့် နောက်ဆုတ်သွားချိန် နံနက် (၇) နာရီခန့်၌ မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈)တပ်ရင်းများ၊ မြင်းခြံခရိုင်ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့များ လာရောက်ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများကို ခြေဆေးချောင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့သည်အထိ စစ်ကောင်စီတပ် အရှုံးများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု MBT ကထုတ်ပြန်ထားသည်။

    (more…)

  • တပ်ရင်းဌာနချုပ်နှင့် မောရဝတီဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဟု AA ကြေညာ

    တပ်ရင်းဌာနချုပ်နှင့် မောရဝတီဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဟု AA ကြေညာ

    RNA_ဇွန်(၁၅)၊၂၀၂၄ ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ၊ နခေါင်းတိုစခန်းတို့ကို ဇွန်လ ဒုတိယပတ်အတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု အာရက္ခတပ်တော်-AA က ယမန်နေ့ညပိုင်းက ထပ်မံကြေညာခဲ့သည်။

    စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော် သေဆုံးခဲ့ကြောင်း၊ နခခ (၄) တပ်ရင်းဌာနချုပ် အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊ အလယ်သံကျော်စခန်း အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်တွင်လည်းကောင်း၊ မောရဝတီဗျူဟာ အား ဇွန်လ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊ နခေါင်းတိုစခန်း အား ဇွန်လ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။


    ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကျန်ရှိနေသေးသည့် မောင်တောမြို့နယ်၊ အမ်းမြို့နယ်၊ သံတွဲမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယပတ်အတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီီီီီတပ်မှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိထားပြီး၊ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများလည်း ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    #RedNewsAgency

  • အမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော်ပါကညော ကျဆုံးခဲ့ရ

    အမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော်ပါကညော ကျဆုံးခဲ့ရ

    RNA_ဧပြီ(၁၁)၊၂၀၂၄ ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် စစ်ဆင်ရေးအတွင်း ဧပြီလ ၁၀ ရက်နေ့က ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော် ပါကညော (ခ) စောအောင်စိုးလင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

    ဓာတ်ပုံ – ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)၏ အပါတ်စဉ် (၃/၂၂) သင်တန်းဆင်းပွဲမြင်ကွင်း။

    ရဲဘော် ပါကညော (ခ) စောအောင်စိုးလင်းသည် ပြည်သူ့လွတ်လပ်ရေးတပ်တော် အခြေခံစစ်သင်တန်း အပတ်စဥ် (၃) သင်တန်းဆင်းရဲဘော်တစ်ဦးဖြစ်ကြောင်း၊ ရဲဘော်သည် တပ်တော်မှ ပေးအပ်လာသော တာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့ခြင်းအား တပ်တော်မှ အလေးအနက် ဂုဏ်ယူအသိအမှတ်ပြုကြောင်း၊ အမ်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည့်အတွက် တပ်တော်အနေဖြင့်များစွာ ဝမ်းနည်းကြေကွဲ ရပါသည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ – ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)၏ အပါတ်စဉ် (၃/၂၂) သင်တန်းဆင်းပွဲမြင်ကွင်း။

    (more…)

  • ၆ နာရီကြာ နဂါးတွင်းတိုက်ပွဲအတွင်း BNRA နှင့်ပူးပေါင်းတပ်ဖွဲ့က အသာစီးရခဲ့

    ၆ နာရီကြာ နဂါးတွင်းတိုက်ပွဲအတွင်း BNRA နှင့်ပူးပေါင်းတပ်ဖွဲ့က အသာစီးရခဲ့

    RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၄ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူ အင်အား (၇၀) ခန့်ပါ စစ်ကောင်းကို BNRA စေတန်တပ်ဖွဲ့နှင့် ဒေသခံတပ်ရင်းများ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဖေဖော်ဝါရီလ (၃) ရက်နေ့က နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြား တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများ အသာစီးရခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ သေဆုံး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။
     
    ဖေဖော်ဝါရီလ ၂ ရက်နေ့က မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီလက်အောက်ခံပူးပေါင်းစစ်ကြောင်းသည် မအူကျေးရွာကိုဆင်းပြီး တောပုရွာ(ပျူရွာ) ဝင်ပြီး ပျူများနှင့်ပူးပေါင်းရာ ညောင်ဖြူပြင်စစ်ကောင်စီစခန်းညအိမ်နားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၃ ရက်နေ့ မအူသို့ပြန်လည်ထွက်ခွါချိန် နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြားတွင် တော်လှန်ရေးအင်အားစုများက နံနက် ၉ နာရီ ၂၀ မိနစ် ဝန်းကျင်မှ နေ့လယ် ၃ နာရီ ၂၀ မိနစ်ဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိသည်ဟု BNRA စေတန်တပ်ဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

    (more…)

  • မြန်မာစစ်ဘေးရှောင်များ လက်ခံဖို့ရန် စစ်ရှောင်စခန်းများ အသင့်စီစဉ်ထားသည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးပြော

    မြန်မာစစ်ဘေးရှောင်များ လက်ခံဖို့ရန် စစ်ရှောင်စခန်းများ အသင့်စီစဉ်ထားသည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးပြော

    မောင်လူအေး(လှည်းတန်း)၊RNA_ဒီဇင်ဘာ(၄)၊၂၀၂၃ခုနှစ်။

    မြန်မာနိုင်ငံမှ သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာပါက လက်ခံရန် စစ်ရှောင်စခန်းများ ဖွင့်လှစ်တည်ဆောက်ထားဖို့ အသင့်စီစဉ်ထားသည်ဟု ထိုင်းအစိုးရ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ဒီဇင်ဘာ ၃ ရက်နေ့က ပြောကြားထားသည်။

    “ဒီဇင်ဘာ ၄ ရက်မှာ ပြည်တွင်းအစည်းအဝေး ကျင်းပပါမယ်၊ မြန်မာစစ်ရှောင်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချပါမယ်၊ မြန်မာအရေးနဲ့ပတ်သက် လို့ အမြန်ဆုံးအပစ်ခတ်ရပ်စဲရေးတည်ဆောက်ကြဖို့ နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာဖို့အတွက် ဘယ်လိုကူညီရမလဲဆိုတာ ဆွေးနွေးမှာပါ” ဟု ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ပြောသည်။

    (more…)

  • AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

    AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

    RNA_နိုဝင်ဘာ (၁၄)၊ ၂၀၂၃ ခုနှစ်။
    ရခိုင်ပြည်နယ် ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်လက်အောက်ခံများ ယမန်နေ့က မြို့နယ် ၃ ခုတွင် တိုက်ပွဲ ၅နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၄ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းအဖြစ် ၁၀ ဦးဖမ်းဆီးရမိသည်ဟု AA ကထုတ်ပြန်ထားသည်။
    မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်ထွန်း၊ တပ်စုမှူး ဗိုလ်ကြီး ဖြိုးဇေယျာလှိုင်အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးဖမ်းဆီးရမိပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျဆုံးကြောင်း သိရသည်။
    မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာအနီး စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သုံ့ပန်းတစ်ဦးအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်မှ ဒု စစ်ကြောင်းမှူး ကျော်သက်နိုင်ပါအဝင် ၁၄ ဦးခန့် ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

    တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

    RNA_နိုဝင်ဘာ(၁၄)၊၂၀၂၃ ခုနှစ်။
     
    စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ တပ်မှ တပ်ရင်းမှူးသေပြီး တပ်ပျက်သွားသည့်အတွက် လက်နက်ချအညံ့ခံခဲ့သည့် ၂၃ ဦးကို အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း Lion Battalion commando စစ်ကြောင်းက ထုတ်ပြန်ထားသည့် ရုပ်သံတွင် တွေ့ရှိရသည်။
    [embedyt] https://www.youtube.com/watch?v=nYm5buzsPxA[/embedyt]
     
    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားကို အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံတပ်နှင့် Lion Battalion Commando၊ KNLA၊ KNDO၊ KTLA၊ PDF စသည့် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနှင့် အရာရှိ တဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း၊ ကျန်ရှိသည့် ၂၃ ဦး လက်နက်ချခဲ့ပြီး ထွက်ပြေးသူ တချို့လည်းရှိကြောင်း သိရသည်။
     
    #RedNewsAgency