ကျိုက်မရော

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂၂ ဦးသေဆုံးပြီး (၂၈) ဦးလက်နက်ချအညံ့ခံ

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂၂ ဦးသေဆုံးပြီး (၂၈) ဦးလက်နက်ချအညံ့ခံ

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ဖက်ထေးကုန်းကျေးရွာ အနီးတို့တွင် နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦး၊ ဒုဗိုလ်တဦးအပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦးလက်နက်ချအညံ့ခံခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က ထုတ်ပြန်ထားသည်။ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့်ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများ၊ လက်နက်ချအညံ့ခံသူများနှင့် လက်နက်မျိုးစုံ ၅၅ လက်သိမ်းဆည်းရမိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦးကျဆုံးခဲ့ရသည်ဟု…
Read More
တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ တပ်မှ တပ်ရင်းမှူးသေပြီး တပ်ပျက်သွားသည့်အတွက် လက်နက်ချအညံ့ခံခဲ့သည့် ၂၃ ဦးကို အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း Lion Battalion commando စစ်ကြောင်းက ထုတ်ပြန်ထားသည့် ရုပ်သံတွင် တွေ့ရှိရသည်။   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားကို အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံတပ်နှင့် Lion Battalion Commando၊ KNLA၊ KNDO၊ KTLA၊ PDF စသည့် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနှင့် အရာရှိ တဦးအပါအဝင်…
Read More
စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။   ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုဇော်ဝမ်းမောင်နှင့် မခက်ခက်လွင်တို့ မိသားစု တခုလုံးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး သားကြီး ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချက်မှတ်လိုက်ကြောင်း သိရသည်။   ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်အပါအဝင် အမှုတွဲ (၁၇) ဦးကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၂၅ ရက်နေ့က ဒိုက်ဦးတရားရုံးမှ ပုဒ်မ (၁၂၂) နှင့် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့ကြောင်း၊ ကိုသီဟတို့ ဇနီးမောင်နှံကို ထောင်ဒဏ်အနှစ် (၂၀) မချမှတ်ခင်…
Read More
တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စကစ ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေ RNA_နိုဝင်ဘာ(၂၁)၊၂၀၂၂ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ KNU တပ်မဟာ (၆) နယ်မြေတွင်းရှိ တောင်ကလေးရဲစခန်းအား ယနေ့ နေ့ နံနက် (၁၁) နာရီဝန်းကျင်ထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ တောင်ကလေး ရဲစခန်းအား KNLA တပ်ရင်း ၁၆၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F၊ ကော်သူးလေအာမီ၊ Saw Dragon Drone Force နှင့် ARMS ဒရုန်းအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။ (more…)
Read More
ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ မွန်ပြည်နည်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ယမန်နေ့ ( နိုဝင်ဘာ ၁၂ ရက်) နံနက် ၆ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခဒ့သည့်အတွက် ရဲ (၃)ဦး သေဆုံးပြီး၊ ၂ဦးထွက်ပြေးကာ ၄ ဦးအရှင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ " KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေး၊ တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ပါသည်" ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ (more…)
Read More