ထိုးစစ်

စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်တခုလုံးတွင် စစ်ကောင်စီယန္တရား အဓိကလည်ပတ်နိုင်သည့် တခုတည်းသော လွိုင်ကော်မြို့ဝန်းကျင်ကို ယနေ့ KNDF၊ KA နှင့် ပူးပေါင်းမဟာမိတ်များ စတင်ထိုးစစ်ဆင်ပြီဖြစ်ကြောင်း သိရသည်။   ကရင်နီပြည်ရှိ စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့တခုတည်းသာရှိပြီး ပြည်နယ်အတွင်းအခြားသော အထိုင်တပ်စခန်းအနည်းငယ်သာရှိတော့ကြောင်း၊ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း KNDF ဗဟို သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ပြီးခဲ့သည့်အပတ်ထဲက ပြောကြားထားသည်။   #RedNewsAgency
Read More
စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။ ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များနှင့် BPLA တို့ပူးတွဲ ထိန်းချုပ်နေရာတစ်ခုသို့ စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၃) မှ အင်အား(၇၀)ခန့်ဖြင့် ချဥ်းကပ်လာသဖြင့် တိုက်ပွဲဖြစ်ပြီး ခမရ (၁၃) မှ ၄၀ ကျော်​သေဆုံးကာ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် (၃) ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃) နှင့် ၁ နာရီကြာ တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်​ကောင်စီ လက်အောက်ခံ (၂၀) ကျော်သေဆုံကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး တပ်ပေါင်းစုကာ ရွာထဲအိမ်များတွင် ပြည်သူများကို…
Read More