ချောင်းနှစ်ခွတံတား

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂၂ ဦးသေဆုံးပြီး (၂၈) ဦးလက်နက်ချအညံ့ခံ

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂၂ ဦးသေဆုံးပြီး (၂၈) ဦးလက်နက်ချအညံ့ခံ

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ဖက်ထေးကုန်းကျေးရွာ အနီးတို့တွင် နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦး၊ ဒုဗိုလ်တဦးအပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦးလက်နက်ချအညံ့ခံခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က ထုတ်ပြန်ထားသည်။ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့်ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများ၊ လက်နက်ချအညံ့ခံသူများနှင့် လက်နက်မျိုးစုံ ၅၅ လက်သိမ်းဆည်းရမိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦးကျဆုံးခဲ့ရသည်ဟု…
Read More
တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ တပ်မှ တပ်ရင်းမှူးသေပြီး တပ်ပျက်သွားသည့်အတွက် လက်နက်ချအညံ့ခံခဲ့သည့် ၂၃ ဦးကို အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း Lion Battalion commando စစ်ကြောင်းက ထုတ်ပြန်ထားသည့် ရုပ်သံတွင် တွေ့ရှိရသည်။   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားကို အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံတပ်နှင့် Lion Battalion Commando၊ KNLA၊ KNDO၊ KTLA၊ PDF စသည့် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနှင့် အရာရှိ တဦးအပါအဝင်…
Read More