ရုပ်သံ

အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ MOD လက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် မရောက်ရှိနေပေမဲ့ စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာကြမည့် ရဲဘော်များပါဝင်ပြီး စနစ်ကျသည့် တပ်တခုဖြစ်သည့် အညာက ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်ရေး စုစည်းနေကြောင်း ဩဂုတ်လ ၁၂ ရက်နေ့က ပြည်သူများကိုပြောကြားသည့် Facebook Live တွင် ဗိုလ်နဂါးက ထည့်သွင်း အသိပေးသွားသည်။   နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေးရှိသော်လည်း တိုက်ရိုက်အမိန့်နှင့်ညွန်ကြားမှုများကို လိုက်နာစရာမလိုသည့် ပြည်သူ့ထောက်ခံမှုရရှိထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှာ လှုပ်ရှားနေသော 96 Soldiers - PDF အညာဒေသ တပ်ခွဲ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's…
Read More
MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

RNA_ဩဂုတ်(၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်း၌ သစ်များသယ်ယူရန် အင်အားအများပြားဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် -MRDA နှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၅ ဦးခန့် ကျဆုံးခဲ့ကြောင်း MRDA တပ်ရင်း ၆ တပ်ခွဲ ၁ ထံမှ သိရသည်။ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်းသို့ သံခွန်များဖြင့် ချင်းတွင်းမြစ်ကြောင်းမှ တဆင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဩဂုတ်လ (၆) ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်က MRDA တပ်ရင်း ၆၊ တပ်ခွဲ ၁ နှင့် မုံရွာ ခရိုင်…
Read More
တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံများနှင့် ဩဂုတ်လ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသည့် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၁)တပ်ရင်း - ကျောက်လုံးကြီး တပ်မဟာ) မှ တပ်ခွဲမှူးနိုင်ဝင်းဈာပန ယနေ့ ပြုလုပ်ခဲ့ ပြည်သူ အများအပြားနှင့် PDF များပို့ဆောင်ခဲ့သည်။ "စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2023ခုနှစ် ဩဂုတ်လ 10ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်" ဟု ကျောက်လုံးကြီး KLG တပ်မဟာ၏ အမိန့်ပြန်တမ်းတွင် ဖော်ပြထားသည်။…
Read More
စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

RNA_ဩဂုတ်(၁၁)၊ ၂၀၂၃ ခုနှစ်။   ကျွန်တော်တို့ တပ်ဖွဲ့သည် ယုံကြည်မှုအပြည့်ရှိပြီး ၁၅ မိနစ်အတွင်း စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု “စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ” အစီအစဉ်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)တာဝန်ခံ တပ်မှူး အောင်စံရှားကပြောကြားထားသည်။   #RedNewsAgency
Read More
ပုံမှန်စစ်အခြေအနေမှ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု NUG- MOD ဒုအတွင်းဝန်ပြောကြား

ပုံမှန်စစ်အခြေအနေမှ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု NUG- MOD ဒုအတွင်းဝန်ပြောကြား

RNA_ဩဂုတ်(၇)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေး ခုခံစစ်တွင် ပုံမှန်စစ်ပွဲတွေကို ဆင်နွှဲနေပြီး မကြာမှီ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု ၂၀၂၃ ခုနှစ် ပထမ ၆ လပတ်အတွက် "နွေဦးအောင်ပွဲသတင်းများ ပြည်သူသို့တင်ပြချက်" တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ထည့်သွင်းပြောကြားထားသည်။ #RedNewsAgency
Read More
မကွေးတိုင်းက စစ်ကောင်စီ အသည်းနှလုံးတွေ အပေါဆုံးနေရာ

မကွေးတိုင်းက စစ်ကောင်စီ အသည်းနှလုံးတွေ အပေါဆုံးနေရာ

RNA_ဩဂုတ်(၄)၊ ၂၀၂၃ ခုနှစ်။  မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်စက်ရုံများ၊ ငွေစက္ကူထုတ်လုပ်ရေးအပါအဝင် စစ်ကောင်စီတန်ဖိုးထားရသည့် အသည်းနှလုံးများစွာရှိပြီး ထိုးစိုက်ရန် ဓားရိုးများကို တော်လှန်ရေးတပ်ဖွဲ့တွေက ကိုင်ထားနိုင်ပြီဟု "စွန့်လွှတ်စွန့်စား ပြည့်ရင်​သွေးများ" အစီအစဥ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မကွေးတိုင်း တာဝန်ခံ ကိုတံခွန်က ပြောကြားထားသည်။  “မကွေးတိုင်းက စစ်ကောင်စီရဲ့ လူသတ်လက်နက်စက်ရုံတွေ အပေါဆုံး နေရာဒေသတခုဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းအတွင်းမှာဆိုလို့ရှိရင် ဒါသူတို့ရဲ့ အသည်းနှလုံးတွေလို့ ပြောလို့ရပါတယ်။ အသည်းနှလုံးကို ထိုးစိုက်ဖို့ ဓားရိုးကိုတော့ ကျွန်တော်တို့ မကွေးတိုင်းသားတွေ PDF တပ်ဖွဲ့ တပ်ရင်းတွေက ကိုင်ထားပြီလို့ ပြောလို့ရပါတယ်” ဟု မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က ပြောထားသည်။  (more…)
Read More
ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

RNA_ဩဂုတ်(၄)၊ ၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ ပ.က.ဖ နှင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - ပ.လ.ဖ တို့သည် ယခုရက်ပိုင်း ဒေသခံပြည်သူတချို့နှင့် NUG လက်အောက်ခံမဟုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပ.လ.ဖ အဖွဲ့ဝင် အချုပ်ခန်းစောင့် (အစမ်းခန့်) ၈ ဦး သည် ခိုးမှုဖြင့် အချုပ်ကျနေသော အမျိုးသမီးတဦးအား အတင်းအဓမ္မပြုကျင့်ခဲ့မှု ၂၀၂၃ ခုနှစ် ဧပြီလနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျူးလွန်ခဲ့သူ (၈) ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကြေညာထားသည်။…
Read More
ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ NUG လူ့အခွင့်အရေးဝန်ကြီး ပြည်သူများကို တိုက်တွန်း

ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ NUG လူ့အခွင့်အရေးဝန်ကြီး ပြည်သူများကို တိုက်တွန်း

RNA_ဩဂုတ်(၁)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီသည် ပြည်သူများကို လှည့်ဖြားကြိုးစားနေသည့်အတွက် တော်လှန်ရေးအသိ ဆက်လက်ထားရှိပြီး ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြည်သူများကို တိုက်တွန်းထားသည်။   #RedNewsAgency
Read More
မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

RNA_ဇူလိုင်(၃၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံများနှင့် မြိုင် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး တော်လှန်ရေးအရှိန်မြင့်လာကြောင်း သိရသည်။   ဇူလိုင် ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ပျူရွာ၊ ကြားဖြတ် တိုက်ခိုက်မှုမျိုးစုံရှိခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး၊ ပျူ ၃ ဦး၊ ရဲ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ပျူရွာများအတွင်းနှင့် ရဲစခန်းများအတွင်း Drone ဗုံးသီးများ၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများအတွင်း ထိခိုက်ပျက်စီးမှုများကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။…
Read More
အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများကြောင့် လူထုအသဲနှလုံးဖြစ်သည့် အမေစုကို စစ်ကောင်စီကထုတ်သုံးလာနိုင်သည်ဟု ဗိုလ်နဂါးက ယနေ့ညတွင်၎င်း၏ Facebook Live တွင် ထည့်သွင်း ပြောကြားသွားသည်။ " ကျွန်တော်တို့နိုင်ငံရဲ့အသဲနှလုံး Key Player လိုလဲ ဖြစ်နေတဲ့ အမေစုကို ကိုင်ထားပြီးတော့ လိုအပ်ရင် လိုအပ်တဲ့အခါမှာ ကစားကွက်တွေ ဖန်တီးဖို့ လုပ်တာမျိုးတွေ။ ကျွန်တော်တို့ ပြည်သူတွေ ရှေ့မှာကြုံလာရနိုင်မဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်တွေပေါ့နော့ ဆိုးဆိုးရွားရွား ရှိလာနိုင်တယ် ဒီရှစ်လပိုင်းအကုန် ကိုးလပိုင်းပေါ့" ဟု စသဖြင့် ဗိုလ်နဂါးက ပြောကြားထားသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ယခုရက်ပိုင်း သတင်းမျိုးစုံထွက်ရှိနေရာတွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံးဆွေးနွေးခဲ့သည်ဟုပါ…
Read More