ဂန့်ဂေါ

စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

"စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ" မောင်ဝိ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။ တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန်…
Read More
လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံနေရချိန် စစ်ကောင်စီလက်အောက်ခံငယ်သားက အကြိမ်ကြိမ် လေကြောင်းပစ်ကူတောင်းနေစဉ် Mi 35 တောင်မဟုတ် HK လာနေပြီဟု စစ်ကောင်စီတပ်အထက်လူကြီးများက လက်အောက်ခံငယ်သားကို ဖုန်းဖြင့် လိမ်ညာပြောကြားခဲ့သည်။   ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခံနေရချိန် စစ်ကောင်စီတပ်မှ ဖုန်းဖြင့် အချိန်ပြည့်ညွှန်ကြားခဲ့ကြောင်း၊ လေကြောင်းပစ်ကူတောင်းသော်လည်း စခန်းသိမ်းခံရသည်အထိ လေကြောင်းပစ်ကူ မလာခဲ့ကြောင်း၊တိုက်ပွဲကို ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။   #RedNewsAgency
Read More
“သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

“သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီလက်အောက်ခံများသည် စခန်းအတွင်းမှနေ၍ "သတ္တိရှိရင်တက်ခဲ့လို့" အော်ပြောခဲ့ကြပြီးနောက် ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တိုက်ပွဲအတွေ့အကြုံများနှင့် ပတ်သက်ပြီး စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ABSDF Column-3 ရဲဘော်များက ပြောပြထားသည်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက််ခဲ့ကြခြင်းဖြစ်သည်။   #RedNewsAgency
Read More
ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

RNA_နိုဝင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းတွင်းမှ စစ်ကောင်စီလက်အောက်ခံများ မြေမြုပ်မိုင်းများထောင်ပြီး ထွက်ပြေးသွားသည့်အတွက် ယနေ့ နယ်မြေရှင်းလင်းစဉ် မိုင်းကျွမ်းကျင်သူ ABSDF Column - 3 ရဲဘော်များ ရှင်းလင်းခဲ့ရကြောင်း သိရသည်။ တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများမှ ဝင်ရောက်ရှင်းလင်းစဉ် ABSDF အမှတ်(၃) စစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကိုယ်တိုင် ဦးစီးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ ထောင်သွားသည့် မြေမြုပ်မိုင်း ၁၀ လုံးကျော် ရရှိကြောင်း ABSDF Column - 3 ပြန်ကြားရေးတာဝန်ခံ ထံမှ သိရသည်။ #RedNewsAgency
Read More
ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

RNA_ဩဂုတ်(၄)၊ ၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ ပ.က.ဖ နှင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - ပ.လ.ဖ တို့သည် ယခုရက်ပိုင်း ဒေသခံပြည်သူတချို့နှင့် NUG လက်အောက်ခံမဟုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပ.လ.ဖ အဖွဲ့ဝင် အချုပ်ခန်းစောင့် (အစမ်းခန့်) ၈ ဦး သည် ခိုးမှုဖြင့် အချုပ်ကျနေသော အမျိုးသမီးတဦးအား အတင်းအဓမ္မပြုကျင့်ခဲ့မှု ၂၀၂၃ ခုနှစ် ဧပြီလနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျူးလွန်ခဲ့သူ (၈) ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကြေညာထားသည်။…
Read More
ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

RNA_မေ ၁၈ ၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လက်နက်အချို့ တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ဂန့်ဂေါ ကလေး လမ်းမှာ ကျဆုံးခဲ့ရသည့် PDF သူရဲကောင်းတို့၏ ဆရာမတဦး၏ ရင်ဖွင့်သံ

ဂန့်ဂေါ ကလေး လမ်းမှာ ကျဆုံးခဲ့ရသည့် PDF သူရဲကောင်းတို့၏ ဆရာမတဦး၏ ရင်ဖွင့်သံ

ဂန့်ဂေါ- ကလေး လမ်းပိုင်းမှာ စက်တင်ဘာလ ၉ ရက်နေ့က မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး ကျဆုံးခဲ့ရာမှာ ကျဆုံးခဲ့သူတချို့၏ ဆရာမတဦးက ဝမ်းနည်းလွန်းလို့ ငိုစရာ မျက်ရည်တွေ ခန်းနေပြီဆိုပြီး ယနေ့ လူမှုကွန်ယက်မှာ ရေးသားထားသည်။ (more…)
Read More