မင်းရွာ

စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

"စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ" မောင်ဝိ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။ တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန်…
Read More
လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံနေရချိန် စစ်ကောင်စီလက်အောက်ခံငယ်သားက အကြိမ်ကြိမ် လေကြောင်းပစ်ကူတောင်းနေစဉ် Mi 35 တောင်မဟုတ် HK လာနေပြီဟု စစ်ကောင်စီတပ်အထက်လူကြီးများက လက်အောက်ခံငယ်သားကို ဖုန်းဖြင့် လိမ်ညာပြောကြားခဲ့သည်။   ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခံနေရချိန် စစ်ကောင်စီတပ်မှ ဖုန်းဖြင့် အချိန်ပြည့်ညွှန်ကြားခဲ့ကြောင်း၊ လေကြောင်းပစ်ကူတောင်းသော်လည်း စခန်းသိမ်းခံရသည်အထိ လေကြောင်းပစ်ကူ မလာခဲ့ကြောင်း၊တိုက်ပွဲကို ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။   #RedNewsAgency
Read More
“သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

“သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီလက်အောက်ခံများသည် စခန်းအတွင်းမှနေ၍ "သတ္တိရှိရင်တက်ခဲ့လို့" အော်ပြောခဲ့ကြပြီးနောက် ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တိုက်ပွဲအတွေ့အကြုံများနှင့် ပတ်သက်ပြီး စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ABSDF Column-3 ရဲဘော်များက ပြောပြထားသည်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက််ခဲ့ကြခြင်းဖြစ်သည်။   #RedNewsAgency
Read More
စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ တပွင့်ဗိုလ်အေးမင်းစိုးနှင့် တပ်သားတဦးတို့ ၎င်းတို့ အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း လေယာဉ်လေထဲ တက်နေပြီ၊ ၁၅ မိနစ်အတွင်း ရောက်မည်ဟု ပြောကြားခဲ့သော်လည်း စခန်းတခုလုံး အသိမ်းခံရသည့်အချိန်ထိ လေယာဉ်ပစ်ကူ မရခဲ့ကြကြောင်း သိရသည်။   ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ  ၃ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဗိုလ်အေးမင်းစိုးအပါအဝင် (၆) ဦးသေဆုံးကြောင်း၊ (၁၁) ဦးလက်နက်ချ အညံ့ခံကာ ၄ ဦးထွက်ပြေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ…
Read More
စခန်းသိမ်းပြီး ပြန်လာသည့် ရဲဘော်များကို ပြည်သူများ အားရဝမ်းသာ အောင်သပြေနှင့် ကြိုဆို 

စခန်းသိမ်းပြီး ပြန်လာသည့် ရဲဘော်များကို ပြည်သူများ အားရဝမ်းသာ အောင်သပြေနှင့် ကြိုဆို 

RNA_နိုဝင်ဘာ(၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲပြီး ပြန်လာသည့် ဒေသတွင်းတော်လှန်ရေးရဲဘော်များကို ယနေ့တွင် ပြည်သူများက အားရဝမ်းသာ အောင်သပြေများဖြင့် ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။ မင်းရွာရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဂန့်ဂေါခရိုင် အမှတ် (၁/၇/၁၁/၁၂/၁၄/၁၉) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF Column - 3 ၊ Hyper UAV Force၊ ရပ်ကျေး ပ.က.ဖ အဖွဲ့များက နိုဝင်ဘာလ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆) ဦး သေဆုံး၊ စစ်သုံ့ပန်းအဖြစ်…
Read More
မင်းရွာရဲကင်းစခန်းအား ဒေသခံပူးပေါင်းတပ်ဖွဲ့များ ရာနှုန်းပြည့် တိုက်ခိုက်သိမ်းပိုက်

မင်းရွာရဲကင်းစခန်းအား ဒေသခံပူးပေါင်းတပ်ဖွဲ့များ ရာနှုန်းပြည့် တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၃)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းပြီး သွားရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။   မင်းရွာ နယ်မြေခံရဲစခန်းအား ရာနှုန်းပြည့် သိမ်းနိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပွင့်ဗိုလ် အေးမင်းစိုးအပါအဝင် သေဆုံးမှုများရှိကြောင်း၊ စစ်သုံ့ပန်း အချို့လည်း ဖမ်းဆီးရမိကြောင်း၊ လက်နက်ငယ် ၃၀ ကျော်နှင့် လက်နက်ကြီးများလည်း သိမ်းဆည်းရမိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ (more…)
Read More
NLD ပါတီဝင်များအပါအဝင် ပြည်သူ (၆) ဦးကို ပျူစောထီးအဖွဲ့က သတ်ဖြတ်

NLD ပါတီဝင်များအပါအဝင် ပြည်သူ (၆) ဦးကို ပျူစောထီးအဖွဲ့က သတ်ဖြတ်

RNA_ဒီဇင်ဘာ(၇)၊၂၀၂၂ ခုနှစ်။   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာမှ အသက် (၁၇) နှစ်အရွယ် ပါအဝင် အမျိုးသား (၆) ဦးကို စစ်ကောင်စီလက်အောက်ခံ မြင်းခြံမြို့ သီတာယုမွန် ခေါင်းဆောင်သော ပျူစောထီးအဖွဲ့က ဒီဇင်ဘာလ ၆ ရက်နေ့က ကားနှစ်စီးနှင့်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။ မင်းရွာမှ NLD ပါတီဝင်များဖြစ်သည့် ဦးကျော်ဆောင်၊ ဦးခင်မောင်စိန်၊ကိုမင်းဇော်၊ ကိုဟန်တင်နှင့် ကိုစိုးပိုင်၊ ကိုအောင်ကိုမင်း (အသက် ၁၇ နှစ်) တို့ကို စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More