Tag: NUCC

  • ပအဖ၊ လကဖ၊ ပလဖများ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်စသည့် လုပ်ငန်းစဉ်များအပါအဝင် (၃) ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံံ ဆုံးဖြတ်

    ပအဖ၊ လကဖ၊ ပလဖများ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်စသည့် လုပ်ငန်းစဉ်များအပါအဝင် (၃) ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံံ ဆုံးဖြတ်

    RNA_ဧပြီ(၉)၊၂၀၂၄ခုနှစ်။

    နွေဦးတော်လှန်ရေးကာလ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်များ နှင့်အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ဦးဆောင်၍ ၅ ရက်တာအတွင်း ဆုံးဖြတ်ချက်များတွင် ပအဖ၊ လကဖ၊ ပလဖ တို့ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်အချက်အပါအဝင် (၃) ချက်ကို ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု သိရသည်။

    “ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ မြေပြင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်” ပြည်သူ့ညီလာခံမှ ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု NUCC ကထုတ်ပြန်ထားသည်။
    (more…)

  • လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

    လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။
     
    ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လျစ်လျူရှုစွန့်ပစ်ခြင်းခံခဲ့ရသည့် ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း (၁၃၄) ဦးနှင့် ယင်းတို့၏ မိသားစုဝင် (၆၄) ဦးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ကယ်တင်ခေါ်ထုတ်ပေးခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာနမှ ယမန်နေ့က ထုတ်ပြန်ထားသည်။
     
    လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ယင်းမိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာဖြင့် စောင့်ရှောက်ထားသည်ဟု သိရသည်။
    [embedyt] https://www.youtube.com/watch?v=J9Nb0iAZgxA[/embedyt]

    (more…)

  • ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပါအဝင် အချက် ၈ ချက်ကို  ပြည်သူ့ညီလာခံတွင် အတည်ပြု

    ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပါအဝင် အချက် ၈ ချက်ကို ပြည်သူ့ညီလာခံတွင် အတည်ပြု

    RNA_ဇန်နဝါရီလ (၃၀) ရက်၊ ၂၀၂၂ ခုနှစ်။

    ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ၊(၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ အပါအဝင် အချက် ၈ ချက်ကို ပထမအကြိမ် ပြည်သူ့ညီလာခံတွင် အတည်ပြုလိုက်ကြောင်း ပထမအကြိမ်ပြည်သူ့ညီလာခံ၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင် စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်လျက် ပထမအကြိမ် ပြည်သူ့ညီလာခံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့သည်။

    ပြည်သူ့ညီလာခံသည် နိုင်ငံရေးအရ အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်သည့် စုစည်းမှု ဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးဆိုင်ရာ အခြေခံမူများ၊မူဝါဒများ၊ မဟာဗျူဟာများနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာအစီအမံများ ညှိနှိုင်းဆွေးနွေးအတည်ပြု ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

    (more…)