ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူရွာကို ဒေသခံတော်လှန်ရေး အင်အားစုများ () ရက်တာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။ 

ဇီးပြားရွာတိုက်ပွဲကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ၊  YRF ( ပေါက်) Earthquake Defence Force၊ တောင်ညိုနဂါးတပ်ဖွဲ့၊ Royal 7တပ်ဖွဲ့တို့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဇီးပြားရွာ ရဲစခန်းနှင့်ဇီးပြား(ပျူ)ရွာ တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ဝင်စီးပြီး  ဇီးပြားရွာအတွင်းရှိ ဘန်ကာများ၊ ဘူတာရုံရှိ ဘန်ကာများအားလုံး သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းပြုနေသော အဆောက်အဦများကိုလည်း မီးရှို့ဖျက်စီးခဲ့သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်မှ Mi – 35 ဖြင့် လေကြောင်းပစ်ကူ ၃ ချိန်လာရောက်၍ Rocket များ၊ စက်လက်များဖြင့်ပစ်ခတ်ခဲ့ပြီး၊ ပေါက် ကပစ (၂၄) မှ ၁၂၀ မမ လက်နက်ကြီးပစ်ကူ ရာဂဏန်းအထိ ပစ်ခတ်ခဲ့ကြောင်း၊ တစ်ရွာလုံးနီးပါး စီးနင်းနိုင်ခဲ့သော်လည်း စစ်ကောင်စီလက်အောက်ခံများ၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ရုတ်တရက်ခံခဲ့ရသဖြင့် ပြည်သူ့ကာကွယ်ရေးရဲဘော် (၂၁ )ဦး ကျဆုံးခဲ့ပြီး လက်နက်ငယ်တချို့ ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုဝင်ဘာ ၁၅ ရက်နေ့ ဇီးပြားပျူရွာ စခန်းအား တိုက်ခိုက်နေချိန်တွင် မြိုင်ပေါ်ရှိ အထိုင်စခန်းများ၊ ကန်နီပျူရွာ၊ ကိုင်းတောမရဲစခန်း၊ တွင်းမပျူစခန်း၊ သရက်ကန်ပျူစခန်းနှင့် ပခုက္ကူတပ်မ (၁၀၁) တို့အား လက်နက်ကြီးများ၊ Drone ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

Red News Agency

By Editor