နွေဦးတော်လှန်ရေး

“ကြည့်မြင်တိုင်မှာ UG ၁၄ ယောက်ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်စဥ်”

“ကြည့်မြင်တိုင်မှာ UG ၁၄ ယောက်ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်စဥ်”

"အသံကြားမှာစိုးလို့ မရုန်းထပဲ နေရင်းကနေ ရင်ဘတ်ကနေ လည်ပင်းထိနစ်မြုပ်လာခဲ့တယ် ကြောက်ကြောက်နဲ့ အသံကြားမှာစိုးလို့ ခြေကုပ်လက်ကုပ်ရင်းကနေ အိမ်သာဂွေအဆင့်ဆင့်ထပ်ထားတဲ့ အပေါ်ဆုံးက ရွံ့နဲ့မိလ္လာဖုံးနေတဲ့ အစပ်ကိုကိုင်မိပြီး ပြန်ရုန်းထရင်းကနေ ခေါင်းလေးဖော် အသံနားစွင့်ရင်း မကြာခင်မှာ ပြန်ပြီးထလာမိတယ်" Dark Shadow UG အဖွဲ့က ရဲဘော်အရိပ် (ပန်ဒါလေး) ရေးသားသည်။  လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ UG ၁၄ ယောက်ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်ဆိုပြီး မီဒီယာမှာ ရေးသားဖော်ပြခံခဲ့ရပြီးပြည်သူလူထုရော စိတ်မကောင်းဖြစ် ဘေးကင်းဖို့ ဆုတောင်းစာတွေနဲ့အတူ Dark Shadow UG အဖွဲ့က ရဲဘော်တစ်ချို့ဖမ်းဆီးခံရပြီး ကျန်ရဲဘော်တွေ အိမ်တွင်း ဝင်ရောက်ဖမ်းဆီး ပစ်ခတ်မှု အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့အမှတ်တရနေ့လေး ဖြစ်ခဲ့ရတယ်။ ၂၇.၄.၂၀၂၂ အဲ့နေ့က…
Read More
ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။  ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၃၄)၊ ရဲစခန်းနှင့် ကာကင်းစခန်း၊ ခလရ (၁၉) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ ထုတ်ပြန်ထားသည်။  စစ်ကောင်စီ၏ ခမရ (၄၃၄) တပ်ရင်းအား ဧပြီလ (၂၅) ရက်နေ့က တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲ ဝင်လျက်ရှိပြီး သိမ်းပိုက်နိုင်ခဲ့သည်။ (more…)
Read More
မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ RNA_ဧပြီ(၂၅)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အဖွဲ့ဝင်များ မုံရွာမြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာအတွင်းရှိ စာသင်ကျောင်းအတွင်း မူးယစ်သောက်စား သေနတ်ဖောက်ရမ်းကားမှုအတွင်း အသက် (၂၄) နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များသည် မော်တော်ယာဉ် (၉) စီး၊ ဆိုင်ကယ် (၆) စီးဖြင့် အင်အား ၁၀၀ ခန့်ပါယာဉ်တန်းဖြင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာမှ NUG ပညာရေးဝန်ကြီးဌာအောက်ရှိ စာသင်ကျောင်းအတွင်း…
Read More
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် -AA မှ ကူညီနေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်တိုက်မည်

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် -AA မှ ကူညီနေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်တိုက်မည်

RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။ ချင်းပြည်နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းကာကွယ်ရေးတပ်များနှင့် မဟာမိတ် များပူးပေါင်းဆင်နွှဲနေရာတွင် အစစအရာရာ ကူညီပေးသော အာရက္ခတပ်တော် -AA ကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်ပြီး ဆက်လက်တိုက်ခိုက်မည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်နှင့်မဟာမိတ်များက ထုတ်ပြန်ပြောကြားထားသည်။ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းငယ်ပြန်ဆုတ်ခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့မှာ စစ်ဆင်ရေးပြန်စပြီး ကျင်ဒွေးမြို့နှင့် (၁) ကီလိုမီတာအထိ ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်နေ့အထိ ဆက်လက်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီဘက်မှလည်း လေကြောင်းပစ်ကူများ အဆမတန်…
Read More
မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလန်ကိုင်းကျေးရွာအနီးနှင့် ကျောက်မဏ္ဍပ် (ဝါးရင်းချိုင်ကျေးရွာနှင့် ကမ်းပါးဖြူကျေးရွာကြား) တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ (၅) ဦးသေပြီး ၆ ဦးအရှင်ဖမ်းဆီးရမိကြောင်း မြိုင် ပကဖ ထံမှ သိရသည်။ မြိုင်မြို့ စက်မှု (၂) မှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တို့က ဖလန်းကိုင်းရွာရောက်ရှိချိန် တော်လှန်ရေးအင်အားစုများက ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးကြောင်း၊ တိုက်ပွဲများသည် ဧပြီလ ၂၂ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကျောက်မဏ္ဍပ်အနီးတွင်လည်း သင်္ကာမကင်းဖွယ် လက်နက်ကိုင် ၆ ဦးတွေ့ရှိသည့်အတွက် ပစ်ရာ ဖလန်ကိုင်းရေနံမြေမှ…
Read More
စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့ “အောင်ဇေယျ” ဦးကျိုးသွားသောအခါ

စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့ “အောင်ဇေယျ” ဦးကျိုးသွားသောအခါ

"အောင်ဇေယျ စစ်ကြောင်းဆိုတာဟာ စစ်တပ်ရဲ့ နောက်ဆုံးရှိသမျှအင်အားတွေအားလုံးထုတ်နှုတ်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတစ်ခုလို့ဆိုနိုင်ပြီး ဒီစစ်ကြောင်းသာ ဒေါနတောင်ခြေမှာ ကျရှုံးခဲ့မယ်ဆိုရင် စစ်တပ်အနေဖြင့် နောက်ထပ် ထိုးစရာတပ်အင်အားတွေမရှိတော့ဘဲ ဆက်တိုက်ဆိုသလိုတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကို ခါးစည်းခံရမှာသေချာပါတယ်" ချမ်းမင်း နိုင်ငံတော်အဆင့် "အောင်ဇေယျ" စစ်ကြောင်းဆိုတဲ့ ဒီစကားကို အခုရက်ပိုင်းအတွင်း တပ်ထောက်ခံသူတွေနဲ့ စစ်တပ်လော်ဘီ မီဒီယာကြားမှာ ခေတ်စားနေပြီး တွင်တွင်ကျယ်ကျယ်ပြောဆိုနေကြတဲ့ အကြောင်းအရာတခုပဲ ဖြစ်ပါတယ်။ ဒီ “အောင်ဇေယျ" စစ်ဆင်ရေး စစ်ကြောင်းနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ဧပြီလ ၆ ရက်နေ့က KNU တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ သင်္ကန်းညီနောင်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိ ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦးနှင့် မှီခိုအိမ်ထောင်…
Read More
မြို့ပြ UG  (သို့မဟုတ်) အညတရ စစ်သည်တော်

မြို့ပြ UG  (သို့မဟုတ်) အညတရ စစ်သည်တော်

"ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကိုတောင် မသိတော့အောင် ကြိုးကြိုးစားစားမေ့နေရတဲ့ UG တစ်ယောက်ရဲ့ဘ၀အတွက် တချို့သောအမှတ်တရဆိုတာတွေဟာ အိမ်မက်သာသာလေးပါပဲ" ကေဂျီ ချေဂွေဗားရားပြောခဲ့သလို  မတရားမှုတွေဟာ ဥပဒေဖြစ်လာတဲ့အခါ ခုခံတော်လှန်ခြင်းဟာ တာဝန်ဝတ္တရားဖြစ်လာခဲ့တယ်။ မြို့ပြရဲ့ ပုံမှန်ဘဝတွေထဲမှာ အသားကျစီးမျောပါဝင်ဖို့ကြိုးစားရင်း ကျွန်တော်တို့ဟာ မေတ္တာတရားကို ပဝါပါးခြားထားပြီး ပြစ်ဒဏ်စီရင်ပေးရတဲ့ လောကပါလစောင့်သိသူတွေ ဖြစ်လာတယ်။ အချိန်တွေ ပိုကြာလာလေ မိသားစုနဲ့ အမေ့ရဲ့အိမ်ကို ပိုလွမ်းတတ်လာသလို နောက်ထပ် မစ်ရှင်တွေ (Missions) ထိထိရောက်ရောက်ဖြစ်စေဖို့အတွက် စနစ်တကျ ပိုပြီးကြံစည်တတ်လာခဲ့ပြီ။ နေ့လား ညလားခွဲခြားမထားနိုင်ပေမယ့် နိုးထသင့်တဲ့ အချိန်အခါတိုင်းမှာ ကိုယ့်နာမည်နဲ့ ဘဝပုံစံ (Lifestyle) ကို ပြန်ရှာစရာမလိုတော့အောင် ဦးနှောက်မှာ ကိုယ်ရေးအကျဥ်း (Profile) အထပ်ထပ်အစီအရီ ထားတတ်လာခဲ့ပြီ။ တရားစခန်းဝင်စရာမလိုလောက်တော့အောင် နေ သတိ၊…
Read More
တော်လှန်ရေးအောင်မြင်မှုများ ထွက်ပေါ်လာမယ့် ၂၀၂၄

တော်လှန်ရေးအောင်မြင်မှုများ ထွက်ပေါ်လာမယ့် ၂၀၂၄

"၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအခြေအနေတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်များဟာ စစ်မာန်စွယ်ကျိုးကာ ရေရှည်တိုက်ပွဲဝင်ရဲတဲ့ တပ်သားအင်အားဟာ အင်မတန်ကို ရှားပါးနေပြီဆိုတာကို အထင်းသားတွေ့မြင်ရပါတယ်။ တစ်ဖက်မှာလဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအားကောင်းလာမှုဟာ ၁၀၂၇ စစ်ဆင်ရေးမစတင်မှီနဲ့ စတင်ပြီး ကာလအပိုင်းအခြားလေး တစ်ခုအတွင်းမှာပဲ ကွာခြားချက် ကြီးကြီးမားမားဖြစ်ပေါ်လာခဲ့ပြီး အင်မတန်မှ အားကောင်းနေတာကို တွေ့မြင်နေကြရ" ကေဂျီ  ၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်းမှာ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG လက်အောက်ခံ PDF တပ်ဖွဲ့များရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေဟာ နည်းဗျူဟာကျကျ ပြင်းထန်အားကောင်းပြီး ထိထိမိမိရှိလာတာကို တွေ့မြင်ရပါတယ်။နွေဦးတော်လှန်ရေး ၃ နှစ်တာကာလတလျှောက် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးပိုင်း တိုးတက်မှုကို အားရကျေနပ်လောက်စရာ တွေ့မြင်လာရတဲ့ နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။  စစ်အာဏာရှင်လက်ကိုင်တုတ် ကမ္ဘာ့အဆင့်…
Read More
ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနေအိမ်က ကော်စေ့သေနတ် (ပစ္စတိုအတု)ပါ သိမ်းဆည်းရမိ

ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနေအိမ်က ကော်စေ့သေနတ် (ပစ္စတိုအတု)ပါ သိမ်းဆည်းရမိ

RNA_ဧပြီ(၁၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်း၊ ဖန်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ခင်မောင်အေးနေအိမ်အနီးတွင် ပစ်ခတ်ရှင်းလင်းခံရပြီး နေအိမ်မှပစ္စည်းများ သိမ်းဆည်းရမိသည့်အထဲတွင် ကော်စေ့သေနတ် (ပစ္စတိုအတု) အပါအဝင် ယူနီဖောင်းများ၊ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်နှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ ခင်မောင်အေးမှာ ဧပြီလ ၁၇ ရက်နေ့က နေအိမ်အနီး ရှင်းလင်းခံခဲ့ရပြီး နေအိမ်မှ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်၊ ပစ္စတိုအတု ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ၉မမ ကျည် ၄ တောင့်၊ စစ်ဝတ်စုံ ၁၁…
Read More
သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂၁) ဦးသေဆုံး

သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂၁) ဦးသေဆုံး

RNA_ဧပြီ(၁၇)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၂၁) လောင်းနှင့် လက်နက်ငယ် (၄၀)ကျော်၊ ၆၀မမ (၂)လတ်၊ Drone Jammar (၁)ခု၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များသည် ဧပြီလ (၁၅) ရက်နေ့က သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး (၂၀) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More