အမှတ် (၂) စစ်ဒေသခွဲ

ခမရ – ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ခန့်သေဆုံး

ခမရ – ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ခန့်သေဆုံး

RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ဦးသေဆုံးပြီး၊ လက်နက်မျိုးစုံ (၈၃) လက်၊ ဂျန်မာစက် (၃) လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ NUG/MOD၊ PDF၊ တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေ နှင့် အမှတ် (၂) စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်အတွင်း KNU တပ်မဟာ(၃) ၏ ပူးပေါင်းပါဝင်မှုဖြင့် ခမရ - ၅၉၈ တပ်ရင်းဌာနချုပ်ကို မေလ (၈) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၆)ဦးနှင့် မိသားစုဝင် (၇) ဦးဖမ်းဆီးထိန်းသိမ်းရမိကြောင်း၊ တိုက်ပွဲအတွင်းမှ တပ်ရင်းမှူးအပါအဝင်…
Read More
လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁) ဦးအပါအဝင် (၁၆) ဦး လက်နက်ချအလင်းဝင်

လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁) ဦးအပါအဝင် (၁၆) ဦး လက်နက်ချအလင်းဝင်

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ ဖာပွန် - ဘီးလင်း ကားလမ်းမအနီးရှိ စစ်ကောင်စီ၏ လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁)ဦး အပါအဝင် တပ်ဖွဲ့ဝင် (၁၆)ဦးသည် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနှင့် ချိတ်ဆက်ကာ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ ဇန်နဝါရီလ (၇)ရက်နေ့က လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်။ (more…)
Read More
ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။  ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၃၄)၊ ရဲစခန်းနှင့် ကာကင်းစခန်း၊ ခလရ (၁၉) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ ထုတ်ပြန်ထားသည်။  စစ်ကောင်စီ၏ ခမရ (၄၃၄) တပ်ရင်းအား ဧပြီလ (၂၅) ရက်နေ့က တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲ ဝင်လျက်ရှိပြီး သိမ်းပိုက်နိုင်ခဲ့သည်။ (more…)
Read More