အညတရစစ်သည်တော်

မြို့ပြ UG  (သို့မဟုတ်) အညတရ စစ်သည်တော်

မြို့ပြ UG  (သို့မဟုတ်) အညတရ စစ်သည်တော်

"ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကိုတောင် မသိတော့အောင် ကြိုးကြိုးစားစားမေ့နေရတဲ့ UG တစ်ယောက်ရဲ့ဘ၀အတွက် တချို့သောအမှတ်တရဆိုတာတွေဟာ အိမ်မက်သာသာလေးပါပဲ" ကေဂျီ ချေဂွေဗားရားပြောခဲ့သလို  မတရားမှုတွေဟာ ဥပဒေဖြစ်လာတဲ့အခါ ခုခံတော်လှန်ခြင်းဟာ တာဝန်ဝတ္တရားဖြစ်လာခဲ့တယ်။ မြို့ပြရဲ့ ပုံမှန်ဘဝတွေထဲမှာ အသားကျစီးမျောပါဝင်ဖို့ကြိုးစားရင်း ကျွန်တော်တို့ဟာ မေတ္တာတရားကို ပဝါပါးခြားထားပြီး ပြစ်ဒဏ်စီရင်ပေးရတဲ့ လောကပါလစောင့်သိသူတွေ ဖြစ်လာတယ်။ အချိန်တွေ ပိုကြာလာလေ မိသားစုနဲ့ အမေ့ရဲ့အိမ်ကို ပိုလွမ်းတတ်လာသလို နောက်ထပ် မစ်ရှင်တွေ (Missions) ထိထိရောက်ရောက်ဖြစ်စေဖို့အတွက် စနစ်တကျ ပိုပြီးကြံစည်တတ်လာခဲ့ပြီ။ နေ့လား ညလားခွဲခြားမထားနိုင်ပေမယ့် နိုးထသင့်တဲ့ အချိန်အခါတိုင်းမှာ ကိုယ့်နာမည်နဲ့ ဘဝပုံစံ (Lifestyle) ကို ပြန်ရှာစရာမလိုတော့အောင် ဦးနှောက်မှာ ကိုယ်ရေးအကျဥ်း (Profile) အထပ်ထပ်အစီအရီ ထားတတ်လာခဲ့ပြီ။ တရားစခန်းဝင်စရာမလိုလောက်တော့အောင် နေ သတိ၊…
Read More