နွေဦးတော်လှန်ရေး

ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများအတွက် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) သင်တန်းဆင်း

ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများအတွက် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) သင်တန်းဆင်း

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၅ခုနှစ်။ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။ NUG/MOD - PDF တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ အပတ်စဥ် (၇)၊ အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် KNLA နည်းပြများ၊ SOF သင်တန်းနည်းပြများနှင့် US မရိမ်းသင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား)များ၏ နည်းစနစ်များ၊ လမ်းညွှန်ကွပ်ကဲမှုများဖြင့် လက်တွေ့ပစ်ခတ်မှုအများဆုံးနှင့် အကောင်းဆုံး ၄လခွဲကြာ လေ့ကျင့်ခဲ့ကြသော အထူးတပ်ဖွဲ့ဝင်များအဖြစ် မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု SOF ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ ခုနှစ်။   မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ အာဏာသိမ်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ္ဘာကျော် သံပုံးတီးကမ်ပိန်းပြုလုပ်ခဲ့သလို စစ်ကောင်စီဖွဲ့စည်းခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်ချက်များပြုလုပ်ခဲ့သည်တို့ကို တင်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA
Read More
စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တနေရာတွင်၊ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုများ၊ PDF ရဲဘော်များ၊ ကျောင်းသူ ကျောင်းသားများ၊ ဒေသခံပြည်သူများပါဝင်သော စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေး (၄) နှစ်ပြည် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ (more…)
Read More
နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းအား အပြည့်အစုံဖော်ပြလိုက်ပါသည်။ #rednewsagency #rednews #rna #myanmar #revolution #burma
Read More
အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှုပြုလုပ်

အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှုပြုလုပ်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ မတရားဖမ်းဆီးမှုများကြောင့် အကျဉ်းထောက်အသီးသီးတွင် အမျိုးသမီး အကျဉ်းသူ (၅၀၀၀) ကျော်အပါအဝင် အကျဉ်းသားများ အားလုံးလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ပြုလုပ်နေကြောင်း သိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူများကို လက်နက်အားကိုဖြင့် အကြမ်းဖက်ဖြိုခွင်းပြီး ကလေးငယ်များအပါအဝင် အမျိုးသမီးများ၊ အမျိုးသားများ၊ သက်ကြီးရွယ်အိုများကိုဖမ်းဆီးထောင်ချမှုအပါအဝင် လမ်းမပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်တပ်အာဏာသိမ်းမှုသည် (၄) နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ (more…)
Read More
တိုက်ပွဲပြန်အောင်ပွဲရ ရဲဘော်များကို အညာလူထုက ဝမ်းသာအားရကြိုဆို

တိုက်ပွဲပြန်အောင်ပွဲရ ရဲဘော်များကို အညာလူထုက ဝမ်းသာအားရကြိုဆို

RNA_ဇန်နဝါရီ(၂၄)၊၂၀၂၅ခုနှစ်။ တိုက်ပွဲပြန် အောင်ပွဲရ Burma Liberation Democratic Front - BLDF ရဲဘော်များကို အညာလူထုမှ ဝမ်းသာအားရကြိုဆိုခဲ့ပြီး ဂုဏ်ပြုနေ့လယ်စားပါ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။ (more…)
Read More
တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်မည်

တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်မည်

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။   NUG အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားချုပ်နှောင်ခံရသူများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး ထပ်မံတောင်းဆိုထားပြီး၊ ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်ရန် ဆောင်ရွက်သွားမည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားချင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားထားမှုအားကောက်နုတ်တင်ပြအပ်ပါသည်။ (more…)
Read More
တိုက်ပွဲအတွင်း မိုးကုတ်ဗျူးဟာမှ ရဲဘော်အိုက်ပီး မြင့်မြတ်စွာကျဆုံး

တိုက်ပွဲအတွင်း မိုးကုတ်ဗျူးဟာမှ ရဲဘော်အိုက်ပီး မြင့်မြတ်စွာကျဆုံး

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ (၇) မိုင်တွင် ကုတ်ဗျူဟာအပါအဝင် အခြားမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်နှင့် ဇန်နဝါရီလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မိုးကုတ်ဗျူဟာမှ ရဲဘော်အိုက်ပီး မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။ #RedNewsAgency #REDNEWS #RNA
Read More
ပုသိမ်-မုံရွာကားလမ်းအပိုင်း PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးမှုများ

ပုသိမ်-မုံရွာကားလမ်းအပိုင်း PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးမှုများ

RNA_ဇန်နဝါရီ(၁၃)၊၂၀၂၅ ခုနှစ်။ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းပိုင်းတွင် အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များက ယာဉ်သွားယာဉ်လာ စစ်ဆေးခြင်းနှင့် လမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုများကို ဇန်နဝါရီလ (၁၂) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။   #RedNewsAgency #REDNEWS #RNA
Read More
စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရဟု PSLF/TNLA သုံးသပ်

စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရဟု PSLF/TNLA သုံးသပ်

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်နေသော မြန်မာစစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/ TNLA နှစ်ပတ်လည် အစည်းအဝေးက ရှုမြင်သုံးသပ်ထားသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/ TNLA နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီများ၊ လုပ်ငန်းဌာနမှူးများ၊ တပ်မှူးများ၊ ခရိုင်မှူးများနှင့် ဖိတ်ကြားထားသော အရာရှိ အရာခံများပါအဝင် (၁၇၃) ဦးဖြင့် ဇန်နဝါရီလ ၃ ရက်မှ ၇ ရက်နေ့အထိ တအာင်းပြည်ရှိ PSLF ယာယီဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။ (more…)
Read More