နွေဦးတော်လှန်ရေး

မပေါက်ကွဲဘဲကျန်ရှိသည့် စစ်အုပ်စု၏ ပေါင် (၅၀၀)ဗုံးဖြင့် စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်

မပေါက်ကွဲဘဲကျန်ရှိသည့် စစ်အုပ်စု၏ ပေါင် (၅၀၀)ဗုံးဖြင့် စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း ပေါက်မြို့နယ်တနေရာ၌ စစ်အုပ်စုဗုံးကြဲတိုက်ခိုက်ချိန် မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည့် ပေါင် (၅၀၀)ဗုံးဖြင့် စစ်အုပ်စုစစ်ကြောင်းကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အညာတမာစစ်ဆင်ရေး အင်အားစုများက စက်တင်ဘာ (၁၈) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်အုပ်စု၏ ပေါင် (၅၀၀) ဗုံးအား အညာတမာ စစ်ဆင်ရေးအင်အားစုများက မိုင်းပြန်တပ်ဆင်ခဲ့ပြီးနောက် စစ်အုပ်စုစစ်ကြောင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
(၂) နှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း (၅၀၀) ကျော်ရှိဟု NUG MOD ထုတ်ပြန်

(၂) နှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း (၅၀၀) ကျော်ရှိဟု NUG MOD ထုတ်ပြန်

RNA_စက်တင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။ နိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲများအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်းပေါင်း (၅၃၆) ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ (စက်တင်ဘာ ၁၈ ရက်) ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ (၂) နှစ်တာကာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃၈၇၄) ဦးရှိကြောင်း၊ စစ်အုပ်စုတပ်ရင်းစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးလားသူ (၂၀၀၀၀) ခန့်ရှိကြောင်း NUG MOD က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်း (၂) နှစ်တာကာလအတွင်း စစ်အုပ်စုဘက်မှ သေဆုံးသူ (၂၀၃၈၃) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၉၇၉၂) ဦးရှိကြောင်း…
Read More
စစ်အုပ်စု အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် KNDF ရဲဘော် (၅) ဦး ကျဆုံး

စစ်အုပ်စု အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် KNDF ရဲဘော် (၅) ဦး ကျဆုံး

RNA_စက်တင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။ ကရင်နီပြည်နယ် ဖရူမြို့နယ် မိုဆိုရွာအနီး၌ ကင်းစောင့်နေသည့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲဘော် (၅) ဦး အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကျဆုံးသွားကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။ စက်တင်ဘာ (၁၇) ရက် နေ့လည်ပိုင်းက မိုဆိုရွာအနီး၌ စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်ချိန် အနီးဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရပြီး သေဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးကြောင်း IEC အတွင်းရေးမှူး (၂) ကိုဗညားက Red News Agency ကို ပြောသည်။ “ကျွန်တော် သိရသလောက်ကတော့ မနေ့က ဖြစ်တာ ဟုတ်ပါတယ်။ ရဲဘော် (၅) ဦး ကျဆုံးသွားတာ ဟုတ်ပါတယ်။…
Read More
ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများ၊ သင်္ဘောအစီး (၂၀) ခန့် ဖျက်ဆီးနိုင်ခဲ့ဟု KIA ပြော

ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများ၊ သင်္ဘောအစီး (၂၀) ခန့် ဖျက်ဆီးနိုင်ခဲ့ဟု KIA ပြော

RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။ ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် စစ်အုပ်စုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ထောက်ပို့သင်္ဘော အစီး (၂၀) ခန့်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက စက်တင်ဘာ (၁၆) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ရွှေကူမြို့နယ်မှ ဗန်းမော်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုသင်္ဘောများကို KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ယခု စက်တင်ဘာလအတွင်း စစ်အုပ်စု သင်္ဘော စုစုပေါင်း (၂၀) ခန့် ပျက်စီးခဲ့ကြောင်း KIA က ဆိုသည်။ စက်တင်ဘာ (၁၆) ရက် နံနက်ပိုင်းကလည်း ရွှေကူမှ တက်လာသည့် စစ်အုပ်စုထောက်ပို့သင်္ဘော…
Read More
စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ဝတ်မှုန်ရွှေရည်၏ဓာတ်ပုံများကို Vogue Thailand မှ ပြန်လည်ဖယ်ရှား

စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ဝတ်မှုန်ရွှေရည်၏ဓာတ်ပုံများကို Vogue Thailand မှ ပြန်လည်ဖယ်ရှား

RNA_စက်တင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။ အာဏာသိမ်းစစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် မြန်မာအမျိုးသမီးသရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ ဓာတ်ပုံများကို Vogue Thailand ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် စက်တင်ဘာ (၁၅) ရက်၌ဖော်ပြခဲ့ပြီး တစ်ရက်အကြာ ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် ပြန်လည်ဖယ်ရှားလိုက်ကြောင်း သိရသည်။ ဝတ်မှုန်ရွှေရည်၏ အမျိုးသားဖြစ်သူ နိုင်ဖြိုးကျော်(ခ)အဲရစ်ယန်သည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် ပါဝင်ကူညီထောက်ပံ့ပေးနေသူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်၏ Seventh Sense Creation ကုမ္ပဏီကိုလည်း ပူးတွဲတည်ထောင်ထားသူတစ်ဦးဖြစ်သည်။ ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များ၌ လိုက်ပါသွားရသည့် စီးပွားရေးလုပ်ငန်းရှင် ခရိုနီများထဲတွင် နိုင်ဖြိုးကျော်လည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ခင်သီရိသက်မွန်နှင့်လည်း ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းများ၌လည်း အတူပူးတွဲလုပ်ကိုင်နေကြောင်း…
Read More
🔴 စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် ခူဦးရယ်တိုက်တွန်း | UN မှာဦးကျော်မိုးထွန်းမိန့်ခွန်းပြော

🔴 စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် ခူဦးရယ်တိုက်တွန်း | UN မှာဦးကျော်မိုးထွန်းမိန့်ခွန်းပြော

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂညီလာခံ၌ ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားခဲ့တယ်ဆိုတဲ့သတင်း၊ မင်းတုန်းမြို့နယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့အတွက် ကလေး (၄) ဦးအပါအဝင် (၆) ဦး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထုတ်ပြန်ချက်တွေနဲ့ တုံ့ပြန်မှုထက်ကျော်လွန်ပြီး စစ်အုပ်စုကို ထိရောက်စွာအရေးယူရန် SCEF သဘာပတိ ခူဦးရယ် တိုက်တွန်းလိုက်တဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/bJWJcU8-jQA?si=IQQJSipqM5PUOHFq Red News Agency, Red News, RNA
Read More
မင်းတုန်းမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံး

မင်းတုန်းမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံး

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သရက်ခရိုင် အမှတ် (၄) တပ်ရင်းက စက်တင်ဘာ (၁၄) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ စက်တင်ဘာ (၁၃) ရက် ညနေ (၄) နာရီ (၄၀) မိနစ်ဝန်းကျင်က သရက်မြို့အခြေစိုက် စစ်အုပ်စု အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) မှတက်လာသည့် ပါရာမော်တာ စက်တပ်လေထီး (၃) စီးဖြင့် မင်းတုန်းမြို့အနောက်ဘက်ရှိ ဇွန်းကျရွာကို ဗုံး…
Read More
🔴 [UPDATE] ရခိုင်စစ်ဘေးရှောင်အတွက် Silent Message ဓာတ်ပုံပြပွဲ ၊ AA ထိန်းချုပ်ဒေသ တိုက်ခိုက်ခံနေရ

🔴 [UPDATE] ရခိုင်စစ်ဘေးရှောင်အတွက် Silent Message ဓာတ်ပုံပြပွဲ ၊ AA ထိန်းချုပ်ဒေသ တိုက်ခိုက်ခံနေရ

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ ရခိုင်စစ်ဘေးရှောင်များအတွက် Silent Message အမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲ မဲဆောက်မှာပြုလုပ်နေတဲ့သတင်း၊ လက်နက်နှင့် ပိုက်ဆံများယူဆောင်ပြီး မြင်းမူ တိုက်နယ်ပကဖ တာဝန်ခံမြတ်စိုး တစ်ဖက်အဖွဲ့အစည်းထံ ဘက်ပြောင်းသွားတယ်ဆိုတဲ့သတင်း၊ AA ထိန်းချုပ်ဒေသများကို ဝေဟင်မှ အင်အားသုံးမှုများ အရှိန်မြှင့်လုပ်ဆောင်နေတဲ့အတွက် နေ့စဉ်နီးပါး အရပ်သားပြည်သူများ ထိခိုက်မှုရှိနေတယ်ဆိုတဲ့သတင်း၊ မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းက မောင်ကြီးမင်းမင်း(ခ) မင်းမင်း ဘက်ပြောင်းသွားတယ်ဆိုတဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ https://youtu.be/wYC434mZjX0?si=ubf5TvkMvIr7llk_ Red News Agency , Red News ,…
Read More
လက်နက်နှင့် ပိုက်ဆံများယူဆောင်ကာ မြင်းမူ တိုက်နယ်ပကဖတာဝန်ခံမြတ်စိုး စစ်အုပ်စုဘက်ပြောင်း

လက်နက်နှင့် ပိုက်ဆံများယူဆောင်ကာ မြင်းမူ တိုက်နယ်ပကဖတာဝန်ခံမြတ်စိုး စစ်အုပ်စုဘက်ပြောင်း

RNA_စက်တင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုံညင်းဆိပ်တိုက်နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ မြတ်စိုးသည် သေနတ် (၁၀) လက်နှင့် ပကဖအဖွဲ့၏ ရန်ပုံငွေများကိုယူဆောင်ကာ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုပြောသည်။ တိုက်နယ် ပကဖတာဝန်ံခံဖြစ်သူ မြတ်စိုးသည် စက်တင်ဘာ (၁၃) ရက် နံနက်ပိုင်းက စစ်အုပ်စုနှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရပြီး တိုက်နယ်ပကဖအဖွဲ့၏ ရန်ပုံငွေများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။ (more…)
Read More
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီဆုကို မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားသူများရရှိ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီဆုကို မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားသူများရရှိ

RNA_စက်တင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။ စစ်အာဏာရှင်၏ ဖိနှိပ်ချုပ်ခြယ် ကန့်သတ်မှုများကို သပိတ်အဖွဲ့များဖြင့် ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန်နေသည့် ဒီမိုကရေစီလှုပ်ရှားသူများကို အမေရိကန်အခြေစိုက် National Endowment for Democracy (NED) က “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ဒီမိုကရေစီဆု ချီးမြှင့်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၁ ရက်) ထုတ်ပြန်ထားသည်။ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့အတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသူများနှင့် အဖွဲ့အစည်းများကို NED က ၁၉၈၃ ခုနှစ်ကတည်းက နှစ်စဉ်ဆုချီးမြှင့်နေခြင်းလည်း ဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom for Expression) ဆုကို မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများမှ ရရှိခဲ့ခြင်းဖြစ်ကာ ကိုနန်းလင်းက အွန်လိုင်းမှတဆင့် ကိုယ်စားလက်ခံရယူခဲ့ခြင်း…
Read More