ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနေအိမ်က ကော်စေ့သေနတ် (ပစ္စတိုအတု)ပါ သိမ်းဆည်းရမိ

RNA_ဧပြီ(၁၉)၊၂၀၂၄ ခုနှစ်။
 
မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်း၊ ဖန်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ခင်မောင်အေးနေအိမ်အနီးတွင် ပစ်ခတ်ရှင်းလင်းခံရပြီး နေအိမ်မှပစ္စည်းများ သိမ်းဆည်းရမိသည့်အထဲတွင် ကော်စေ့သေနတ် (ပစ္စတိုအတု) အပါအဝင် ယူနီဖောင်းများ၊ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်နှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ ခင်မောင်အေးမှာ ဧပြီလ ၁၇ ရက်နေ့က နေအိမ်အနီး ရှင်းလင်းခံခဲ့ရပြီး နေအိမ်မှ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်၊ ပစ္စတိုအတု ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ၉မမ ကျည် ၄ တောင့်၊ စစ်ဝတ်စုံ ၁၁ စုံ၊ အီကွေးမန့် ၇ စုံ၊ စစ်ဖိနပ် ၅ ရန်၊ ကျောပိုးအိတ် ၁ လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းမစ်ရှင်အား နတ်မောက်ပကဖ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့၊ မြို့သစ်ပကဖ၊ ငါးပြေမပြောက်ကြားတပ်ဖွဲ့၊ Aung San’s land၊ တပ်ရင်း(၉၀၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု People’s Defence Organization – Natmauk ကထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor